Tuesday, January 7, 2025

ရွှေပြည်သာ (၅) ရပ်ကွက် သီရိမင်္ဂလာပတ်လမ်းတွင်...

ယနေ့ ဇန်နဝါရီလ (၇) ရက် နံနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ယနေ့နံနက်...

၀န်ကြီးချုပ်ရာထူး ပြန်ယူရန်မရှိဟု သက်ဆင် ပြောကြား

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက သူသည် ဝန်ကြီးချုပ်ရာထူးကို ပြန်ယူမည်မဟုတ်သကဲ့သို့ ပြန်ယူရန်ဆန္ဒလည်းမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ယင်းအစား သမီးဖြစ်သူ၏ နိုင်ငံရေးအသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပံ့ပိုးကူညီရန်နှင့် ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓါတ်အားခ...

ဆောင်းမုတ်သုံလေအားကောင်းလာမှုနှင့်အတူ အရှေ့လေပြင်းတိုက်ခတ်မှုများအပါအဝင် ဆောင်းရာသီမိုးလေဝသဖြစ်စဥ်များကို အသိ...

ဆောင်းရာသီကာလဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ဆောင်းမုတ်သုံလေအား ကောင်းလာမှုနှင့်အတူ အရှေ့လေပြင်းတိုက်ခတ်မှုများအပါအဝင် ဆောင်းရာသီမိုးလေဝသဖြစ်စဥ်များကို မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ ၅ ရက်က ဆောင်းရာသီကာ...

မြန်မာနိုင်ငံကူးလက်မှတ်အတု(၇၃၄)အုပ်ပြုလုပ် ၍ နိုင်ငံနှစ်ခုသို့ တရားမဝင်အလုပ်သမားများပို့...

မြန်မာနိုင်ငံကူးလက်မှတ်အတု(၇၃၄)အုပ်ပြုလုပ် ၍ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့ တရားမဝင်အလုပ်သမားများပို့ဆောင်ခဲ့သူ(၈)ဦးကိုဖမ်း ဆီးရမိခဲ့ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)မြန်မာ- ထိုင်း ချစ်ကြည်ရေးတံတားမှ...
HomeNewsFootballအသက် (၁၅)နှစ်အောက် လူငယ်ဘောလုံးလိဂ်...

အသက် (၁၅)နှစ်အောက် လူငယ်ဘောလုံးလိဂ် Week -1 အပြီး အဆင့်ရပ်တည်မှုများ MFF ထုတ်ပြန်

အသင်းပေါင်း (၁၂)သင်း ဝင်ရောက်ယှဉ်ပြိုင်နေသည့် FIFA -MFF U15 Boys League 2024-2025 Week-1 ပွဲစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်ရာ အသင်းအလိုက် အဆင့်ရပ်တည်မှုစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

အသင်းအလိုက် ရပ်တည်မှုအရ Royal Yangon FC က အဆင့်(၁)၊ Golden Light United FC က အဆင့်(၂)၊ Burmese Youth FC က အဆင့်(၃)၊ Shwe Phi Thar FC က အ ဆင့်(၄)၊ Mar Rein FCက အဆင့်(၅)ဖြင့် အသီးသီး ရပ်တည်နေကြသည်။

ထို့အတူ Yangon Focus FC၊ Southern Yangon Star FC၊ Artharwady FC၊ Mingalardon City FC၊ Yangon Taung zalatt FC၊ Mya Thida FC၊ The Honour FC တို့မှာ အဆင့်(၆)မှ (၁၂)အထိ အစဉ်လိုက် အသီးသီး ရပ်တည်နေကြကြောင်း သိရသည်။

အဆိုပါ အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးလိဂ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၈)ရက်စတင် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကာ လက်ရှိတွင် Week-1 ပွဲစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်ပြီး Week -2 ပွဲစဉ်ကျင်းပမည့် ရက်ကို အဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားခြင်းမရှိသေးပေ။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာရေး၊ ပြည်တွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင်မြင်မှု ရရှိရေးအတွက် ရည်ရွယ်၍ ဖီဖာလမ်းညွှန်ချက်များနှင့်အညီ နှစ်စဉ် ကျင်းပပေးလျက်ရှိကြောင်း အဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေပြည်သာ (၅) ရပ်ကွက် သီရိမင်္ဂလာပတ်လမ်းတွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွား

ယနေ့ ဇန်နဝါရီလ (၇) ရက် နံနက်အစောပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းတွင် Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။ ယနေ့နံနက် (၄) နာရီ (၅၀) မိနစ်ဝန်းကျင်က သီရိမင်္ဂလာပတ်လမ်းရှိ လူနေအဆောင်မှ မီးစတင်လောင်ကျွမ်းသည်ဟု ကနဦး သိရပြီး အဆိုပါ မီးလောင်ကျွမ်းမှုကို Level 1 အဆ င့် ယာဉ်အုပ်စု ထွက်ခွာကာ အချိန် (၂) နာရီ နီးပါး ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ " မွန်မလေး ဆိုင်အနောက်က အဆောင်က...

၀န်ကြီးချုပ်ရာထူး ပြန်ယူရန်မရှိဟု သက်ဆင် ပြောကြား

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက သူသည် ဝန်ကြီးချုပ်ရာထူးကို ပြန်ယူမည်မဟုတ်သကဲ့သို့ ပြန်ယူရန်ဆန္ဒလည်းမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ယင်းအစား သမီးဖြစ်သူ၏ နိုင်ငံရေးအသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပံ့ပိုးကူညီရန်နှင့် ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ဓါတ်အားခ တစ်ယူနစ် ဘတ် ၃.၇၀ သို့ လျှော့ချရေး ကတိကဝတ်ပြုနိုင်ရေးအပါအဝင် ထိုင်းနိုင်ငံသားများ လူနေမှုအဆင့်အတန်းတိုးတက်မြင့်မားရေးကို ကူညီဆောင်ရွက်သွားရန် အာရုံစိုက်မှာဖြစ်ကြောင်း ဆိုခဲ့သည်။ Party forThailand ဟူသော ခေါင်းစည်းစားတမ်းအောက်တွင် ချင်းရိုင်ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနေရာအတွက် ဝင်ရောက်အရွေးခံနေသည့် မစ္စ Salakjit Tiyapairat အတွက် ဒေသတွင်း မဲဆွယ်စည်းရုံးပွဲတစ်ခု၌ သက်ဆင်က မိန့်ခွန်းပြောကြားခဲ့ရာ၌ နိုင်ငံတော်၏ များပြားလှသော...

ဆောင်းမုတ်သုံလေအားကောင်းလာမှုနှင့်အတူ အရှေ့လေပြင်းတိုက်ခတ်မှုများအပါအဝင် ဆောင်းရာသီမိုးလေဝသဖြစ်စဥ်များကို အသိ ပေး

ဆောင်းရာသီကာလဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် ဆောင်းမုတ်သုံလေအား ကောင်းလာမှုနှင့်အတူ အရှေ့လေပြင်းတိုက်ခတ်မှုများအပါအဝင် ဆောင်းရာသီမိုးလေဝသဖြစ်စဥ်များကို မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ ၅ ရက်က ဆောင်းရာသီကာ လတွင်ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက် (၁/၂၀၂၅)အဖြစ် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဆောင်းရာသီကာလဖြစ်သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့၌ အ ရှေ့မြောက်မုတ်သုံလေအားကောင်းမှုနှင့်အတူ ညအပူချိန်များ တဖြည်းဖြည်းကျဆင်းလာပြီး အအေးပိုခြင်း၊ လေယာဉ်ပျံများအပေါ် ရေခဲခြင်း ၊ လေထုအတွင်း နှင်းမြူများအလွန်ထူဆိုင်းခြင်းတို့ဖြစ်ပေါ်နိုင်သည်ဟု အသိပေးခဲ့သည်။ ထို့အတူ နိုင်ငံတစ်ဝှမ်းလုံးတွင် ဒေသအလိုက် နံ နက်ပိုင်းနှင့် ညနေပိုင်းတို့၌ မြူထူဆိုင်းခြင်း၊ အ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071