Wednesday, January 8, 2025

၂၀၂၄ ခုနှစ်အတွင်း မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်စာရင်းတွင်...

တိုင်းနှင့်ပြည်နယ်အလိုက် ခရိုင်ရုံးများတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်အထိ မှတ်ပုံတင်ထားသည့် အမျိုးအစားအလိုက်မော်တော်ယာဉ်စာရင်း၌ လူစီး(Passenger) EV ကားစီးရေ (၆၁၆၆)စီးပါဝင်ကြောင်း...

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့်...

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၏ (၂၀၂၄ခုနှစ်၊ ဧပြီလမှ နိုဝင်ဘာလအထိ)လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်(၇၉၀၀)ကျော်ပျက်စီးကာ ‌ေ-သဆုံး၊ ဒဏ်ရာရမှုများရှိခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍...

တာချီလိတ်မြို့တွင် လားဟူတိုင်းရင်းသားစုပေါင်း နှစ်သစ်ကူးပွဲတော်ကျင်းပ

ရှမ်း/အရှေ့ တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စု၊ လွယ်စတုံအပေါ်ရွာတွင် လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စုပေါင်းပွဲတော်ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်သည် အနယ်နယ်အရပ်ရပ်တွင် ပျံ့နှံ့နေသော လားဟူတိုင်းရင်းသားများ...

AFC Women’s Futsal Asian...

AFC Women's Futsal Asian Cup 2025 ခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်း ပဏာမ ကစားသမား ၁၇ ဦး စာရင်းကို...
HomeNewsLocal Newsအမေရိကန်ဒေါ်လာ (၂၅) သန်းနှင့်...

အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄) သန်းကျော်ဗဟိုဘဏ်ထုတ်ရောင်းခဲ့

ယခု ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၄)သန်းကျော်ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့်ဈေးနှုန်းများအရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် တစ်ဒေါ်လာ (၃၅၈၈)ကျပ်နှုန်းဖြင့် အမေရိကန်ဒေါ်လာ (၂၅) သန်း၊ ထိုင်းဘတ်ငွေလဲနှုန်း (၁၂၉ ဒသမ ၉၀) ကျပ်နှုန်းဖြင့် (၂)သန်းခွဲ ဝန်းကျင်ထပ်မံ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။

ပြင်ပငွေကြေးဈေးကွက်တွင်အမေရိကန် တစ်ဒေါ်လာ (၄၃၆၀ – ၄၄၃၀) ကျပ် ဝန်းကျင် ပေါက်ဈေးရှိပြီး ပြင်ပပေါက်ဈေးနှင့် ဗဟိုဘဏ်ပေါက်ဈေးကွာဟချက်သည် တစ်ဒေါ်လာ ကျပ် (၈၀၀) ဝန်းကျင်သာ ရှိကြောင်း သိရသည်။

” ပြီးခဲ့တဲ့နှစ်ဩဂုတ်လတုန်းက ဈေးနဲ့ယှဉ်ရင် ထက်ဝက်လောက်ဈေးကျသွားတယ်။ အတတ်အကျမရှိ ဈေးငြိမ်သွားတာပေါ့။ အရောင်းအဝယ်ကလည်း သူ့ဟာနဲ့သူတော့ဖြစ်တယ်” ဟု ငွေကြေးလဲလှယ်လုပ်ကိုင်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ထို့ပြင် ယခု၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ပြီး ပို့ကုန် သွင်းကုန်‌များ အပေါ် အခွန်ကောက်ခံရာတွင် အခွန်များကို တစ်ဒေါ်လာ (၂၁၀၀) ကျပ် နှုန်းဖြင့် တွက်ချက် ကောက်ခံခြင်း မပြုတော့ဘဲ ဈေးကွက်ပေါက်ဈေး ဗဟိုဘဏ်၏ အွန်လိုင်းပလက်ဖောင်း ဈေးနှုန်းဖြစ်သည့် (၃၅၀၀) ကျပ် ဝန်းကျင်နှုန်းဖြင့် တွက်ချက် ကောက်ခံနေကြောင်း သိရသည်။

ယင်းအပြင် တစ်ဘက်တွင်လည်း ပို့ကုန် လုပ်ငန်းရှင်များ၏ ပို့ကုန်ရငွေအနက် (၂၅) ရာခိုင်နှုန်းကို တစ်ဒေါ်လာ (၂၁၀၀) ကျပ်ဖြင့် မဖြစ်မနေ လဲလှယ်ရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

၂၀၂၄ ခုနှစ်အတွင်း မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်စာရင်းတွင် EV ကား(၆)ထောင်စီးကျော်ပါဝင်

တိုင်းနှင့်ပြည်နယ်အလိုက် ခရိုင်ရုံးများတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်အထိ မှတ်ပုံတင်ထားသည့် အမျိုးအစားအလိုက်မော်တော်ယာဉ်စာရင်း၌ လူစီး(Passenger) EV ကားစီးရေ (၆၁၆၆)စီးပါဝင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရသိရသည်။ ထို့ပြင် EV အသုံးပြုသည့် မှတ်ပုံတင်ထားသော ခရီးသည်တင်ကား(၃)စီးနှင့် ကုန်တင်ဝန်ပေါ့ (၂၂)စီးလည်းရှိသဖြင့် EV ကားစီးရေ (၆၁၉၁)စီးရှိကြောင်း သိရသည်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင်ဖြစ်သော လူစီးကား(၅၁၉၅၉၇)စီး၊ ဌားရမ်းထားသည့် လူစီးကား(၈၇၇၀၇)စီး၊ ပိုင်ဆိုင်သောခရီးသည်တင်ကား(၂၀၃)စီး၊ ဌားရမ်းထားသောခရီးသည်တင်ကား(၂၄၀၁၅)စီး၊ ပိုင်ဆိုင်သော ကုန်တင်ဝန်ပေါ့ကား(၂၅၆၆၇၈)စီး၊ ဌားရမ်းထားသော ကုန်တင်ဝန်ပေါ့ကား(၁၁၁၂၁၃)စီး၊ ပိုင်ဆိုင်သော ကုန်တင်ဝန်လေးကား(၉၀)စီး၊...

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၇၉၀၀)ကျော်ပျက်စီးကာ ‌ေ-သဆုံး၊ ဒဏ်ရာရမှုများရှိခဲ့

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်၏ (၂၀၂၄ခုနှစ်၊ ဧပြီလမှ နိုဝင်ဘာလအထိ)လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်(၇၉၀၀)ကျော်ပျက်စီးကာ ‌ေ-သဆုံး၊ ဒဏ်ရာရမှုများရှိခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ချက်ထုတ်ပြန်ရာ၌ ထည့်သွင်းအသိပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လေပြင်းတိုက်ခတ်မှုများကြောင့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နေအိမ်(၁၄၀၀၀) ကျော်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နေအိမ် (၂၀၀၀ဝ)ကျော်ပျက်စီးခဲ့သည်ဟုလည်း အသိပေးခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံတစ်ဝှမ်းတွင် နွေဦးရာသီနှင့် နွေရာသီကာလများ၌ နေ့အပူချိန်များတဖြည်း ဖြည်းမြင့်တက်ပြီး အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲပိုင်းနှင့်ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ကာ ယင်း မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊...

တာချီလိတ်မြို့တွင် လားဟူတိုင်းရင်းသားစုပေါင်း နှစ်သစ်ကူးပွဲတော်ကျင်းပ

ရှမ်း/အရှေ့ တာချီလိတ်မြို့၊ ဝမ်လုံးအုပ်စု၊ လွယ်စတုံအပေါ်ရွာတွင် လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စုပေါင်းပွဲတော်ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်သည် အနယ်နယ်အရပ်ရပ်တွင် ပျံ့နှံ့နေသော လားဟူတိုင်းရင်းသားများ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့စေရန်၊ လားဟူတိုင်းရင်းသား ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဘာသာသာသနာ၊ စာပေနှင့် ဝတ်စားဆင်ယင်မှု ရိုးရာဓလေ့များအား လေးစားဂုဏ်ယူနိုင်စေရန်၊ တိမ်မြုပ်နေသော ရိုးရာယဉ်ကျေးမှုများအား ပြန်လည်ဖော်ထုတ်နိုင်ရန် တစ်နှစ်တစ်ကြိမ်ပြုလုပ်ရခြင်းကြောင်း သိရသည်။ ပွဲတော်သို့ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းတုံ၊ မိုင်းဆတ်မြို့များမှ လားဟူတိုင်းရင်းသားမောင်မယ်လူငယ်များက ရိုးရာမြေဝိုင်းအက၊ ခေတ်ပေါ်အဆိုအက၊ ဗူးပလွေမြေဝိုင်းအက၊ ခေတ်ပေါ်အကတို့ဖြင့်ဖျော်ဖြေခဲ့ကြပြီး၊ ရိုးရာချည်ပန်း ပေါက်ပွဲ၊ အမျိုးသားရိုးရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071