Wednesday, January 8, 2025

ယူကရိန်းကို ၂၀၂၇ ခုနှစ်အထိ စစ်ရေးအကူအညီပေးမယ့်...

ယူကရိန်း၏ စစ်ရေးလိုအပ်ချက်များကို အမျိုးအစားများခွဲကာ ယင်းအမျိုးအစားတစ်ခုစီအတွက် အကူအညီပေးရမည့် နေတိုးအုပ်စုဝင်နိုင်ငံများကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ အဆင့်မြင့် ကိုယ်စားလှယ်တစ်ဦးက အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာ...

တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီကုန်းတော်ပေါ်၌ နဂါးနှစ်ကောင်ဆရာတော်နှင့် မိုင်းဖုန်းဆရာတော်တို့၏...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီကုန်းတော်ပေါ်၌ နဂါးနှစ်ကောင်ဆရာတော်နှင့် မိုင်းဖုန်းဆရာတော်တို့၏ ပုံတူရုပ်ထုတော်များကို သွန်းလောင်းပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နဂါးနှစ်ကောင်ဆရာတော်ကြီး၏ လွမ်း စေတီတော်အား ရွှေတိဂုံစေတီကုန်းတော်ပေါ်၌ ပင်တည်ထားမည်ဖြစ်ကာ...

မှတ်ပုံတင် ကိုယ်ရေးအချက်အလက်များ အွန်လိုင်းမှ စစ်ဆေးနိုင်

e-ID စနစ်တွင် ပြည်သူများအနေဖြင့် ကိုယ်ရေးအချက်အလက်များကို ရုံးမှတ်တမ်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ အွန်လိုင်း မှတဆင့် တိုက်ဆိုင်စစ်ဆေးနိုင်ကြောင်း သိရသည်။ စစ်ဆေးရာတွင် အွန်လိုင်းအပလီကေးရှင်းကို...

၂၀၂၄ ခုနှစ်အတွင်း မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်စာရင်းတွင်...

တိုင်းနှင့်ပြည်နယ်အလိုက် ခရိုင်ရုံးများတွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်အထိ မှတ်ပုံတင်ထားသည့် အမျိုးအစားအလိုက်မော်တော်ယာဉ်စာရင်း၌ လူစီး(Passenger) EV ကားစီးရေ (၆၁၆၆)စီးပါဝင်ကြောင်း...
HomeNewsLocal Newsမြဝတီမြို့၌ လက်လုပ်အစားအသောက်များ ရောင်းချခြင်းမပြုရန်...

မြဝတီမြို့၌ လက်လုပ်အစားအသောက်များ ရောင်းချခြင်းမပြုရန် ညွှန်ကြား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် လက်လုပ်အစားအသောက်များ ရောင်းချခြင်းမပြုရန် ညွှန်ကြားထားကြောင်း သိရသည်။

ထို့ပြင် အစားအသောက်များ ဖွင့်လှစ်ရောင်းချသည့် ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် ရေသန့်စက်ရုံ၊ စည်ပင်သာယာရေး အဖွဲ့ပိုင်ဈေးများ၊ ရပ်ကွက်အတွင်းရှိ စားသောက်ဆိုင်၊ မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင်၊ ထမင်းဆိုင်၊ မုန့်ဖက်အရောင်းဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကဖေးဆိုင်တို့တွင် တည်ခင်းရောင်းချနေသည့်အစားအသောက်များသည် သန့်ရှင်းသပ်ရပ် လတ်ဆတ်မှု ရှိ/မရှိ၊ ယင်လုံအောင် ဖုံးအုပ်ထားခြင်း ရှိ/မရှိ၊ အသုံးပြုနေသည့် ရေသန့်ရှင်းမှုရှိ /မရှိနှင့် မသန့်ရှင်းသောရေ၊ အစားအသောက်များမှတဆင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားတတ်၍ သတိပြုလိုက်နာရမည့်အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တစ်ပတ်အတွင်း လက်လုပ်အစားအသောက်များ ရောင်းချခြင်းမပြုကြရေးကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများ ပြင်းထန် ဝမ်းပျက်/ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်ခြင်းအနေဖြင့် ကျန်ရှိသည့်ဈေးများ၊ အစားအသောက်ရောင်းချသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်းကို ၂၀၂၇ ခုနှစ်အထိ စစ်ရေးအကူအညီပေးမယ့် နေတိုးအစီအစဉ် ပင်တဂွန် ထုတ်ဖော်ပြောကြား

ယူကရိန်း၏ စစ်ရေးလိုအပ်ချက်များကို အမျိုးအစားများခွဲကာ ယင်းအမျိုးအစားတစ်ခုစီအတွက် အကူအညီပေးရမည့် နေတိုးအုပ်စုဝင်နိုင်ငံများကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ အဆင့်မြင့် ကိုယ်စားလှယ်တစ်ဦးက အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယူကရိန်း သို့ လက်နက်များ ပို့ဆောင်ရေး ညှိနှိုင်းဆောင်ရွက်နေသော အနောက်နိုင်ငံများသည် ပူးပေါင်းဆောင်ရွက်မည့် အုပ်စု ရှစ်ခုကို ဖွဲ့စည်းဖန်တီးခဲ့ကြောင်း ပင်တဂွန် ကိုယ်စားလှယ်က ပြောကြားခဲ့သည်။ "ယင်းအုပ်စု တစ်ခုစီသည် ယူကရိန်း၏ စစ်ရေးစွမ်းရည်ဆိုင်ရာ ရှုထောင့်တစ်ခုစီကို ကိုယ်စားပြုပြီး အနည်းဆုံး သီးခြားနေတိုးနိုင်ငံနှစ်ခုမှ ပူးတွဲဦးဆောင်မည်ဖြစ်သည်" ဟု ပင်တဂွန်စစ်ဌာနချုပ်မှ အဆင့်မြင့် ကိုယ်စားလှယ်က...

တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီကုန်းတော်ပေါ်၌ နဂါးနှစ်ကောင်ဆရာတော်နှင့် မိုင်းဖုန်းဆရာတော်တို့၏ ပုံတူရုပ်ထုတော်များသွန်းလောင်းပူဇော်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီကုန်းတော်ပေါ်၌ နဂါးနှစ်ကောင်ဆရာတော်နှင့် မိုင်းဖုန်းဆရာတော်တို့၏ ပုံတူရုပ်ထုတော်များကို သွန်းလောင်းပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နဂါးနှစ်ကောင်ဆရာတော်ကြီး၏ လွမ်း စေတီတော်အား ရွှေတိဂုံစေတီကုန်းတော်ပေါ်၌ ပင်တည်ထားမည်ဖြစ်ကာ သွန်းလောင်းပူဇော်မည့် ရုပ်ထုတော်များကိုစေတီတော်ဘေး၌ထားရှိပူဇော်မည်ဖြစ်၍ ပုံတူရုပ်ထုတော်သွန်းလောင်းခြင်းမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၇ ရက်နံ နက်ပိုင်းကကျင်းပရာ မိုင်းဖုန်းဆရာတော်ကြီးကြွရောက်တော်မူခဲ့ကြောင်း သိရသည်။ မိုင်းဖုန်းဆရာတော်ကြီးနှင့်အတူ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များက ပုံတူရုပ်ထုတော်များသွန်းလောင်းမည့်နေရာအား ရွှေရည်သွန်းလောင်ထည့်သွင်း၍ ဌာပနာပြုလုပ်ခြင်း၊ ဘုရားရှိခိုးခြင်း၊ ငါးပါးသီလပေးခြင်းနှင့် မေတ္တာပို့အမျှပေးဝေခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ နဂါးနှစ်ကောင်ဆရာတော်ကြီး၏ ပုံတူရုပ်ထုတော်များအား အမြင့်(၁ ဒသမ ၉၉)မီတာရှိ ရုပ်ထုတော်များ၊ အမြင့်(၁၈)လက်မရှိ ရုပ်ထုတော်များ၊...

မှတ်ပုံတင် ကိုယ်ရေးအချက်အလက်များ အွန်လိုင်းမှ စစ်ဆေးနိုင်

e-ID စနစ်တွင် ပြည်သူများအနေဖြင့် ကိုယ်ရေးအချက်အလက်များကို ရုံးမှတ်တမ်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ အွန်လိုင်း မှတဆင့် တိုက်ဆိုင်စစ်ဆေးနိုင်ကြောင်း သိရသည်။ စစ်ဆေးရာတွင် အွန်လိုင်းအပလီကေးရှင်းကို အသုံးပြုကာ စစ်ဆေးနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရွန်နစ် မှတ်ပုံတင်စနစ်ဦးစီးဌာန (e-ID Department)က ထုတ်ပြန်ထားသည်။ ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြား၌ ပါရှိသည့် ကိုယ်ရေးအချက်အလက်များ၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)၌ ပါရှိသည့် အချက်အလက်များကို ရုံးမှတ်တမ်းများနှင့် ကိုက်ညီမှု ရှိ၊မရှိ တိုက်ဆိုင်စစ်ဆေးနိုင်မည် ဖြစ်သည်ဟု ဆိုသည်။ စစ်ဆေးရာတွင် ပြည်သူများအနေဖြင့် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071