Wednesday, January 8, 2025

ထိုင်းနှစ်သစ်ကူးခရီးသွားရာသီအတွင်း လူ ၄၃၆ ဦး‌ေ-သဆုံးခဲ့

ဘန်ကောက်၊ဇန်နဝါရီ ၇ ထိုင်းနိုင်ငံ၌ ဒီဇင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ နှစ်သစ်ကူးခရီးသွားရာသီအတွင်း မတော်တဆမှု ၂,၄၆၇ ခုကြောင့် လူပေါင်း...

အမေရိက၌ ကြက်ငှက်တုပ်ကွေးကြောင့် ပထမဆုံးအကြိမ်လူသေဆုံး

ဟူစတန်၊ဇန်နဝါရီ ၆ အမေရိကန်နိုင်ငံတောင်ပိုင်း လူဝီစီယားနားပြည်နယ်တွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် နိုင်ငံအတွင်း ပထမဆုံးအနေဖြင့် လူသေဆုံးမှုရှိခဲ့ကြောင်း လူဝီစီယားနားကျန်းမာရေးဌာနက သတင်းထုတ်ပြန်‌ခဲ့သည်။ သေဆုံးသူသည် အသက် ၆၅ နှစ်‌ေကျာ်ပြီး စီးပွားဖြစ်မဟုတ်သော်လည်း...

ဂရင်းလန်းသို့ ထရမ့်ပ်ဂျူနီယာ ရောက်ရှိလာ

ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေကို အမေရိကပိုင်အဖြစ် ထိန်းချုပ်ရယူလိုကြောင်း ဖခင်ဖြစ်သူက ထုတ်ဖော်ပြောကြားခဲ့အပြီး ရက်သတ္တပတ်အကြာတွင် ဂရင်းလန်းသို့ ဒေါ်နယ်ထရမ့်ပ် ဂျူနီယာရောက်ရှိလာခဲ့သည်။ နေ့ချင်းပြန်ခရီးစဉ် ဖြစ်ကြောင်းနှင့် အစိုးရအရာရှိများနှင့် တွေ့ဆုံရန်အစီအစဉ်မရှိကြောင်း...

HMPV ကိုအင်ဒိုနီးရှား၌ပါတွေ့ရှိရပြန်

ဂျကာတာ၊ဇန်နဝါရီ ၇ အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးက နိုင်ငံတွင်း၌ အသက်ရှူလမ်းကြောင်းကိုဗိုင်းရပ်စ်ပိုး HMPV ကူးစက်မှုကို တွေ့ရှိထားကြောင်း ထုတ်ပြန်ကြေငြာခဲ့သော်လည်း အဆိုပါရောဂါသည် အန္တရာယ်မရှိကြောင်း ပြည်သူများကိုပြောကြားခဲ့သည်။ "လက်ရှိမှာ အဲ့ဒီရောဂါကို ကလေ-းငယ်အချို့မှာကူးစက်ခံထားရတာတွေ့ရပေမဲ့...
HomeNewsLocal Newsစတုတ္ထအကြိမ်မြောက် CNPC Youth...

စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲ ကျင်းပပြီးစီး

CNPC ကုမ္ပဏီမှ ဦးစီးကျင်းပသော စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲ ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့မှ စတင်၍ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကျင်းပခဲ့ရာ ယခုအခါ ကျင်းပပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲကို ၂၀၂၀ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲဝင်သူများသည် လူငယ်တို့၏ ချစ်ခြင်းမေတ္တာ၊ သူငယ်ချင်း၊ သံယောဇဉ်၊ စိတ်ဓာတ်ခွန်အား အစရှိသည့် အကြောင်းအရာများကို ထိထိမိမိ ပုံဖော်ထားသည့် ဗီဒီယိုအတိုလေးများဖြင့် facebook နှင့် TikTok တို့တွင် တင်ပြလျှက် မြန်မာလူငယ်တို့၏ အပြုသဘောဆောင်သည့် တက်ကြွမှုများကို ဖော်ပြကာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယခု စတုတ္ထအကြိမ်မြောက် CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အရေအတွက် တစ်ထောင်အောက် ပါဝင်ယှဉ်ပြိုင်ပါက ပထမဆု သိန်း ၃၀ ကျပ်အပါအဝင် စုစုပေါင်း ဆုကြေးငွေ သိန်း ၈၀ ချီးမြှင့်မည်ဖြစ်ပြီး၊ ပြိုင်ပွဲဝင်အရေအတွက် တစ်ထောင်ကျော်လျှင်မူ စုစုပေါင်း ဆုကြေးငွေ သိန်း ၁၃၀ အထိ တိုးမြှင့် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုပြိုင်ပွဲအတွက် ဆုရရှိသူများကို ကုမ္ပဏီ၏ SEAOP-SEAGP ဖေ့စ်ဘုတ်စာမျက်နှာတွင် မကြာမီကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Sino Pipeline International ကုမ္ပဏီ၊ SEAOP-SEAGP ကုမ္ပဏီလိမိတက်နှင့် ယူနန်တက္ကသိုလ် မြန်မာလေ့လာရေးအင်စတီကျုတို့ ပူးပေါင်း၍လည်း တရုတ်နိုင်ငံရှိ ကောလိပ်နှင့် တက္ကသိုလ်များအတွက် ဒုတိယအကြိမ်မြောက် မြန်မာဘာသာစကား ဗီဒီယိုအတိုပြိုင်ပွဲကို “Building together, the bridge of the future”ဟူသည့် ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ပြီး၊ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယူနန်တက္ကသိုလ်၌ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ ထိုပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူအချို့အပါအဝင် တရုတ်နိုင်ငံရှိ တက္ကသိုလ်အသီးသီး၌ မြန်မာစာကို သင်ယူနေကြသည့် ကျောင်းသား ကျောင်းသူ ၁၃၀ ကျော်တို့က သူတို့ရိုက်ကူးဖန်တီးထားသည့် ဗီဒီယိုအတို ၂၀၀ ကျော်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ယခု ၂၀၂၅ ခုနှစ်တွင်လည်း CNPC Youth Short-Video Challenge အွန်လိုင်း ဗီဒီယိုပြိုင်ပွဲနှင့် ကောလိပ်နှင့် တက္ကသိုလ်များအတွက် မြန်မာဘာသာစကား ဗီဒီယိုအတိုပြိုင်ပွဲတို့ကို ကျင်းပသွားဦးမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းနှစ်သစ်ကူးခရီးသွားရာသီအတွင်း လူ ၄၃၆ ဦး‌ေ-သဆုံးခဲ့

ဘန်ကောက်၊ဇန်နဝါရီ ၇ ထိုင်းနိုင်ငံ၌ ဒီဇင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ နှစ်သစ်ကူးခရီးသွားရာသီအတွင်း မတော်တဆမှု ၂,၄၆၇ ခုကြောင့် လူပေါင်း ၄၃၆ ဦး‌ေ-သဆုံးကာ ၂,၃၆၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များ၏ သတင်းထုတ်ပြန်ကြေငြာချက်များအရသိရသည်။ ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ‌ေ-သဆုံးမှုနှုန်းမြင့်တက်လာသော်လည်း မတော်တဆမှုနှင့်ထိခိုက်ဒဏ်ရာရမှုအရေအတွက်မှာ လျော့ကျသွားကြောင်းလည်းသိရသည်။ ယာဉ်အန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှု လေ့လာချက်များအရ ဘန်ကောက်မြို့တော်၌ လူ‌ေ-သဆုံးမှုအများဆုံးဖြစ်ပြီး ၂၆ ဦးအထိရှိကာ စံချိန်တင်‌ေ-သဆုံးမှုများဖြစ်ခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခု၌ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရသည်။ ယာဉ်တို-က်မှုဖြစ်ရသည့်အကြောင်းအရင်းအများစုမှာ အရှိန်လွန်မောင်းနှင်ခြင်းနှင့် ယာဉ်တစ်စီးရှေ့တစ်စီး ‌ေကျာ်တက်ရာမှ မတော်တဆမှုဖြစ်ပွားရခြင်းဖြစ်သည်ဟုလည်းသူက ပြောသည်။ တစ်နှစ်ပတ်လုံး ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရန်လည်းလိုအပ်ကြောင်းလည်း...

အမေရိက၌ ကြက်ငှက်တုပ်ကွေးကြောင့် ပထမဆုံးအကြိမ်လူသေဆုံး

ဟူစတန်၊ဇန်နဝါရီ ၆ အမေရိကန်နိုင်ငံတောင်ပိုင်း လူဝီစီယားနားပြည်နယ်တွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် နိုင်ငံအတွင်း ပထမဆုံးအနေဖြင့် လူသေဆုံးမှုရှိခဲ့ကြောင်း လူဝီစီယားနားကျန်းမာရေးဌာနက သတင်းထုတ်ပြန်‌ခဲ့သည်။ သေဆုံးသူသည် အသက် ၆၅ နှစ်‌ေကျာ်ပြီး စီးပွားဖြစ်မဟုတ်သော်လည်း အိမ်‌ေနာက်‌ေဖးခြံ၌မွေးထားသည့် တိရစ္ဆာန်များ၊ငှက်များနှင့်ထိတွေ့မှုရှိခဲ့ကြောင်း ဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ လူနာ၏မိသားစု၊မိတ်ဆွေများနှင့်ထပ်တူ ချစ်ခင်ရသူတစ်ဦး ဆုံးရှုံးရမှုအတွက် ဝမ်းနည်းကြေကွဲရပါကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ထို့ပြင် လူနာ၏ ကိုယ် ရေးကိုယ်တာ ကို လေးစားသည့်အနေနှင့်ရော မိသားစုကိုပါ လေးစားခြင်းတို့ကြောင့် သေဆုံးသူနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြမည်မဟုတ်ဟုလည်းဆိုခဲ့သည်။ ပြည်သူလူထုသည် လက်ရှိတွင် ရောဂါအန္တရာယ် နည်းပါးနေသေးသော်လည်း ငှက်များ၊ ကြက်များ၊နွားများနှင့်ထိတွေ့မှု ရှိသူများက အန္တရာယ်ပိုများသည် ဟုလည်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ Source...

ဂရင်းလန်းသို့ ထရမ့်ပ်ဂျူနီယာ ရောက်ရှိလာ

ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေကို အမေရိကပိုင်အဖြစ် ထိန်းချုပ်ရယူလိုကြောင်း ဖခင်ဖြစ်သူက ထုတ်ဖော်ပြောကြားခဲ့အပြီး ရက်သတ္တပတ်အကြာတွင် ဂရင်းလန်းသို့ ဒေါ်နယ်ထရမ့်ပ် ဂျူနီယာရောက်ရှိလာခဲ့သည်။ နေ့ချင်းပြန်ခရီးစဉ် ဖြစ်ကြောင်းနှင့် အစိုးရအရာရှိများနှင့် တွေ့ဆုံရန်အစီအစဉ်မရှိကြောင်း ခရီးစဉ်မတိုင်မီတွင် ထရမ့်ပ်ဂျူနီယာက ပြောဆိုခဲ့သည်။ ဂရင်းလန်းအပေါ် ပိုင်ဆိုင်မှုနှင့် ထိန်းချုပ်မှုသည် အမေရိကအတွက် လုံး၀ မရှိမဖြစ်လိုအပ်သည်ဟု ပြီးခဲ့သည့်လတွင် ပြောဆိုခဲ့သော အငြင်းပွားဖွယ်အကြောင်းအရာကို မကြာခင်ရက်ပိုင်းတွင် ထရမ့်ပ်က ထပ်မံအသက်သွင်းလာခဲ့ခြင်းဖြစ်သည်။ ထရမ့်ပ်က ထိုသို့ပြောခဲ့ချိန်တွင် မိမိတို့အနေဖြင့် ရောင်းချရန်မရှိပါဟု ကျွန်း၏ ဝန်ကြီးချုပ်က တုန့်ပြန်ထားခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ရေး သို့မဟုတ် စီးပွားရေးအင်အားသုံးနိုင်ပါသလားဆိုသောအမေးကို မသံုးဘူးဟု မဆိုနိုင်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071