Thursday, January 9, 2025

လူကုန်ကူးခံရသောတရုတ်သရုပ်ဆောင်ထိုင်းသို့ထပ်လာဦးမည်ဟုကတိပြု

မြန်မာနိုင်ငံဘက်သို့ လူကုန်ကူးခံရခြင်းမှ ယခုသီတင်းပတ်တွင် ပြန်ကယ်တင်ပေးခဲ့ရသည့် တရုတ်လူမျိုး သရုပ်ဆောင်က သူ့အနေဖြင့် ထိုင်းနိုင်ငံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းမရှိကြောင်းနှင့် ထိုင်းနိုင်ငံသို့ ထပ်မံလာရောက်ဦးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားသွားသည်ဟု...

(၃) ရက်အတွင်း ဆီပိဿာ ချိန်...

မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ ရန်ကုန်တိုင်းဒေသကြီးတွင် ဇန်နဝါရီ (၄)ရက်မှ (၆)ရက်ထိ ဆီပိဿာ ချိန် (၄၀, ၀၀၀)ကျော် ရောင်းချပေးခဲ့ကြောင်း သိရသည်။ စားသုံးဆီရောင်းချပွဲတော်ကို ဇန်နဝါရီ (၄)ရက်မှ...

လဟယ်မြို့တွင် နိုင်ငံတော်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပမည်

၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ (၁၅)ရက်တွင် လဟယ်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဗဟိုအဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ခန္တီးမြို့နယ်တွင် ဇန်နဝါရီလ...

အင်ဒိုနီးရှားကနေအိမ်၁သန်းဆောက်ရန် ကာတာနှင့် သဘောတူချက်ရ

အင်ဒိုနီးရှား နိုင်ငံ အစိုးရသည် သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ အထင်ကရအစီအစဉ်များထဲမှ တစ်ခုဖြစ်သော တန်ဖိုးသင့်နေအိမ်တစ်သန်း ဆောက်လုပ်ရန်အတွက် ဇန်နဝါရီ ၈ ရက်တွင်...
HomeNewsLocal Newsဒေါ်လာနှင့် ထိုင်းဘတ်များကို ဗဟိုဘဏ်ထပ်မံထုတ်ရောင်း

ဒေါ်လာနှင့် ထိုင်းဘတ်များကို ဗဟိုဘဏ်ထပ်မံထုတ်ရောင်း

ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ တတိယအကြိမ် ဒေါ်လာနှင့် ထိုင်းဘတ်များကို ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဇန်နဝါရီ (၆) ရက်တွင် ဒေါ်လာ (၂၅) သန်းနှင့် ထိုင်းဘတ် (၂ ဒသမ ၈၇၁) သန်းကို ထပ်မံထုတ်ရောင်းပေးခဲ့ပြီး ယခုတစ်ကြိမ် ထုတ်ရောင်းပေးမှုအပါအဝင် ဒေါ်လာသန်း (၅၀)၊ ထိုင်းဘတ် (၅ ဒသမ ၃၂၉) သန်းနှင့် တရုတ်ယွမ် (၁ ဒသမ ၂) သန်းနီးပါး ထုတ်ရောင်းပေးထားကြောင်း သိရသည်။

ထိုကဲ့သို့ ရောင်းချပေးမှု အနေဖြင့် ဇန်နဝါရီ (၂) ရက်တွင် ဒေါ်လာ (၂၅) သန်း၊ ထိုင်းဘတ် (၂ ဒသမ ၄၅၈)သန်းနှင့် တရုတ်ယွမ် (၆၈၀,၀၀၀) ခန့်၊ ဇန်နဝါရီ (၃) ရက်တွင် တရုတ်ယွမ် (၅၁၀,၀၀၀) ကျော်ထုတ်ရောင်းပေးထားကြောင်း သိရသည်။

ထို့ပြင် ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၉) ရက်အထိ လေးလအတွင်း ဒေါ်လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂၇၄) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သလို ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလီယံကိုလည်း သီးသန့်ထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်ထားချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူကုန်ကူးခံရသောတရုတ်သရုပ်ဆောင်ထိုင်းသို့ထပ်လာဦးမည်ဟုကတိပြု

မြန်မာနိုင်ငံဘက်သို့ လူကုန်ကူးခံရခြင်းမှ ယခုသီတင်းပတ်တွင် ပြန်ကယ်တင်ပေးခဲ့ရသည့် တရုတ်လူမျိုး သရုပ်ဆောင်က သူ့အနေဖြင့် ထိုင်းနိုင်ငံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းမရှိကြောင်းနှင့် ထိုင်းနိုင်ငံသို့ ထပ်မံလာရောက်ဦးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားသွားသည်ဟု အကြီးတန်းရဲအရာရှိတစ်ဦးက ပြောဆိုသည်။ လေးရက်ကြာ ဒုက္ခကြုံခဲ့ရသော ရှင်းရှင်းဟုလည်း သိကြသည့် ဝမ်ရှင်းသည် စိတ်ပိုင်းဆိုင်ရာ၌ ပုံမှန်အခြေအနေတွင်ရှိနေသည်ဟု ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး သက်ချိုင်း ဖိတာနီးလာဘတ်က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။ “ရှင်းရှင်းက အိမ်ပြန်ချင်ပါတယ်၊ သူ့အနေနဲ့ အထူးတလည်တောင်းဆိုတာမျိုးတော့ မရှိပါဘူး၊ ထိုင်းနိုင်ငံနဲ့ပတ်သက်လို့ သူ စိုးရိမ်မှုမရှိပါဘူး၊ နောက်တစ်ကြိမ် ထပ်လာဦးမယ်လို့ ပြောသွားပါတယ်” ဟု...

(၃) ရက်အတွင်း ဆီပိဿာ ချိန် (၄၀,၀၀၀)ကျော် ရောင်းချပေးခဲ့

မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ ရန်ကုန်တိုင်းဒေသကြီးတွင် ဇန်နဝါရီ (၄)ရက်မှ (၆)ရက်ထိ ဆီပိဿာ ချိန် (၄၀, ၀၀၀)ကျော် ရောင်းချပေးခဲ့ကြောင်း သိရသည်။ စားသုံးဆီရောင်းချပွဲတော်ကို ဇန်နဝါရီ (၄)ရက်မှ (၆)ရက်ထိ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ ဆီစက် (၂)စက်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဆီစက် (၁)စက်၊ မန္တလေးတိုင်းဒေသကြီးမှ ဆီစက် (၄)စက်၊ မကွေးတိုင်းဒေသကြီးမှ ဆီစက် (၄) စက် စုစုပေါင်းဆီစက် (၁၁)စက်မှ စားသုံးဆီပိဿာချိန် (၄ ဝ,၀၀၀)ကျော် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျှော့ချနိုင်ရေး၊ စားသုံးသူများ၏ ကျန်းမာရေးနှင့်ညီညွှတ်သည့်...

လဟယ်မြို့တွင် နိုင်ငံတော်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပမည်

၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ (၁၅)ရက်တွင် လဟယ်မြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဗဟိုအဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ခန္တီးမြို့နယ်တွင် ဇန်နဝါရီလ (၁၅)ရက်မှ (၁၇)ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်တွင် ကျရောက်မည့် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု(ဗဟို) (၃၅)နှစ်ပြည့် ကျောက်စိမ်းရတုအထိမ်းအမှတ် နာဂရိုးရာ နှစ်သစ်ကူးအားကစားပြိုင်ပွဲ ဖွင့်ပွဲကို ခန္တီးမြို့၊ နာဂရိုးရာ အားကစားကွင်းအတွင်း ဇန်နဝါရီလ (၇)ရက် နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။ အားကစားပြိုင်ပွဲများအဖြစ် အမျိုးသမီး/အမျိုးသား အလွတ်တန်း ဖူဆယ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071