Thursday, January 9, 2025

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေး...

ယခုနှစ်အတွင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေး ဆွေးနွေးနေကြောင်း စက်မှုဝန်ကြီး ဌာနမှ သိရသည်။ ယင်းကဲ့သို့ ကျင်းပနိုင်ရန် ဆွေးနွေးမှုကို နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန...

လော့စ်အိန်ဂျလိစ်မီး ဟောလိဝုဒ်အထိ ပြန့်နှံ့

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်တွင် တောမီးပြန့်နှံ့ပြီး ယင်းဧရိယာအတွင်း မဖြစ်မနေ ဘေးလွတ်ရာရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဟောလိဝုဒ်တောင်ကုန်း‌တွင် အရှိန်အဟုန်ဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်အရာရှိက ပြောကြားခဲ့သည်။ ကယ်လီဖိုးနီးယားမီးသတ်အကြီးအကဲ ဒေးဗစ်...

လူကုန်ကူးခံရသောတရုတ်သရုပ်ဆောင်ထိုင်းသို့ထပ်လာဦးမည်ဟုကတိပြု

မြန်မာနိုင်ငံဘက်သို့ လူကုန်ကူးခံရခြင်းမှ ယခုသီတင်းပတ်တွင် ပြန်ကယ်တင်ပေးခဲ့ရသည့် တရုတ်လူမျိုး သရုပ်ဆောင်က သူ့အနေဖြင့် ထိုင်းနိုင်ငံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းမရှိကြောင်းနှင့် ထိုင်းနိုင်ငံသို့ ထပ်မံလာရောက်ဦးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားသွားသည်ဟု...

(၃) ရက်အတွင်း ဆီပိဿာ ချိန်...

မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းမှ ရန်ကုန်တိုင်းဒေသကြီးတွင် ဇန်နဝါရီ (၄)ရက်မှ (၆)ရက်ထိ ဆီပိဿာ ချိန် (၄၀, ၀၀၀)ကျော် ရောင်းချပေးခဲ့ကြောင်း သိရသည်။ စားသုံးဆီရောင်းချပွဲတော်ကို ဇန်နဝါရီ (၄)ရက်မှ...
HomeNewsFootballAFC Women's Futsal...

AFC Women’s Futsal Asian Cup 2025 ခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်း ပဏာမ ကစားသမား (၁၇) ဦး စာရင်း ထုတ်ပြန်

AFC Women’s Futsal Asian Cup 2025 ခြေစစ်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်း ပဏာမ ကစားသမား ၁၇ ဦး စာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယမန်နေ့က အသိပေးထုတ်ပြန်ထား သည်။

ပြိုင်ပွဲအား ယခုလ ဇန်နဝါရီ ၁၅ မှ ၁၉ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး၊ ကစားသမား ၂၁ ဦးကို စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် ပဏာမကစားသမား ၁၇ ဦး ရွေးချယ်လိုက်ခြင်းဖြစ်သည်။

ရွေးချယ်လိုက်သည့် ကစားသမားများစာရင်းတွင် ချောစန္ဒီအောင်(ဂိုး)၊ သရဖီအောင်(ဂိုး)၊ ယဉ်ယဉ်မိုးနိုင်(ဂိုး)၊ ယုမီမီလွင်၊ နန်းဆိုင်မိန်း၊ မေဇင်ဦး၊ ယမင်းသန့်ဇင်၊ ဆုဝါလွင် ၊ ဝတ်ရည်လွင်၊ ယမင်းလွင်၊ မေထက်ပိုင်၊ ဂျိုမိုးညီ၊ ဇင်ငြိမ်းချစ်၊ ဆက်နွယ်နီ၊ နှင်းစန္ဒာလှိုင်၊ သူဇာလှိုင်နှင့် အေးအေးထွေးတို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

ခြေစစ်ပွဲများကို အိမ်ရှင်နိုင်ငံများအဖြစ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဥဇဘက်ကစ္စတန်တို့တွင် ကျင်းပသွားမည်ဖြစ်ကာ ၁၉ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၅ သင်း ၃ အုပ်စု၊ ၄သင်း ၁အုပ်စုခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ခြေစစ်ပွဲ အုပ်စု ၄ ခုမှ ထိပ်ဆုံးရပ်တည်မှု ၂ သင်းစီ(၈သင်း)နှင့် အုပ်စု ၄ခုမှ အကောင်းဆုံး အုပ်စု တတိယရအသင်း စုစုပေါင်း ၉သင်း ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

၂၀၂၅ အာရှဖလား အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တရုတ်၊ ၂၀၁၈ ပြိုင်ပွဲ ချန်ပီယံ အီရန်နှင့် ဒုတိယရ ဂျပန်တို့မှာ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီး ခြေစစ်ပွဲအောင် ၉ သင်း၊ စုစုပေါင်း အသင်း ၁၂ သင်းဖြင့် မေ ၇ မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ် သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေး ဆွေးနွေးနေ

ယခုနှစ်အတွင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေး ဆွေးနွေးနေကြောင်း စက်မှုဝန်ကြီး ဌာနမှ သိရသည်။ ယင်းကဲ့သို့ ကျင်းပနိုင်ရန် ဆွေးနွေးမှုကို နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဆွေးနွေးပွဲတွင် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် တက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၏ အဆိုပြုတင်ပြလာမှုကို အတည်ပြုပြီးပါက ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်အလိုက် စတင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။ ထို့ပြင် ကျင်းပရေးဦးစီးကော်မတီ၏...

လော့စ်အိန်ဂျလိစ်မီး ဟောလိဝုဒ်အထိ ပြန့်နှံ့

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်တွင် တောမီးပြန့်နှံ့ပြီး ယင်းဧရိယာအတွင်း မဖြစ်မနေ ဘေးလွတ်ရာရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဟောလိဝုဒ်တောင်ကုန်း‌တွင် အရှိန်အဟုန်ဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်အရာရှိက ပြောကြားခဲ့သည်။ ကယ်လီဖိုးနီးယားမီးသတ်အကြီးအကဲ ဒေးဗစ် အကူနာက ပြောကြားရာတွင် လေပြင်းတိုက်ခတ်မှုနှင့် ခြောက်သွေ့သော အခြေအနေများကြောင့် မီးထိန်းနိုင်မှုမှာ တိုးတက်မှု လုံးဝမရှိကြောင်း သိရသည်။ "လေဟာ မနေ့က မနက်ကတည်းက တစ်နာရီ မိုင် ၆၀ ကနေ ၁၀၀ နှုန်းလောက်နဲ့ အဆက်မပြတ်တိုက်နေတယ်" ဟု အကူနာကပြောကြားခဲ့သည်။ "မနေ့ညကတည်းက လေပြင်းတွေ တိုက်‌နေခဲ့တာ"ဟုလည်း သူကဆိုသည်။ လော့စ်အိန်ဂျလိစ်တခွင်တွင် အနည်းဆုံး မီးလောင်ကျွမ်းမှု...

လူကုန်ကူးခံရသောတရုတ်သရုပ်ဆောင်ထိုင်းသို့ထပ်လာဦးမည်ဟုကတိပြု

မြန်မာနိုင်ငံဘက်သို့ လူကုန်ကူးခံရခြင်းမှ ယခုသီတင်းပတ်တွင် ပြန်ကယ်တင်ပေးခဲ့ရသည့် တရုတ်လူမျိုး သရုပ်ဆောင်က သူ့အနေဖြင့် ထိုင်းနိုင်ငံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းမရှိကြောင်းနှင့် ထိုင်းနိုင်ငံသို့ ထပ်မံလာရောက်ဦးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားသွားသည်ဟု အကြီးတန်းရဲအရာရှိတစ်ဦးက ပြောဆိုသည်။ လေးရက်ကြာ ဒုက္ခကြုံခဲ့ရသော ရှင်းရှင်းဟုလည်း သိကြသည့် ဝမ်ရှင်းသည် စိတ်ပိုင်းဆိုင်ရာ၌ ပုံမှန်အခြေအနေတွင်ရှိနေသည်ဟု ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး သက်ချိုင်း ဖိတာနီးလာဘတ်က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။ “ရှင်းရှင်းက အိမ်ပြန်ချင်ပါတယ်၊ သူ့အနေနဲ့ အထူးတလည်တောင်းဆိုတာမျိုးတော့ မရှိပါဘူး၊ ထိုင်းနိုင်ငံနဲ့ပတ်သက်လို့ သူ စိုးရိမ်မှုမရှိပါဘူး၊ နောက်တစ်ကြိမ် ထပ်လာဦးမယ်လို့ ပြောသွားပါတယ်” ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071