Thursday, January 9, 2025

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ကာကွယ်ရေးဆိုင် ရာများ၌ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်မည်

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ကာကွယ်ရေးဆိုင် ရာများ၌ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်မည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌသည် ဘယ်လာရုစ်နိုင်ငံ...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြားများစတင်ကပ်လှူပူဇော်

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန်ဆောင်ရွက်နေသည့် ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ယနေ့ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက ရွှေစင်ရွှေပြားများစတင်ကပ်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားဆင်ယင်ကျင်းပခဲ့သည်။ ရွှေစင်ရွှေပြားများအားပန်းရထားဖြင့်တင်လှူ၍ စတင်ကပ်လှူပူဇော်ခြင်းဖြစ်ကာ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)၏...

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေး...

ယခုနှစ်အတွင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေး ဆွေးနွေးနေကြောင်း စက်မှုဝန်ကြီး ဌာနမှ သိရသည်။ ယင်းကဲ့သို့ ကျင်းပနိုင်ရန် ဆွေးနွေးမှုကို နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန...

လော့စ်အိန်ဂျလိစ်မီး ဟောလိဝုဒ်အထိ ပြန့်နှံ့

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်တွင် တောမီးပြန့်နှံ့ပြီး ယင်းဧရိယာအတွင်း မဖြစ်မနေ ဘေးလွတ်ရာရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဟောလိဝုဒ်တောင်ကုန်း‌တွင် အရှိန်အဟုန်ဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်အရာရှိက ပြောကြားခဲ့သည်။ ကယ်လီဖိုးနီးယားမီးသတ်အကြီးအကဲ ဒေးဗစ်...
HomeInternationalယူကရိန်းကို ၂၀၂၇ ခုနှစ်အထိ...

ယူကရိန်းကို ၂၀၂၇ ခုနှစ်အထိ စစ်ရေးအကူအညီပေးမယ့် နေတိုးအစီအစဉ် ပင်တဂွန် ထုတ်ဖော်ပြောကြား

ယူကရိန်း၏ စစ်ရေးလိုအပ်ချက်များကို အမျိုးအစားများခွဲကာ ယင်းအမျိုးအစားတစ်ခုစီအတွက် အကူအညီပေးရမည့် နေတိုးအုပ်စုဝင်နိုင်ငံများကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ အဆင့်မြင့် ကိုယ်စားလှယ်တစ်ဦးက အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယူကရိန်း သို့ လက်နက်များ ပို့ဆောင်ရေး ညှိနှိုင်းဆောင်ရွက်နေသော အနောက်နိုင်ငံများသည် ပူးပေါင်းဆောင်ရွက်မည့် အုပ်စု ရှစ်ခုကို ဖွဲ့စည်းဖန်တီးခဲ့ကြောင်း ပင်တဂွန် ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

“ယင်းအုပ်စု တစ်ခုစီသည် ယူကရိန်း၏ စစ်ရေးစွမ်းရည်ဆိုင်ရာ ရှုထောင့်တစ်ခုစီကို ကိုယ်စားပြုပြီး အနည်းဆုံး သီးခြားနေတိုးနိုင်ငံနှစ်ခုမှ ပူးတွဲဦးဆောင်မည်ဖြစ်သည်” ဟု ပင်တဂွန်စစ်ဌာနချုပ်မှ အဆင့်မြင့် ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

“ဒီညွန့်ပေါင်းအုပ်စုအဖွဲ့ခေါင်းဆောင်တွေဟာ ယူကရိန်းလေတပ်၊ သံချပ်ကာ၊ အမြောက်၊ မိုင်းတွင်း၊ ဒရုန်း၊ ပေါင်းစပ်လေကြောင်းနဲ့ ဒုံးကျည်ကာကွယ်ရေး၊ သတင်းအချက်အလက်နည်းပညာနဲ့ ရေကြောင်းလုံခြုံရေး လိုအပ်ချက်နဲ့ ရည်မှန်းချက်တွေကို ၂၀၂၇ခုနှစ်အထိ ပြဌာန်းထားတဲ့ လမ်းပြမြေပုံတွေကို ထောက်ခံဖို့ လိုအပ်ပါတယ်” ဟု ပင်တဂွန်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

ယူကရိန်း ကာကွယ်ရေး အဆက်အသွယ်အဖွဲ့၏ ၂၅ ကြိမ်မြောက် အစည်းအဝေးကို ယူကရိန်းသို့ အနောက်နိုင်ငံမှ လက်နက်များ ပို့ဆောင်ရေး ညှိနှိုင်းရေး အဖွဲ့မှ ဇန်နဝါရီ ၉ ရက်တွင် ဂျာမနီနိုင်ငံ ရမ်စတိန်း လေတပ်စခန်း၌ ကျင်းပမည်ဖြစ်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင် လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ကာကွယ်ရေးဆိုင် ရာများ၌ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်မည်

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ကာကွယ်ရေးဆိုင် ရာများ၌ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်မည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌသည် ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးအား ယနေ့ ဇန်နဝါရီ ၉ ရက်နေ့လည်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဥ် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်လျက်ရှိမှု၊ သံတမန်ဆက်ဆံရေးနှင့် ကုန်သွယ်မှုများမြှင့်တင်ဆောင်ရွက်ရေး၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အခြား နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ သိပ္ပံနှင့်နည်းပ ညာဆိုင်ရာ ပညာတော်သင်များစေလွှတ်နိုင်ရေးတို့ကိုလည်း...

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြားများစတင်ကပ်လှူပူဇော်

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန်ဆောင်ရွက်နေသည့် ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ယနေ့ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက ရွှေစင်ရွှေပြားများစတင်ကပ်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားဆင်ယင်ကျင်းပခဲ့သည်။ ရွှေစင်ရွှေပြားများအားပန်းရထားဖြင့်တင်လှူ၍ စတင်ကပ်လှူပူဇော်ခြင်းဖြစ်ကာ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ်ဆရာတော်နှင့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တာဝန်ရှိသူများတက်ရောက်ကြည်ညိုခဲ့ကြသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများက နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္က သိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြသည်။ ထို့နောက် ဆရာတော်၊သံဃာတော်များအားလှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ စွန်းလွန်းဂူဝိပဿနာကျောင်းဆရာတော်ဘဒ္ဒန္တ ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့ပြင် ဗိုလ်တထောင်စေတီတော်၌တင်လှူပူဇော်မည့် ရွှေစင်ရွှေပြားများကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဆောင်၍ ပန်းရထားဖြင့်တင်ကာ စေတီတော်မြတ်ကြီးတွင်...

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေး ဆွေးနွေးနေ

ယခုနှစ်အတွင်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေး ဆွေးနွေးနေကြောင်း စက်မှုဝန်ကြီး ဌာနမှ သိရသည်။ ယင်းကဲ့သို့ ကျင်းပနိုင်ရန် ဆွေးနွေးမှုကို နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဆွေးနွေးပွဲတွင် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် တက်ရောက်လာကြသည့် ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၏ အဆိုပြုတင်ပြလာမှုကို အတည်ပြုပြီးပါက ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်အလိုက် စတင်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။ ထို့ပြင် ကျင်းပရေးဦးစီးကော်မတီ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071