မူဆယ် – ရွှေလီ နယ်စပ်ဖြတ်ကျော်မာရသွန်အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမဆု (၄) ဆုရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။
အဆိုပါ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို ဇန်နဝါရီလ (၅) ရက်တွင် ရွှေလီမြို့၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအကြိမ်ပြိုင်ပွဲတွင် တရုတ်၊ မြန်မာ၊ အင်္ဂလန်စသည့် နိုင်ငံဒေသများစွာမှ စုစုပေါင်း ပြိုင်ပွဲဝင် (၉၀၂၉) ဦး စာရင်းသွင်းကာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မာရသွန်၊ တစ်ဝက်မာရသွန်၊ အပျော်တမ်း၊ Warm and Comfortable စသည့် ပြိုင်ပွဲအုပ်စု (၄) ခု စီစဉ်ထားပြီး မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင် မောင်မျိုးမင်းထက်က မာရသွန်အပြည့် မြန်မာအမျိုးသားပြိုင်ပွဲအုပ်စု၏ ပထမဆုကိုလည်းကောင်း၊ မထက်ယံပြည့်ဦးမှ မာရသွန်အပြည့် မြန်မာအမျိုးသမီးပြိုင်ပွဲအုပ်စု၏ ပထမဆုကို ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဇော်ခိုင်မှ တစ်ဝက်မာရသွန် မြန်မာအမျိုးသားပြိုင်ပွဲအုပ်စု၏ ပထမဆုကိုလည်းကောင်း၊ မအေးအေးသိန်းမှ တစ်ဝက်မာရသွန် မြန်မာအမျိုးသမီးပြိုင်ပွဲအုပ်စု၏ ပထမဆုကိုလည်းကောင်း ရရှိခဲ့ကြောင်း သိရသည်။