အာဆီယံ ချန်ပီယံရှစ် နောက်ဆုံးဗိုလ်ပွဲစဉ်အတွင်း ဗီယက်နမ်တိုက်စစ်မှူး ရာဖင်ဆန်၏ ခြေထောက်တွင် ရရှိခဲ့သည့်ဒဏ်ရာမှာ ခွဲစိတ်မှုအောင်မြင်ခဲ့ပြီဖြစ်သည်ဟု အာဆီယံဘောလုံးအဖွဲ့ချုပ်က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
၎င်းအနေဖြင့် ခွဲစိတ်ကုသမှုအပြီး (၆)လခန့် ပြန်လည် ထူထောင်ရေးနှင့် လေ့ကျင့်များ ပြုလုပ်ရမည်ဖြစ်ခြင်းကြောင့် AFC Asian Cup 2027 ခြေစစ်ပွဲစဉ်များအတွင်း ဝင်ရောက်ကစားနိုင်မည်မဟုတ်ကြောင်း ဆိုသည်။
အဆိုပါ AFC Asian Cup 2027ခြေစစ်ပွဲကို ဗီယက်နမ်အသင်းအနေဖြင့် နီပေါ၊ မလေးရှားအသင်းတို့နှင့် ကစားရမည်ဖြစ်ကာ ဗီယက်နမ်တိုက်စစ်မှူး ရာဖင်ဆန်အနေဖြင့် ထိုပွဲစဉ်များ၏ ပထမဆုံးပွဲ(၂) ပွဲအား လွဲချော်ရဖွယ်ရှိသည်ဟု အာဆီယံဘောလုံးအဖွဲ့ချုပ်က အသိပေးချက်တွင် ဖော်ပြထားသည်။
ဗီယက်နမ်တိုက်စစ်မှူး ရာဖင်ဆန်သည် ဘရာဇီးနိုင်ငံတစ်ဦးဖြစ်ပြီး ဗီယက်နမ်နိုင်ငံသားခံယူ၍ ၎င်း၏ မူရင်းအမည် ရာဖင်ဆန်အစား ငုယင်ဆူအန်ဇန်ဟု ဗီယက်နမ်အမည် ပြောင်းလဲခဲ့သူဖြစ်သည်။
၎င်းသည် ပြီးဆုံးခဲ့ပြီဖြစ်သည့် အာဆီယံချန်ပီယံရှစ် ဖလားပြိုင်ပွဲအတွင်း (၅)ပွဲ ကစားခဲ့ရာ သွင်းဂိုး (၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။