ဘန်ကောက်၊ဇန်နဝါရီ ၇
ထိုင်းနိုင်ငံ၌ ဒီဇင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ နှစ်သစ်ကူးခရီးသွားရာသီအတွင်း မတော်တဆမှု ၂,၄၆၇ ခုကြောင့် လူပေါင်း ၄၃၆ ဦးေ-သဆုံးကာ ၂,၃၆၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များ၏ သတင်းထုတ်ပြန်ကြေငြာချက်များအရသိရသည်။
ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ေ-သဆုံးမှုနှုန်းမြင့်တက်လာသော်လည်း မတော်တဆမှုနှင့်ထိခိုက်ဒဏ်ရာရမှုအရေအတွက်မှာ လျော့ကျသွားကြောင်းလည်းသိရသည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှု လေ့လာချက်များအရ ဘန်ကောက်မြို့တော်၌ လူေ-သဆုံးမှုအများဆုံးဖြစ်ပြီး ၂၆ ဦးအထိရှိကာ စံချိန်တင်ေ-သဆုံးမှုများဖြစ်ခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခု၌ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရသည်။
ယာဉ်တို-က်မှုဖြစ်ရသည့်အကြောင်းအရင်းအများစုမှာ အရှိန်လွန်မောင်းနှင်ခြင်းနှင့် ယာဉ်တစ်စီးရှေ့တစ်စီး ေကျာ်တက်ရာမှ မတော်တဆမှုဖြစ်ပွားရခြင်းဖြစ်သည်ဟုလည်းသူက ပြောသည်။
တစ်နှစ်ပတ်လုံး ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရန်လည်းလိုအပ်ကြောင်းလည်း သူကပြောကြားခဲ့သည်။
Source : ရှင်းဟွာ