Friday, January 10, 2025

လောင်းလုံးကျွန်းရှိ စစ်ရှောင် (၅,၀၀၀) ကျော်...

တနင်္သာရီတိုင်း၊ လောင်းလုံကျွန်းအတွင်းရှိ ကျေးရွာပေါင်း(၁၀)ရွာရှိ ဒေသခံစစ်ရှောင်(၅,၀၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ရေးအတွက် အခက်အခဲများဖြစ်ပေါ်ကာ အကူအညီများလိုအပ်နေကြောင်း အဆိုပါ ဒေသအတွင်း စစ်‌ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့ထံက သိရသည်။ ထို ဒေသခံစစ်ရှောင်များမှာ...

နှစ်သစ်တွင် မွေထိုင်းချန်ပီယံခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့သည့် ရိုးရာဖိုက်တာ...

ယမန်နေ့ ဇန်နဝါရီ (၉)ရက် ည(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် Patong fight night ချန်ပီယံခါးပတ်လုပြိုင်ပွဲ၌ မွေထိုင်းဖိုက်တာ ဘစ်နီဖရင်ကို ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးက...

ဘန်ကောက်တွင် ကမ္ဘောဒီးယားအမတ်ဟောင်းတစ်ဦး အသတ်ခံရ

ကမ္ဘောဒီးယားအတိုက်အခံအမတ်ဟောင်းတစ်ဦးသည် အင်္ဂါနေ့ညနေပိုင်းက ဘန်ကောက်မြို့တော် Phra Nakhon ခရိုင်တွင် မော်တော်ဆိုင်ကယ်သမားတစ်ဦး၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း သိရသည်။ လင်မ်ကင်ယာ(၇၃ နှစ်) သည် အခင်းဖြစ်နေရာတွင်ပင်...

Keynote Address (၆)ခုı Special...

Keynote Address (၆)ခုı Special Talk (၅)ခုနှင့် ပြည်တွင်း/ပြည်ပမှ သုတေသနစာတမ်း(၁၃၃) စောင်ဖတ်ကြားတင်သွင်းမည့် ပညာရေးဆိုင်ရာအသုံးချသုတေသနနိုင်ငံတကာညီလာခံ(၂၀၂၅) ကို ယနေ့ ဇန်နဝါရီ...
HomeNewsLocal Newsဒီဇင်ဘာလတွင် ပြည်ပသို့ ဆန်၊...

ဒီဇင်ဘာလတွင် ပြည်ပသို့ ဆန်၊ ဆန်ကွဲ တန်ချိန် (၃) သိန်းကျော် တင်ပို့မှုမှ ကန်ဒေါ်လာ (၁၄၅) သန်းရရှိခဲ့

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပြည်ပသို့ ဆန်၊ဆန်ကွဲ တန်ချိန် (၃၃၇၄၉၀) တန်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ (၁၄၅)သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

ပြည်ပသို့ ကုမ္ပဏီပေါင်း (၅၀) ကျော်မှ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တဆင့် နိုင်ငံပေါင်း (၈) နိုင်ငံသို့ တင်ပို့ခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်၏ ကိုးလတာအတွင်း ပြည်ပသို့ ဆန်တန်ချိန် (၂၀၃၄၆၅၆)တန်တင်ပို့ထားပြီး ယင်းမှ အမေရိကန်ဒေါ်လာ (၉၄၈) သန်းရရှိထားကြောင်း သိရသည်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု အနေဖြင့် ဧပြီလတွင် (၁၁၁၈၆၂) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၅၅) သန်း၊ မေလတွင် (၇၁၂၇၉ ဒသမ ၅) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၃၆) သန်း၊ ဇွန်လတွင် (၁၆၂၃၂၅၇၅) မ က်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၄) သန်း၊ ဇူလိုင်လတွင် (၁၆၅၄၄၄ ဒသမ ၃) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၁) သန်း၊ဩဂုတ်လတွင် (၂၀၇၃၆၉ ဒသမ ၉) မက်ထရစ်တန်တင်ပို့မှုမှ ကန်ဒေါ်လာ (၉၇) သန်း၊ စက်တင်ဘာလတွင် (၂၁၉၅၆၅ ဒသမ ၁၃) မက်ထရစ်တန်တင်ပို့မှုမှ ကန်ဒေါ်လာ (၁၀၄) သန်း၊ အောက်တိုဘာလတွင် (၄၂၄၇၈၄) မက်ထရစ်တန်တင်ပို့မှုမှ (၁၈၉)သန်း ၊ နိုဝင်ဘာလတွင် (၃၃၄၅၃၅) မက်ထရစ်တန်တင်ပို့မှုမှ (၁၅၆) သန်း ၊ ဒီဇင်ဘာလတွင် မက်ထရစ်တန် (၃၃၇၄၉၀) တန်တင်ပို့မှုမှ ကန်ဒေါ်လာ (၁၄၅) သန်း ရရှိထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လောင်းလုံးကျွန်းရှိ စစ်ရှောင် (၅,၀၀၀) ကျော် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ရေးအတွက် အကူအညီများလိုအပ်နေဟုဆို

တနင်္သာရီတိုင်း၊ လောင်းလုံကျွန်းအတွင်းရှိ ကျေးရွာပေါင်း(၁၀)ရွာရှိ ဒေသခံစစ်ရှောင်(၅,၀၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ရေးအတွက် အခက်အခဲများဖြစ်ပေါ်ကာ အကူအညီများလိုအပ်နေကြောင်း အဆိုပါ ဒေသအတွင်း စစ်‌ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့ထံက သိရသည်။ ထို ဒေသခံစစ်ရှောင်များမှာ ပြီးခဲ့သည့် ဒီဇင်ဘာနောက်ဆုံးအပတ်အတွင်းက စတင် ရှောင်တိမ်းနေကြရပြီး၊ ရာသီဥတုဒဏ်ကြောင့်အသက်ရွယ် ကြီးရင့်သူများအပါအဝင် ကလေ-းငယ်များပါ ရာသီပေါ် ရောဂါအမျိုးမျိုးကို ခံစားနေကြရသည်ဟု ဆိုသည်။ "ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးအပတ်ကတည်းက ဖြစ်နေတဲ့ တိုက်ပွဲကြောင့် လောင်းလုံးကျွန်းဆွယ်က ဒေသခံပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတာ။ အခုဆောင်းတွင်းကြီးဆိုတော့ ရာသီဥတုဒဏ်ကြောင့် ဖြစ်တဲ့ရောဂါတွေခံစားရတာပေါ့။ စားသောက်ရေးကလည်း ရက်ကြာလာတော့အခက်အခဲတွေကြုံနေရတယ်"ဟု စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။ ယနေ့အချိန်အထိ...

နှစ်သစ်တွင် မွေထိုင်းချန်ပီယံခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့သည့် ရိုးရာဖိုက်တာ နော်ဥမ္မာစိုး

ယမန်နေ့ ဇန်နဝါရီ (၉)ရက် ည(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် Patong fight night ချန်ပီယံခါးပတ်လုပြိုင်ပွဲ၌ မွေထိုင်းဖိုက်တာ ဘစ်နီဖရင်ကို ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးက ဒိုင်ပေးမှတ်ဖြင့် အနိုင်ယူကာ မွေထိုင်းချန်ပီယံခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။ ယင်း ပြိုင်ပွဲတွင် နော်ဥမ္မာစိုးက မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကာ ယခု နှစ်သစ်တွင် နိုင်ငံအတွက် ပထမဆုံး မွေထိုင်းချန်ပီယံခါးပတ်ကို ရယူပေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ယမန်နေ့ပွဲစဉ်တွင် သုံးချီအပြည့် ထိုးသ-တ်ခဲ့ရာ၌ ပထမအချီတွင် မွေထိုင်းမယ်က အသာစီးထိုးသ-တ်နေရာမှ ဒုတိယနှင့်တတိယအချီတွင် နော်ဥမ္မာစိုးက အသာစီး ပြန်လည်ထိုးသ-တ်ခဲ့ရာ ဒိုင်ပေးမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယခင်က ပိုလန်သူ...

ဘန်ကောက်တွင် ကမ္ဘောဒီးယားအမတ်ဟောင်းတစ်ဦး အသတ်ခံရ

ကမ္ဘောဒီးယားအတိုက်အခံအမတ်ဟောင်းတစ်ဦးသည် အင်္ဂါနေ့ညနေပိုင်းက ဘန်ကောက်မြို့တော် Phra Nakhon ခရိုင်တွင် မော်တော်ဆိုင်ကယ်သမားတစ်ဦး၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း သိရသည်။ လင်မ်ကင်ယာ(၇၃ နှစ်) သည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး လုပ်ကြံသတ်ဖြတ်သူကို မြို့တော်ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိသည်။ အခင်းဖြစ်နေရာမှ ထောက်လှမ်းရေးကင်မရာဗီဒီယိုမှတ်တမ်းအရ Honda Wave 100 မော်တော်ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုသည်။ သေဆုံးသူသည် ကမ္ဘောဒီးယား နှင့် ပြင်သစ် နှစ်နိုင်ငံ ၏ နိုင်ငံသားခံယူထားသူဖြစ်ပြီး သူ၏ ပြင်သစ်ဇနီးသည် ကမ္ဘောဒီးယားလူမျိုးဦးလေးတို့နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ယိမှ ဘတ်စ်ကားဖြင့် ဘန်ကောက်သို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071