Friday, January 10, 2025

လော့စ်အိန်ဂျလိစ်မီးဘေးတွင် လူ ၁၈၀,၀၀၀ နီးပါး...

လော့စ်အိန်ဂျလိစ် တောမီးဒဏ်သင့် ဒေသခံ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးထားကြောင်း ဒေသရဲအရာရှိ ရောဘတ်လူနာက သတင်းထောက်များအား ပြောကြားခဲ့သည်။ "အခုလောလောဆယ် လူပေါင်း ၁၈၀,၀၀၀...

ကချင်ပြည်နယ်အတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရမည်

ကချင်ပြည်နယ်အတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၀ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့...

လောင်းလုံးကျွန်းရှိ စစ်ရှောင် (၅,၀၀၀) ကျော်...

တနင်္သာရီတိုင်း၊ လောင်းလုံကျွန်းအတွင်းရှိ ကျေးရွာပေါင်း(၁၀)ရွာရှိ ဒေသခံစစ်ရှောင်(၅,၀၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ရေးအတွက် အခက်အခဲများဖြစ်ပေါ်ကာ အကူအညီများလိုအပ်နေကြောင်း အဆိုပါ ဒေသအတွင်း စစ်‌ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့ထံက သိရသည်။ ထို ဒေသခံစစ်ရှောင်များမှာ...

နှစ်သစ်တွင် မွေထိုင်းချန်ပီယံခါးပတ်ကို ဆွတ်ခူးနိုင်ခဲ့သည့် ရိုးရာဖိုက်တာ...

ယမန်နေ့ ဇန်နဝါရီ (၉)ရက် ည(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်သည့် Patong fight night ချန်ပီယံခါးပတ်လုပြိုင်ပွဲ၌ မွေထိုင်းဖိုက်တာ ဘစ်နီဖရင်ကို ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးက...
HomeNewsLocal News(၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပပြုလုပ်မည်

(၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပပြုလုပ်မည်

(၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို လာမည့် ဖေဖော်ဝါရီ(၁၃)ရက်၌ မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

မွန်တိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် မွန်အမျိုးသားနေ့ အခမ်းအနားကို မော်လမြိုင်မြို့ရှိ မွန်ဓမ္မာရုံတွင် အကျဉ်းချုံးသာ ကျင်းပသွားရန် စီစဉ်ထားပြီး အခမ်းအနားကို ရိုးရာမပျက် ကျင်းပနိုင်ရန် ယင်းနေ့ တစ်ရက်အတွင်း ၌သာ ကျင်းပသွားမည်ဖြစ်သည်ဟု မွန်အမျိုးသားနေ့ (ဗဟို) ကျင်းပရေးကော်မတီထံမှ သိရသည်။

မွန်အမျိုးသားနေ့ အခမ်းအနားကို ယခင်က မိမိဒေသအလိုက် ကျင်းပလာခဲ့ရာမှ ရွှေရတုသဘင် ဖြစ်သည့် ၁၉၉၇ ခုနှစ်မှစ၍ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအစရှိသည့် မြို့နယ်များ စုပေါင်းကာ ကျင်းပရေးကော်မတီ (ဗဟို)ကို ဖွဲ့စည်းခဲ့သည်။

ကျင်းပရေးကော်မတီ ဗဟိုအဆင့်ကို ဖွဲ့စည်းပြီးနောက်ပိုင်းတွင် ဗဟိုအခမ်းအနားကို တစ်နှစ်လျှင် တစ်မြို့နယ်ဖြင့် အလှည့်ကျကျင်းပလာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

သမလ၊ ဝိမလ မွန်ညီနောင်နှစ်ပါး ဟံသာဝတီ မင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့သည့် သာသနာ သက္ကရာဇ် ၁၁၁၆၊ (အေဒီ ၅၇၃) တပို့တွဲ လပြည့်ကျော် (၁) ရက်ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ခြင်းလည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လော့စ်အိန်ဂျလိစ်မီးဘေးတွင် လူ ၁၈၀,၀၀၀ နီးပါး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ

လော့စ်အိန်ဂျလိစ် တောမီးဒဏ်သင့် ဒေသခံ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးထားကြောင်း ဒေသရဲအရာရှိ ရောဘတ်လူနာက သတင်းထောက်များအား ပြောကြားခဲ့သည်။ "အခုလောလောဆယ် လူပေါင်း ၁၈၀,၀၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ပေးထားပြီး နောက်ထပ် လူ ၂သိန်းနီးပါးကိုလဲ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ သတိပေးထားပါတယ်" ဟု သူက ပြောကြားခဲ့သည်။ မီးဘေးအတွင်း လုယက်သူ နှစ်ဒါဇင်ခန့်ကိုလည်း ဖမ်းဆီးထားကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။ “အခုအချိန်အထိ ဖ-မ်းဆီးထားတာ အယောက် (၂၀)ရှိပြီ။ အဲဒီအရေအတွက် တိုးလာမယ်လို့ထင်ပါတယ်။ ဒီလိုအချိန်မှာ ခုလိုလုပ်တာမျိုးကို...

ကချင်ပြည်နယ်အတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရမည်

ကချင်ပြည်နယ်အတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၀ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။ ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် အခြားကဏ္ဍများတွင် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို ပူးပေါင်းဆောင်ရွက်သွားကြရမည်ဟု ပြောသည်။ ထို့ကြောင့် သဘာဝသယံဇာတအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်း၍ မျှတမှန်ကန်စွာခွဲဝေအသုံးချနိုင်မည့် စီးပွားရေးမူဘောင်များချမှတ်ဆောင်ရွက်ရန်နှင့် စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အလေးထားလုပ်ဆောင်ကြရမည်ဟု မှာကြားသည်။ ထို့ပြင် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများအောင်မြင်စေရန် အခြေခံလိုအပ်ချက်များဖြစ်သည့် ကုန်ကြမ်းပစ္စည်း၊...

လောင်းလုံးကျွန်းရှိ စစ်ရှောင် (၅,၀၀၀) ကျော် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ရေးအတွက် အကူအညီများလိုအပ်နေဟုဆို

တနင်္သာရီတိုင်း၊ လောင်းလုံကျွန်းအတွင်းရှိ ကျေးရွာပေါင်း(၁၀)ရွာရှိ ဒေသခံစစ်ရှောင်(၅,၀၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ရေးအတွက် အခက်အခဲများဖြစ်ပေါ်ကာ အကူအညီများလိုအပ်နေကြောင်း အဆိုပါ ဒေသအတွင်း စစ်‌ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့ထံက သိရသည်။ ထို ဒေသခံစစ်ရှောင်များမှာ ပြီးခဲ့သည့် ဒီဇင်ဘာနောက်ဆုံးအပတ်အတွင်းက စတင် ရှောင်တိမ်းနေကြရပြီး၊ ရာသီဥတုဒဏ်ကြောင့်အသက်ရွယ် ကြီးရင့်သူများအပါအဝင် ကလေ-းငယ်များပါ ရာသီပေါ် ရောဂါအမျိုးမျိုးကို ခံစားနေကြရသည်ဟု ဆိုသည်။ "ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးအပတ်ကတည်းက ဖြစ်နေတဲ့ တိုက်ပွဲကြောင့် လောင်းလုံးကျွန်းဆွယ်က ဒေသခံပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတာ။ အခုဆောင်းတွင်းကြီးဆိုတော့ ရာသီဥတုဒဏ်ကြောင့် ဖြစ်တဲ့ရောဂါတွေခံစားရတာပေါ့။ စားသောက်ရေးကလည်း ရက်ကြာလာတော့အခက်အခဲတွေကြုံနေရတယ်"ဟု စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။ ယနေ့အချိန်အထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071