Home International အင်ဒိုနီးရှားကနေအိမ်၁သန်းဆောက်ရန် ကာတာနှင့် သဘောတူချက်ရ

အင်ဒိုနီးရှားကနေအိမ်၁သန်းဆောက်ရန် ကာတာနှင့် သဘောတူချက်ရ

0
108

အင်ဒိုနီးရှား နိုင်ငံ အစိုးရသည် သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ အထင်ကရအစီအစဉ်များထဲမှ တစ်ခုဖြစ်သော တန်ဖိုးသင့်နေအိမ်တစ်သန်း ဆောက်လုပ်ရန်အတွက် ဇန်နဝါရီ ၈ ရက်တွင် ကာတာနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူတစ်ဦးနှင့် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါသဘောတူညီချက်ကို အိမ်ရာဝန်ကြီး Maruarar Sirait နှင့် Qilaa နိုင်ငံတကာအုပ်စု ဥက္ကဌ ရှိတ်အဗ္ဗဒူလာဇစ် အဗ္ဗဒူလာမန် အယ်လ်သာနီတို့က သမ္မတနန်းတော်တွင် မစ္စတာ ပရာဘိုဝိုရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

“မြို့ကြီးတွေမှာရှိတဲ့ ဝင်ငွေနည်းတဲ့ လူလတ်တန်းစားတွေကို ဦးစားပေးပါတယ်” ဟု နေအိမ်တစ်သန်းအတွက် ရည်ရွယ်ထားသူများနှင့်ပတ်သက်၍ မစ္စတာ Maruarar က ပြောဆိုခဲ့သည်။

နေအိမ်တိုက်ခန်းများဆောက်လုပ်ရန်အတွက် အစိုးရက မြေနေရာ ပံ့ပိုးပေးမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူသည် ကန်ထရိုက်တာဖြစ်လာမည်ဖြစ်ကာ စီမံကိန်းကို ငွေကြေးစိုက်ထည့်မည်ဖြစ်သည်။

လူလတ်တန်းစားများကို ထောက်ပံ့ရန်အတွက် ကျေးရွာများနှင့် မြို့ကြီးများတွင် နှစ်စဉ် လူနေအိမ်သုံးသန်းခန့် ဆောက်လုပ်ပေးသွားလိုသည်ဟု သူ၏ မဲဆွယ်စည်းရုံးခဲ့မှုအတွင်း မစ္စတာ ပရာဘိုဝိုက ပြောကြားခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here