Friday, January 10, 2025

ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး အခန်း (၈)ခန်း...

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊လမ်း (၃၀) ၊ (၆၈)လမ်းနှင့် (၆၉)လမ်းကြားတွင် လူနေအိမ် မီးလောင်မှုဖြစ်ပွားရာ Level 1 အဆင့် ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး...

ဂရင်းလန်း လွတ်လပ်ရေးသည် ဖြစ်နိုင်၊ အမေရိကနှင့်...

ဂရင်းလန်းသည် ဒေသခံတို့ကသာ လိုလားပါက လွတ်လပ်သောဒေသတစ်ခုဖြစ်လာနိုင်သော်လည်း အမေရိက၏ ပြည်နယ်တစ်ခုဖြစ်လာနိုင်ခြေမရှိဟု ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ အာတိတ်ဒေသကျွန်းကို ထိန်းချုပ်ရယူနိုင်ရေးတွင် အင်အားသုံးခြင်းမျိုးမလုပ်ဟု ပြောမရကြောင်း...

အာဆီယံဥက္ကဋ္ဌ၏ မြန်မာအရေး အာရုံစိုက်မှုကို ကမ္ဘောဒီးယားထောက်ခံ

ကမ္ဘောဒီးယားသည် မြန်မာအကျပ်အတည်းကို ဦးစားပေးဖြေရှင်းရန် ယခုနှစ် အာဆီယံသဘာပတိဖြစ်သည့် မလေးရှားကို အပြည့်အဝ ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံ လန်ကာဝီမြို့တွင် ဇန်နဝါရီ ၁၈ ရက်မှ...

လော့စ်အိန်ဂျလိစ်မီးဘေးတွင် လူ ၁၈၀,၀၀၀ နီးပါး...

လော့စ်အိန်ဂျလိစ် တောမီးဒဏ်သင့် ဒေသခံ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးထားကြောင်း ဒေသရဲအရာရှိ ရောဘတ်လူနာက သတင်းထောက်များအား ပြောကြားခဲ့သည်။ "အခုလောလောဆယ် လူပေါင်း ၁၈၀,၀၀၀...
HomeNewsLocal Newsဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြားများစတင်ကပ်လှူပူဇော်

ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြားများစတင်ကပ်လှူပူဇော်

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ရန်ဆောင်ရွက်နေသည့် ဗိုလ်တထောင်စေတီတော်မြတ်ကြီးအား ယနေ့ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက ရွှေစင်ရွှေပြားများစတင်ကပ်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားဆင်ယင်ကျင်းပခဲ့သည်။

ရွှေစင်ရွှေပြားများအားပန်းရထားဖြင့်တင်လှူ၍ စတင်ကပ်လှူပူဇော်ခြင်းဖြစ်ကာ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ်ဆရာတော်နှင့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တာဝန်ရှိသူများတက်ရောက်ကြည်ညိုခဲ့ကြသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများက နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္က သိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြသည်။

ထို့နောက် ဆရာတော်၊သံဃာတော်များအားလှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ စွန်းလွန်းဂူဝိပဿနာကျောင်းဆရာတော်ဘဒ္ဒန္တ ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့ပြင် ဗိုလ်တထောင်စေတီတော်၌တင်လှူပူဇော်မည့် ရွှေစင်ရွှေပြားများကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဆောင်၍ ပန်းရထားဖြင့်တင်ကာ စေတီတော်မြတ်ကြီးတွင် ကပ်လှူပူဇော်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး အခန်း (၈)ခန်း မီးလောင်ပျက်စီးခဲ့ရ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊လမ်း (၃၀) ၊ (၆၈)လမ်းနှင့် (၆၉)လမ်းကြားတွင် လူနေအိမ် မီးလောင်မှုဖြစ်ပွားရာ Level 1 အဆင့် ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး လူနေအခန်း (၈)ခန်း မီးလောင်ပျက်စီးခဲ့ကြောင်း နယ်မြေခံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ ဇန်နဝါရီ (၁၀)ရက်၊ နံနက် (၉)နာရီ မိနစ် (၅၀) အချိန်ခန့်က ချမ်းအေးသာစံမြို့နယ်၊ လမ်း (၃၀)ပေါ်ရှိ လူနေအိမ် အခန်းတွဲများ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့မှ Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ ထိုသို့...

ဂရင်းလန်း လွတ်လပ်ရေးသည် ဖြစ်နိုင်၊ အမေရိကနှင့် ပေါင်းစည်းရေးမှာမူ ဖြစ်နိုင်ခြေမရှိဟု ဒိန်းမတ်ကပြော

ဂရင်းလန်းသည် ဒေသခံတို့ကသာ လိုလားပါက လွတ်လပ်သောဒေသတစ်ခုဖြစ်လာနိုင်သော်လည်း အမေရိက၏ ပြည်နယ်တစ်ခုဖြစ်လာနိုင်ခြေမရှိဟု ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ အာတိတ်ဒေသကျွန်းကို ထိန်းချုပ်ရယူနိုင်ရေးတွင် အင်အားသုံးခြင်းမျိုးမလုပ်ဟု ပြောမရကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောဆိုခဲ့ပြီးနောက် ယင်းကဲ့သို့ တုန့်ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဒိန်းမတ်၏ အုပ်ချုပ်မှုအောက်တွင်ရှိပြီး ဓါတ်သတ္ထု့ကြွယ်ဝကာ မဟာဗျူဟာအရ အရေးပါသောကျွန်း၏ ကံကြမ္မာနှင့်ပတ်သက်၍ ထရမ့်ပ်၏ မှတ်ချက်စကားကြောင့် ကမ္ဘာ့ထိပ်တန်းခေါင်းကြီးသတင်းဖြစ်ခဲ့ပြီးနောက်တစ်ရက်တွင် ဂရင်းလန်းဒေသခေါင်းဆောင်သည် ဗုဒ္ဓဟူးနေ့က ကိုပင်ဟေဂင်တွင် ဒိန်းမတ်ဘုရင်နှင့် တွေ့ဆုံခဲ့သည်။ ဇန်နဝါရီလ ၂၀ ရက် နေ့ တွင် ရာထူးတာဝန်စတင်ထမ်းဆောင်မည့် ထရမ့်ပ်က ဂရင်းလန်းကို...

အာဆီယံဥက္ကဋ္ဌ၏ မြန်မာအရေး အာရုံစိုက်မှုကို ကမ္ဘောဒီးယားထောက်ခံ

ကမ္ဘောဒီးယားသည် မြန်မာအကျပ်အတည်းကို ဦးစားပေးဖြေရှင်းရန် ယခုနှစ် အာဆီယံသဘာပတိဖြစ်သည့် မလေးရှားကို အပြည့်အဝ ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံ လန်ကာဝီမြို့တွင် ဇန်နဝါရီ ၁၈ ရက်မှ ၁၉ ရက်အထိ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) Retreat ကျင်းပရန်ရှိသည်။ မလေးရှားနိုင်ငံသည် ယခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေပြီး ၁၉၆၇ ခုနှစ်က အဖွဲ့ကြီးကို စတင်တည်ထောင်ပြီးနောက် ပဉ္စမအကြိမ်အဖြစ်ဥက္ကဋ္ဌတာဝန်ယူခြင်းဖြစ်သည်။ အာဆီယံဥက္ကဋ္ဌအဖြစ် မလေးရှားသည် မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းခြင်းအပါအဝင် အဓိကစိန်ခေါ်မှုများအတွက် ဦးစားပေးအဖြေရှာရမည်ဟု အန်ဝါက ယမန်နေ့က ပြောကြားခဲ့ကြောင်း The New Straits...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071