Friday, January 10, 2025

Myanmar National League 2024-25...

Myanmar National League 2024-25 Week-14 ပွဲစဉ်အပြီး ရှမ်းယူနိုက်တက်အသင်းသည် အမှတ်ပေးဇယားရပ်တည်မှု ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း မြန်မာနေရှင်နယ်ကော်မတီ၏ အသိပေးဖော်ပြချက်အရ သိရသည်။ ရှမ်းယူနိုက်တက်အသင်းအနေဖြင့်...

ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး အခန်း (၈)ခန်း...

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊လမ်း (၃၀) ၊ (၆၈)လမ်းနှင့် (၆၉)လမ်းကြားတွင် လူနေအိမ် မီးလောင်မှုဖြစ်ပွားရာ Level 1 အဆင့် ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး...

ဂရင်းလန်း လွတ်လပ်ရေးသည် ဖြစ်နိုင်၊ အမေရိကနှင့်...

ဂရင်းလန်းသည် ဒေသခံတို့ကသာ လိုလားပါက လွတ်လပ်သောဒေသတစ်ခုဖြစ်လာနိုင်သော်လည်း အမေရိက၏ ပြည်နယ်တစ်ခုဖြစ်လာနိုင်ခြေမရှိဟု ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ အာတိတ်ဒေသကျွန်းကို ထိန်းချုပ်ရယူနိုင်ရေးတွင် အင်အားသုံးခြင်းမျိုးမလုပ်ဟု ပြောမရကြောင်း...

အာဆီယံဥက္ကဋ္ဌ၏ မြန်မာအရေး အာရုံစိုက်မှုကို ကမ္ဘောဒီးယားထောက်ခံ

ကမ္ဘောဒီးယားသည် မြန်မာအကျပ်အတည်းကို ဦးစားပေးဖြေရှင်းရန် ယခုနှစ် အာဆီယံသဘာပတိဖြစ်သည့် မလေးရှားကို အပြည့်အဝ ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံ လန်ကာဝီမြို့တွင် ဇန်နဝါရီ ၁၈ ရက်မှ...
HomeNewsLocal Newsမြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ကာကွယ်ရေးဆိုင် ရာများ၌...

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ကာကွယ်ရေးဆိုင် ရာများ၌ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်မည်

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ကာကွယ်ရေးဆိုင် ရာများ၌ ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်မည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေးခဲ့ကြသည်။

နစက ဥက္ကဋ္ဌသည် ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးအား ယနေ့ ဇန်နဝါရီ ၉ ရက်နေ့လည်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်လျက်ရှိမှု၊ သံတမန်ဆက်ဆံရေးနှင့် ကုန်သွယ်မှုများမြှင့်တင်ဆောင်ရွက်ရေး၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အခြား နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ သိပ္ပံနှင့်နည်းပ ညာဆိုင်ရာ ပညာတော်သင်များစေလွှတ်နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ နစက ဥက္ကဋ္ဌမှ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးကို အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဘက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ဒု-ဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာကံဇော်၊ ဦးထွန်းအုံ၊ ဒု-ဝန် ကြီးများနှင့်တာဝန်ရှိသူများ၊ ဟနွိုင်းမြို့အခြေ စိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအ မတ်ကြီး၊ ဘယ်လာရုစ်နိုင်ငံ၏ စက်မှုဝန်ကြီးဌာ န၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့်စား နပ်ရိက္ခာဆိုင်ရာဝန်ကြီးဌာနတို့မှ ဒု-ဝန်ကြီးများနှင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Myanmar National League 2024-25 Week-14 ပွဲစဉ်အပြီး ရှမ်းယူနိုက်တက်အသင်း အမှတ်ပေးဇယားရပ်တည်မှု ထိပ်ဆုံးတွင် ရပ်တည်နေ

Myanmar National League 2024-25 Week-14 ပွဲစဉ်အပြီး ရှမ်းယူနိုက်တက်အသင်းသည် အမှတ်ပေးဇယားရပ်တည်မှု ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း မြန်မာနေရှင်နယ်ကော်မတီ၏ အသိပေးဖော်ပြချက်အရ သိရသည်။ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ရမှတ်(၄၀)ဖြင့် ရပ်တည်မှုအဆင့်(၁)၊ ရန်ကုန်ယူနိုက်တက်အနေဖြင့် ရမှတ်(၃၄) မှတ်ဖြင့် အဆင့်(၂)နှင့် ဟံသာဝတီယူနိုက်တက်မှာ ရမှတ် (၃၃)မှတ်ဖြင့် အဆင့်(၃)နေရာတို့တွင် အသီးသီး ရပ်တည်နေကြသည်။ ထို့အတူ ဒဂုံစတား ယူနိုက်တက်ရမှတ်(၂၉)မှတ်၊ ISPE ရမှတ်(၂၃)မှတ်၊ မဟာယူနိုက်တက် ရမှတ်(၁၉)မှတ်၊ ရတနာပုံယူနိုက်တက် ရမှတ်(၁၉)မှတ်၊ ဒဂုံပေါ့စ်ယူနိုက်တက် ရမှတ် (၁၂)မှတ်၊ သစ္စာအားမာန်ယူနိုက်တက် ရမှတ်(၁၁) မှတ်၊...

ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး အခန်း (၈)ခန်း မီးလောင်ပျက်စီးခဲ့ရ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊လမ်း (၃၀) ၊ (၆၈)လမ်းနှင့် (၆၉)လမ်းကြားတွင် လူနေအိမ် မီးလောင်မှုဖြစ်ပွားရာ Level 1 အဆင့် ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး လူနေအခန်း (၈)ခန်း မီးလောင်ပျက်စီးခဲ့ကြောင်း နယ်မြေခံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ ဇန်နဝါရီ (၁၀)ရက်၊ နံနက် (၉)နာရီ မိနစ် (၅၀) အချိန်ခန့်က ချမ်းအေးသာစံမြို့နယ်၊ လမ်း (၃၀)ပေါ်ရှိ လူနေအိမ် အခန်းတွဲများ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့မှ Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ ထိုသို့...

ဂရင်းလန်း လွတ်လပ်ရေးသည် ဖြစ်နိုင်၊ အမေရိကနှင့် ပေါင်းစည်းရေးမှာမူ ဖြစ်နိုင်ခြေမရှိဟု ဒိန်းမတ်ကပြော

ဂရင်းလန်းသည် ဒေသခံတို့ကသာ လိုလားပါက လွတ်လပ်သောဒေသတစ်ခုဖြစ်လာနိုင်သော်လည်း အမေရိက၏ ပြည်နယ်တစ်ခုဖြစ်လာနိုင်ခြေမရှိဟု ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ အာတိတ်ဒေသကျွန်းကို ထိန်းချုပ်ရယူနိုင်ရေးတွင် အင်အားသုံးခြင်းမျိုးမလုပ်ဟု ပြောမရကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောဆိုခဲ့ပြီးနောက် ယင်းကဲ့သို့ တုန့်ပြန် ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဒိန်းမတ်၏ အုပ်ချုပ်မှုအောက်တွင်ရှိပြီး ဓါတ်သတ္ထု့ကြွယ်ဝကာ မဟာဗျူဟာအရ အရေးပါသောကျွန်း၏ ကံကြမ္မာနှင့်ပတ်သက်၍ ထရမ့်ပ်၏ မှတ်ချက်စကားကြောင့် ကမ္ဘာ့ထိပ်တန်းခေါင်းကြီးသတင်းဖြစ်ခဲ့ပြီးနောက်တစ်ရက်တွင် ဂရင်းလန်းဒေသခေါင်းဆောင်သည် ဗုဒ္ဓဟူးနေ့က ကိုပင်ဟေဂင်တွင် ဒိန်းမတ်ဘုရင်နှင့် တွေ့ဆုံခဲ့သည်။ ဇန်နဝါရီလ ၂၀ ရက် နေ့ တွင် ရာထူးတာဝန်စတင်ထမ်းဆောင်မည့် ထရမ့်ပ်က ဂရင်းလန်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071