Friday, January 10, 2025

နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းရန်...

နိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့်သာ အောင်မြင်မှုရနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဇန်နဝါရီလ (၁၀)...

Myanmar National League 2024-25...

Myanmar National League 2024-25 Week-14 ပွဲစဉ်အပြီး ရှမ်းယူနိုက်တက်အသင်းသည် အမှတ်ပေးဇယားရပ်တည်မှု ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း မြန်မာနေရှင်နယ်ကော်မတီ၏ အသိပေးဖော်ပြချက်အရ သိရသည်။ ရှမ်းယူနိုက်တက်အသင်းအနေဖြင့်...

ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး အခန်း (၈)ခန်း...

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊လမ်း (၃၀) ၊ (၆၈)လမ်းနှင့် (၆၉)လမ်းကြားတွင် လူနေအိမ် မီးလောင်မှုဖြစ်ပွားရာ Level 1 အဆင့် ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး...

ဂရင်းလန်း လွတ်လပ်ရေးသည် ဖြစ်နိုင်၊ အမေရိကနှင့်...

ဂရင်းလန်းသည် ဒေသခံတို့ကသာ လိုလားပါက လွတ်လပ်သောဒေသတစ်ခုဖြစ်လာနိုင်သော်လည်း အမေရိက၏ ပြည်နယ်တစ်ခုဖြစ်လာနိုင်ခြေမရှိဟု ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ အာတိတ်ဒေသကျွန်းကို ထိန်းချုပ်ရယူနိုင်ရေးတွင် အင်အားသုံးခြင်းမျိုးမလုပ်ဟု ပြောမရကြောင်း...
HomeNewsLocal Newsနိုင်ငံအတွက် ပညာရှင်များစွာလိုအပ်လျက်ရှိနေဆဲဖြစ်၍ အသိပညာရှင်၊...

နိုင်ငံအတွက် ပညာရှင်များစွာလိုအပ်လျက်ရှိနေဆဲဖြစ်၍ အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန် နိုင်ငံတော်ကစီမံဆောင်ရွက်ပေးနေ

နိုင်ငံအတွက် ပညာရှင်များစွာလိုအပ်လျက်ရှိနေဆဲဖြစ်၍ အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရန် နိုင်ငံတော်ကစီမံဆောင်ရွက်ပေးနေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းမှ ယနေ့ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက နေ ပြည်တော်၌ကျင်းပသည့် ပညာရေးဆိုင်ရာအ သုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅) ၏ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် စိုက် ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့်တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရန် ဦးတည်ချက်ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်ဟု ပြောသည်။

ထို့ကြောင့် ခေတ်မီ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် အတတ် ပညာရှင်များလိုအပ်မည်ဖြစ်၍ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များမွေးထုတ်နိုင်ရန် ခရိုင်အသီးသီးတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာများကို သင်ကြားပေးနေသည့် အခြေခံပညာအထက်တန်းကျောင်း(၈၅)ကျောင်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်ဟု ပြောသည်။

” နိုင်ငံအတွက် ပညာရှင်များစွာလိုအပ်လျက်ရှိနေဆဲဖြစ်တာကြောင့် အသိပညာရှင်၊ အတတ်ပ ညာရှင်လူသားအရင်းအမြစ်တွေမွေးထုတ်ပေးနိုင်ဖို့ နိုင်ငံတော်ကစီမံဆောင်ရွက်ပေးနေတာကြောင့် တာဝန်ရှိသူတွေနဲ့ ဆရာ၊ ဆရာမတွေ ကျောင်းသား၊ ကျောင်းသူတွေကလည်း ပူး ပေါင်းဆောင်ရွက်ပေးကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ကုန်ထုတ်လုပ်မှုမြင့်မားစေရေးကို အ ထောက်အကူပြုနိုင်မည့် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးကို အားပေးရမည်ဖြစ်ကာ သုတေသနတွေ့ရှိချက်များမှတစ်ဆင့် ထုတ်ကုန်အသစ်ထုတ်လုပ်နိုင်မည့် နည်းပညာအသစ်များကို စက်မှုလုပ်ငန်းများသို့အရောက် နည်းပညာလွှဲ ပြောင်းပေးခြင်းနှင့် သုတေသနတွေ့ရှိချက် အ သစ်များကို လိုအပ်သည့်အဖွဲ့အစည်းများထံ အ သိပညာဗဟုသုတမျှဝေပေးခြင်းပြုလုပ်ပေးရမည်ဟု ပြောသည်။

ထိုသို့ ပြုလုပ်ပေးပါက နိုင်ငံ့စီးပွားကို အချိန်တိုအတွင်းဖွံ့ဖြိုးတိုးတက်လာအောင် ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်မည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းရန် နစက ဥက္ကဋ္ဌ ထပ်ပြော

နိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့်သာ အောင်မြင်မှုရနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဇန်နဝါရီလ (၁၀) ရက်၌ ကျရောက်သည့် (၇၇) နှစ် မြောက် ကချင်ပြည်နယ်နေ့အတွက် ပေးပို့သည့် သဝဏ်လွှာ၌ နစကဥက္ကဋ္ဌက ယင်းကဲ့သို့ တိုက်တွန်းပြောကြားခြင်းလည်း ဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီနှင့်လွှတ်တော်လမ်းကြောင်းပေါ်ကို လျှောက်ဖို့လိုကြောင်းလည်း နစကဥက္ကဋ္ဌက ပြောသည်။ ကချင်ပြည်နယ်သည် တန်ဖိုးမဖြတ်နိုင်သော သဘာဝအရင်းအမြစ်များ ထွက်ရှိရာ ပြည်နယ်တခု ဖြစ်သည့်အပြင် အဖိုးတန်ရတနာများ ပေါကြွယ်စွာ ထွက်ရှိခြင်း၊ တောတောင်ရေမြေ...

Myanmar National League 2024-25 Week-14 ပွဲစဉ်အပြီး ရှမ်းယူနိုက်တက်အသင်း အမှတ်ပေးဇယားရပ်တည်မှု ထိပ်ဆုံးတွင် ရပ်တည်နေ

Myanmar National League 2024-25 Week-14 ပွဲစဉ်အပြီး ရှမ်းယူနိုက်တက်အသင်းသည် အမှတ်ပေးဇယားရပ်တည်မှု ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း မြန်မာနေရှင်နယ်ကော်မတီ၏ အသိပေးဖော်ပြချက်အရ သိရသည်။ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ရမှတ်(၄၀)ဖြင့် ရပ်တည်မှုအဆင့်(၁)၊ ရန်ကုန်ယူနိုက်တက်အနေဖြင့် ရမှတ်(၃၄) မှတ်ဖြင့် အဆင့်(၂)နှင့် ဟံသာဝတီယူနိုက်တက်မှာ ရမှတ် (၃၃)မှတ်ဖြင့် အဆင့်(၃)နေရာတို့တွင် အသီးသီး ရပ်တည်နေကြသည်။ ထို့အတူ ဒဂုံစတား ယူနိုက်တက်ရမှတ်(၂၉)မှတ်၊ ISPE ရမှတ်(၂၃)မှတ်၊ မဟာယူနိုက်တက် ရမှတ်(၁၉)မှတ်၊ ရတနာပုံယူနိုက်တက် ရမှတ်(၁၉)မှတ်၊ ဒဂုံပေါ့စ်ယူနိုက်တက် ရမှတ် (၁၂)မှတ်၊ သစ္စာအားမာန်ယူနိုက်တက် ရမှတ်(၁၁) မှတ်၊...

ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး အခန်း (၈)ခန်း မီးလောင်ပျက်စီးခဲ့ရ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊လမ်း (၃၀) ၊ (၆၈)လမ်းနှင့် (၆၉)လမ်းကြားတွင် လူနေအိမ် မီးလောင်မှုဖြစ်ပွားရာ Level 1 အဆင့် ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး လူနေအခန်း (၈)ခန်း မီးလောင်ပျက်စီးခဲ့ကြောင်း နယ်မြေခံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယနေ့ ဇန်နဝါရီ (၁၀)ရက်၊ နံနက် (၉)နာရီ မိနစ် (၅၀) အချိန်ခန့်က ချမ်းအေးသာစံမြို့နယ်၊ လမ်း (၃၀)ပေါ်ရှိ လူနေအိမ် အခန်းတွဲများ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့မှ Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ ထိုသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071