Friday, January 10, 2025

မြန်မာသံရုံး၊ ဗန်ကောက်မြို့က မြန်မာနိုင်ငံသားဆိုင်ရာလုပ်ငန်း(၄)မျိုးကို မကြာမီဆောင်ရွက်ပေးမည်

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံသားဆိုင်ရာလုပ်ငန်း(၄) မျိုးကို မကြာမီကာလအတွင်း စတင်ဆောင်ရွက်ပေးသွားမည်ဟု ယနေ့ ဇန်နဝါရီ ၁၀ ရက်က...

ကရင်ပြည်နယ်သို့ ၂၀၂၄ ခုနှစ်၏ (၁၁)လတာအတွင်း...

ကရင်ပြည်နယ်သို့ ၂၀၂၄ ခုနှစ်၏ (၁၁)လတာအတွင်း ခရီးသွား(၄)သိန်းခွဲကျော်လာရောက်လည်ပတ်ခဲ့၍ ပြည်နယ်ခရီးသွားလုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက်လာကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ၂၀၂၄ ခုနှစ်၏ (၁၁)လတာအတွင်း ပြည်တွင်း/ပြည်ပခရီးသွား(၄)သိန်းခွဲကျော်...

အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံ၏အခန်းကဏ္ဍမြှင့်တင်နိုင်ရန် နိုင်ငံခြားရေးဒု-ဝန်ကြီး အထူးအလေးထားတိုက်တွန်း

အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံ၏အခန်းကဏ္ဍမြှင့်တင်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု- ဝန်ကြီးဦးကိုကိုကျော်မှ ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့က နေပြည်တော်၌ကျင်းပသည့် “အာဆီယံအတွင်း မြန်မာနိုင်ငံ၏...

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် (၂)ရက်အတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် (၂) ရက်အတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ (၉) ရက်၊...
HomeNewsLocal Newsလောင်းလုံးကျွန်းရှိ စစ်ရှောင် (၅,၀၀၀)...

လောင်းလုံးကျွန်းရှိ စစ်ရှောင် (၅,၀၀၀) ကျော် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ရေးအတွက် အကူအညီများလိုအပ်နေဟုဆို

တနင်္သာရီတိုင်း၊ လောင်းလုံကျွန်းအတွင်းရှိ ကျေးရွာပေါင်း(၁၀)ရွာရှိ ဒေသခံစစ်ရှောင်(၅,၀၀၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ရေးအတွက် အခက်အခဲများဖြစ်ပေါ်ကာ အကူအညီများလိုအပ်နေကြောင်း အဆိုပါ ဒေသအတွင်း စစ်‌ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့ထံက သိရသည်။

ထို ဒေသခံစစ်ရှောင်များမှာ ပြီးခဲ့သည့် ဒီဇင်ဘာနောက်ဆုံးအပတ်အတွင်းက စတင် ရှောင်တိမ်းနေကြရပြီး၊ ရာသီဥတုဒဏ်ကြောင့်အသက်ရွယ် ကြီးရင့်သူများအပါအဝင် ကလေ-းငယ်များပါ ရာသီပေါ် ရောဂါအမျိုးမျိုးကို ခံစားနေကြရသည်ဟု ဆိုသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာ နောက်ဆုံးအပတ်ကတည်းက ဖြစ်နေတဲ့ တိုက်ပွဲကြောင့် လောင်းလုံးကျွန်းဆွယ်က ဒေသခံပြည်သူတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတာ။ အခုဆောင်းတွင်းကြီးဆိုတော့ ရာသီဥတုဒဏ်ကြောင့် ဖြစ်တဲ့ရောဂါတွေခံစားရတာပေါ့။ စားသောက်ရေးကလည်း ရက်ကြာလာတော့အခက်အခဲတွေကြုံနေရတယ်”ဟု စစ်ရှောင်အရေးဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောသည်။

ယနေ့အချိန်အထိ တနင်္သာရီတိုင်းအတွင်း
ရှိ တနင်္သာရီမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ပုလောမြို့နယ်နှင့် ထားဝယ်မြို့နယ်တ်ု့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ရက် ဆက် ပြင်းထန်နေကြောင်း သိရသည်။

ထို့အပြင် ထားဝယ်-ထီးခီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအားKNU/KNLA နှင့် KTLA တပ်တို့အကြားမထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ပိတ်ထားရဆဲဖြစ်ပြီး မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင်လည်းတပ်မတော်နှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် သွားလာခွင့်များ ယာယီပိတ်ထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက ထပ်မံသိရှိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာသံရုံး၊ ဗန်ကောက်မြို့က မြန်မာနိုင်ငံသားဆိုင်ရာလုပ်ငန်း(၄)မျိုးကို မကြာမီဆောင်ရွက်ပေးမည်

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံသားဆိုင်ရာလုပ်ငန်း(၄) မျိုးကို မကြာမီကာလအတွင်း စတင်ဆောင်ရွက်ပေးသွားမည်ဟု ယနေ့ ဇန်နဝါရီ ၁၀ ရက်က အသိပေးခဲ့သည်။ အဆိုပါ လုပ်ငန်း(၄)မျိုးသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများ၊ အသက်(၁၀)နှစ်ပြည့်နှင့် (၁၈)နှစ်ပြည့်မိသားစုဝင်များအတွက်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မြန်မာသံရုံး၊ ဗန်ကောက်၌(၆)လ တာတွဲဖက်တာဝန်ထမ်းဆောင်ပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ မိဘ၏ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ-၆၆/၆) နှင့် နိုင်ငံသားကိုယ်ရေးမှတ်တမ်း(ပုံစံ နိုင်-၂)တွင် သားသမီးအမည်စာရင်းထည့်သွင်းခြင်း၊ အိမ်ထောင်စုလူဉီးရေစာရင်း(ပုံစံ-၆၆/၆)ရှိသော်လည်း ကိုင်ဆောင်လက်မှတ်မရှိသည့် အခွန်ထမ်းအိမ်ထောင်စုဝင်များအား အသက်(၁၀)နှစ်ပြည့်နှင့် (၁၈)နှစ်ပြည့် ကိုင်ဆောင်လက်မှတ်များကို ဥပဒေနှင့်အညီထုတ်ပေးခြင်းတို့ကို...

ကရင်ပြည်နယ်သို့ ၂၀၂၄ ခုနှစ်၏ (၁၁)လတာအတွင်း ခရီးသွား(၄)သိန်းခွဲကျော်လာရောက်လည်ပတ်ခဲ့၍ ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက်လာ

ကရင်ပြည်နယ်သို့ ၂၀၂၄ ခုနှစ်၏ (၁၁)လတာအတွင်း ခရီးသွား(၄)သိန်းခွဲကျော်လာရောက်လည်ပတ်ခဲ့၍ ပြည်နယ်ခရီးသွားလုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက်လာကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ၂၀၂၄ ခုနှစ်၏ (၁၁)လတာအတွင်း ပြည်တွင်း/ပြည်ပခရီးသွား(၄)သိန်းခွဲကျော် ကရင်ပြည်နယ်သို့ ဝင်ရောက်လည်ပတ်ခဲ့၍ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၏ဝင်ငွေရရှိမှုမှာ ငွေကျပ်(၄၇၆၁၉ ဒဿမ ၁၈)သိန်းအထိရရှိခဲ့သဖြင့် ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက်ရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် လက်ရှိအချိန်၌ ဟိုတယ်နှင့်တည်းခိုရိပ်သာ(၆၀)လုံး၊ အိပ်ခန်းပေါင်း(၂၁၅၉)ခန်းရှိရာ လုပ်ငန်းလိုင်စင်ထုတ်ပေးနိုင်မှုတွင်လည်း (၂၂ ဒဿမ ၄၅)ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။ ထိုသို့ ကရင်ပြည်နယ်၌ ခရီးသွားလုပ်ငန်းတိုးတက်လာခဲ့သဖြင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်းများဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊...

အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံ၏အခန်းကဏ္ဍမြှင့်တင်နိုင်ရန် နိုင်ငံခြားရေးဒု-ဝန်ကြီး အထူးအလေးထားတိုက်တွန်း

အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံ၏အခန်းကဏ္ဍမြှင့်တင်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု- ဝန်ကြီးဦးကိုကိုကျော်မှ ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့က နေပြည်တော်၌ကျင်းပသည့် “အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး”ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အထူးအလေးထားတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် “လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ”ကို ကျင့်သုံးလျက်ရှိရာ ကမ္ဘာ့နိုင်ငံများနှင့် နှစ်နိုင်ငံချင်းသာမက ကုလသမဂ္ဂ၊ အာဆီယံ၊ ဘင်းမ်စတက်နှင့် မဲခေါင်ဒေသခွဲဆိုင်ရာအဖွဲ့အစည်းများ၊ အာရှ-ဥရောပ အစည်းအဝေး(အေဆမ်)၊ အာရှပူး ပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ(အေစီဒီ)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အက်စ်စီအို) စသည့် ဒေသတွင်း၊ ဒေသခွဲဆိုင်ရာနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင်လည်း တက်ကြွစွာပူးပေါင်းပါဝင်လျက်ရှိသည်ဟု ပြောသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071