Home News Local News ကချင်ပြည်နယ်အတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရမည်

ကချင်ပြည်နယ်အတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရမည်

0
161

ကချင်ပြည်နယ်အတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၀ ရက်တွင်ကျရောက်သည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် အခြားကဏ္ဍများတွင် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို ပူးပေါင်းဆောင်ရွက်သွားကြရမည်ဟု ပြောသည်။

ထို့ကြောင့် သဘာဝသယံဇာတအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်း၍ မျှတမှန်ကန်စွာခွဲဝေအသုံးချနိုင်မည့် စီးပွားရေးမူဘောင်များချမှတ်ဆောင်ရွက်ရန်နှင့် စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အလေးထားလုပ်ဆောင်ကြရမည်ဟု မှာကြားသည်။

ထို့ပြင် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများအောင်မြင်စေရန် အခြေခံလိုအပ်ချက်များဖြစ်သည့် ကုန်ကြမ်းပစ္စည်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် နည်းပညာပိုင်းဆိုင်ရာများကို ဟန်ချက်ညီညီပြည့်စုံစွာရရှိရေးကြိုးပမ်းဆောင်ရွက်ရန်နှင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရန် အလေးထားဆောင်ရွက်ကြရမည်ဟု တိုက်တွန်းမှာကြားသည်။

ထို့အတူ နစက ဥက္ကဋ္ဌမှ ယနေ့အချိန်အခါသည် နစက မှ နိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသောကာလဖြစ်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေးတို့အတွက် ဒို့တာဝန်အရေးသုံးပါးနှင့်အညီ ကာကွယ်စောင့်ရှောက်လျက်ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

ထို့ကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ၏ လူမှုစီးပွားဘဝမြင့်မားရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် ငြိမ်းချမ်းသာယာဝပြောသည့်အနာဂတ်ကိုရည်မှန်းလျက် ကောင်းမွန်သည့် ပစ္စုပ္ပန်ကိုတည်ဆောက်လျက်ရှိသောကြောင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများနှင့် လက်တွဲပြီးအောင်မြင်အောင်ဆက်လက်ဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here