နိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့်သာ အောင်မြင်မှုရနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့ ဇန်နဝါရီလ (၁၀) ရက်၌ ကျရောက်သည့် (၇၇) နှစ် မြောက် ကချင်ပြည်နယ်နေ့အတွက် ပေးပို့သည့် သဝဏ်လွှာ၌ နစကဥက္ကဋ္ဌက ယင်းကဲ့သို့ တိုက်တွန်းပြောကြားခြင်းလည်း ဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီနှင့်လွှတ်တော်လမ်းကြောင်းပေါ်ကို လျှောက်ဖို့လိုကြောင်းလည်း နစကဥက္ကဋ္ဌက ပြောသည်။
ကချင်ပြည်နယ်သည် တန်ဖိုးမဖြတ်နိုင်သော သဘာဝအရင်းအမြစ်များ ထွက်ရှိရာ ပြည်နယ်တခု ဖြစ်သည့်အပြင် အဖိုးတန်ရတနာများ ပေါကြွယ်စွာ ထွက်ရှိခြင်း၊ တောတောင်ရေမြေ သဘာဝကောင်းများကြောင့် သီးနှံများ စိုက်ပျိုးဖြစ်ထွန်းခြင်းနှင့် မြန်မာနိုင်ငံ၏ အလှပဆုံးသော ဧရာဝတီမြစ်ကြီး စတင်စီးဆင်းရာ နေရာဖြစ်ခြင်းတို့ကလည်း ပြည်နယ်၏ ထူးခြားသော အလှတရားကို ဖော်ပြလျက်ရှိကြောင်းလည်း ဆိုသည်။
ထို့ကြောင့် ကချင်ပြည်နယ်မှ မိဘပြည်သူ တိုင်းရင်းသား ညီအကိုမောင်နှမများနှင့်အတူ နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးပြီး အမျိုးသားရေး စိတ်ဓာတ်မြင့်မားသည့် တိုင်းရင်းသားပြည်သူများက နိုငိငံတော်တည်ငြိမ်ရေး၊ ထာဝရ ငြိမ်းချမ်းရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝမြင့်မားရေး၊ ပြည်ထောင်စုတဝန်းအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိူးရေးတို့အတွက် တည်ဆောက်ရာတွင် ကျရာကဏ္ဏအ လိုက် ဝိုင်းဝန်းပါဝင် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်းလည်း နစကဥက္ကဋ္ဌက ဂုဏ်ပြုသဝဏ်လွှာတွင် တိုက်တွန်းထားသည်။