Saturday, January 11, 2025

နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမှုကို မိတ္ထီလာ၌...

မန္တလေးတိုင်း၊ မိတ္ထီလာ၌ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ၎င်းမှ ယနေ့ ဇန်နဝါရီ ၁၀...

မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ...

မြန်မာ - ကိုရီးယားနှစ်နိုင်ငံအကြား လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ ပူးပေါင်းဖွင့်လှစ်နိုင်မည့် အခြေအနေများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Chung-Ang University...

ကမ္ဘောဒီးယားအမတ်ဟောင်းကိုလုပ်-ကြံခဲ့သူကိုဖမ်းမိပြီ

ဘန်ကောက်၊ဇန်နဝါရီ ၁၀ ကမ္ဘောဒီးယားအမတ်ဟောင်း မစ္စတာလင်မ်ကင်ယာကို ဘန်ကောက်၌လုပ်-ကြံခဲ့သူကို ကမ္ဘောဒီးယားနှင့်ထိုင်းရဲတပ်ဖွဲ့များပူးပေါင်းမှုဖြင့် ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ မစ္စတာလင်မ်ကို လု-ပ်ကြံခဲ့သူသည် တပ်ကြပ်ကြီး M ဟုလူသိများသော Ekkalak Paenoi ဆိုသူဖြစ်ပြီး...

မြန်မာသံရုံး၊ ဗန်ကောက်မြို့က မြန်မာနိုင်ငံသားဆိုင်ရာလုပ်ငန်း(၄)မျိုးကို မကြာမီဆောင်ရွက်ပေးမည်

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံသားဆိုင်ရာလုပ်ငန်း(၄) မျိုးကို မကြာမီကာလအတွင်း စတင်ဆောင်ရွက်ပေးသွားမည်ဟု ယနေ့ ဇန်နဝါရီ ၁၀ ရက်က...
HomeNewsLocal Newsကရင်ပြည်နယ်သို့ ၂၀၂၄ ခုနှစ်၏...

ကရင်ပြည်နယ်သို့ ၂၀၂၄ ခုနှစ်၏ (၁၁)လတာအတွင်း ခရီးသွား(၄)သိန်းခွဲကျော်လာရောက်လည်ပတ်ခဲ့၍ ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက်လာ

ကရင်ပြည်နယ်သို့ ၂၀၂၄ ခုနှစ်၏ (၁၁)လတာအတွင်း ခရီးသွား(၄)သိန်းခွဲကျော်လာရောက်လည်ပတ်ခဲ့၍ ပြည်နယ်ခရီးသွားလုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက်လာကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

၂၀၂၄ ခုနှစ်၏ (၁၁)လတာအတွင်း ပြည်တွင်း/ပြည်ပခရီးသွား(၄)သိန်းခွဲကျော် ကရင်ပြည်နယ်သို့ ဝင်ရောက်လည်ပတ်ခဲ့၍ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၏ဝင်ငွေရရှိမှုမှာ ငွေကျပ်(၄၇၆၁၉ ဒဿမ ၁၈)သိန်းအထိရရှိခဲ့သဖြင့် ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက်ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကရင်ပြည်နယ်၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် လက်ရှိအချိန်၌ ဟိုတယ်နှင့်တည်းခိုရိပ်သာ(၆၀)လုံး၊ အိပ်ခန်းပေါင်း(၂၁၅၉)ခန်းရှိရာ လုပ်ငန်းလိုင်စင်ထုတ်ပေးနိုင်မှုတွင်လည်း (၂၂ ဒဿမ ၄၅)ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ကရင်ပြည်နယ်၌ ခရီးသွားလုပ်ငန်းတိုးတက်လာခဲ့သဖြင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်းများဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာဧည့်ခံကျွေးမွေးရေးသင်တန်းတို့အား ဒီဇင်ဘာ ၁၆ ရက်မှ ဇန်နဝါ ရီ ၁၀ ရက်အထိဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းသား၊ သင်တန်းသူ(၉၈)ဦးတက်ရောက်ခဲ့သည်။

အဆိုပါ သင်တန်းများ၏ သင်တန်းဆင်းပွဲကို ယနေ့ ဇန်နဝါရီ ၁၀ ရက်နံနက် ၉ နာရီက ဘားအံမြို့၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးတက်ရောက်၍ သင်တန်းထူးချွန်ဆုရရှိသူများ၊ နည်းပြများအားဂုဏ်ပြုဆုနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ကရင်ပြည်နယ်၏သာယာလှပသည့် ရေ၊မြေ၊တော၊တောင်သဘာဝရှုခင်းများ၊ လှိုဏ်ဂူများ၊ ရေတံခွန်၊ စိမ့်စမ်းများ၊ တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရာသီအလိုက်ပွဲတော်များနှင့် အရင်းအမြစ်အခြေခံကောင်းများပေါကြွယ်ဝမှုတို့ကြောင့် ပြည်တွင်း/ပြည်ပခရီးသွားများလာရောက်လည်ပတ်မှုများပြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမှုကို မိတ္ထီလာ၌ အောင်မြင်စွာဆောင်ရွက်နိုင်မည်

မန္တလေးတိုင်း၊ မိတ္ထီလာ၌ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ၎င်းမှ ယနေ့ ဇန်နဝါရီ ၁၀ ရက်မွန်းလွဲပိုင်းက မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းရှင်များအားမိတ္ထီလာမြို့၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် မိမိတို့အနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲမှုကို အားပေးဆောင်ရွက်လျက်ရှိကာ မိတ္ထီလာသည် မိုးရွာရက်နည်းသည့်ဒေသဖြစ်ရာ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု ပြောသည်။ ထို့ပြင် နိုင်ငံတော်မှဆောင်ရွက်သည့် စီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်းလိုအပ်ချက်များအလိုက်...

မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ ပူးပေါင်းဖွင့်လှစ်နိုင်ရေး ဆွေးနွေး

မြန်မာ - ကိုရီးယားနှစ်နိုင်ငံအကြား လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ ပူးပေါင်းဖွင့်လှစ်နိုင်မည့် အခြေအနေများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Chung-Ang University (CAU)၊ အငြိမ်းစားဂုဏ်ထူးဆောင် ပါမောက္ခ Dr. Taehyun Kim တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ Chung-Ang University (CAU)၊ နိုင်ငံတကာလေ့လာရေးဘွဲ့လွန်ကျောင်း (GSIS) ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး (FGPT) ဆိုင်ရာ CAU ဖောင်ဒေးရှင်းဥက္ကဋ္ဌ...

ကမ္ဘောဒီးယားအမတ်ဟောင်းကိုလုပ်-ကြံခဲ့သူကိုဖမ်းမိပြီ

ဘန်ကောက်၊ဇန်နဝါရီ ၁၀ ကမ္ဘောဒီးယားအမတ်ဟောင်း မစ္စတာလင်မ်ကင်ယာကို ဘန်ကောက်၌လုပ်-ကြံခဲ့သူကို ကမ္ဘောဒီးယားနှင့်ထိုင်းရဲတပ်ဖွဲ့များပူးပေါင်းမှုဖြင့် ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။ မစ္စတာလင်မ်ကို လု-ပ်ကြံခဲ့သူသည် တပ်ကြပ်ကြီး M ဟုလူသိများသော Ekkalak Paenoi ဆိုသူဖြစ်ပြီး ၎င်းသည် ‌ေ-သနတ်သုံးချက်ပ-စ်ကာ လု-ပ်ကြံခဲ့ခြင်းဖြစ်ပြီး ၎င်းကို နံပါတ်တစ်သံသယတရားခံအဖြစ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းသံသယတရားခံအား နောက်ကြောင်းစုံစမ်းလိုက်သောအခါ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များက ထိုင်းရေတပ်တွင် ပြဿနာဖြစ်ပြီး နှစ်ကြိမ်ထိန်းသိမ်းခံရဖူးကာ ၂၀၂၃ ခုနှစ်တွင် ခွင့်မဲ့ပျက်ကွက်မှုဖြင့် ထိန်းသိမ်းခံခဲ့ရဖူးကြောင်းသိရသည်။ တပ်ကြပ်ကြီး M သည် အမတ်ဟောင်းကို လု-ပ်ကြံရန် စာချုပ်ဖြင့်ကြေးစားလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ယခင်က ဆိုင်ကယ်တက္ကစီမောင်းပြီး အနေအေးသူတစ်ဦးဖြစ်ရာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071