ဘန်ကောက်၊ဇန်နဝါရီ ၁၀
ကမ္ဘောဒီးယားအမတ်ဟောင်း မစ္စတာလင်မ်ကင်ယာကို ဘန်ကောက်၌လုပ်-ကြံခဲ့သူကို ကမ္ဘောဒီးယားနှင့်ထိုင်းရဲတပ်ဖွဲ့များပူးပေါင်းမှုဖြင့် ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
မစ္စတာလင်မ်ကို လု-ပ်ကြံခဲ့သူသည် တပ်ကြပ်ကြီး M ဟုလူသိများသော Ekkalak Paenoi ဆိုသူဖြစ်ပြီး ၎င်းသည် ေ-သနတ်သုံးချက်ပ-စ်ကာ လု-ပ်ကြံခဲ့ခြင်းဖြစ်ပြီး ၎င်းကို နံပါတ်တစ်သံသယတရားခံအဖြစ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းသံသယတရားခံအား နောက်ကြောင်းစုံစမ်းလိုက်သောအခါ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များက ထိုင်းရေတပ်တွင် ပြဿနာဖြစ်ပြီး နှစ်ကြိမ်ထိန်းသိမ်းခံရဖူးကာ ၂၀၂၃ ခုနှစ်တွင် ခွင့်မဲ့ပျက်ကွက်မှုဖြင့် ထိန်းသိမ်းခံခဲ့ရဖူးကြောင်းသိရသည်။
တပ်ကြပ်ကြီး M သည် အမတ်ဟောင်းကို လု-ပ်ကြံရန် စာချုပ်ဖြင့်ကြေးစားလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ယခင်က ဆိုင်ကယ်တက္ကစီမောင်းပြီး အနေအေးသူတစ်ဦးဖြစ်ရာ ယခုကိစ္စ၌ပါဝင်ပတ်သက်နေမှုအပေါ် ဒေသခံများက အံ့ဩနေကြသည်ဟုလည်းသိရသည်။
တပ်ကြပ်ကြီး M သည် လု-ပ်ကြံပြီးနောက် ကမ္ဘောဒီးယားသို့ထွက်ပြေးလွတ်မြောက်သွားသော်လည်း CCTV မှတ်တမ်းများမှတစ်ဆင့် နှစ်နိုင်ငံရဲတပ်ဖွဲ့များ၏ပူးပေါင်းဖမ်းဆီးမှုကြောင့် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
Source : ခါဆော့ထ်အင်္ဂလိပ်