Saturday, January 11, 2025

ဟောလိဝုဒ်သရုပ်‌ဆောင်များက အဝတ်အစား အသုံးအဆောင်များကို မီးဘေးအတွက်ပေးလှူ

အမေရိကန်ပြည်ထောင်စု လော့စ်‌ဆန်းဂျလိစ်ဒေသများကို ယခုသီတင်းပတ်တွင် တောမီးဝါးမြိုဖျက်ဆီးနေခဲ့သည့်အတွက် အိမ်ခြံမြေကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဂျန်နာကူးပါးက လိုအပ်သူများကို ကူညီရန်အတွက် မိတ်ဆွေသူငယ်ချင်းများထံမှ အဝတ်အထည်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို စတင်အလှူခံခဲ့သည်။ သူ၏ တောင်းခံမှုသည်...

ဂျေဂျူးလေယာဉ်မပျ-က်ခင်လေးမိနစ်ခန့်မှတ်တမ်းဘလက်ဘောက်စ်မှာ မတွေ့

ဒီဇင်ဘာလ ၂၉ ရက်‌ေန့က ပျ-က်ကျခဲ့သော ဂျေဂျူးလေကြောင်းလိုင်း လေယာဉ်၏ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာနှင့် လေယာဉ်မှူးခန်း အသံမှတ်တမ်းတင်ကိရိယာ(ဘလက်ဘောက်စ်) များသည် တောင်ကိုရီးယားနိုင်ငံ Muan လေဆိပ်ရှိ...

မန္တလေးတိုင်းမှ ရေဘေးသင့်အာမခံအလုပ်သ မား(၁၁၉၇)ဦးအတွက် လူမှုဖူလုံရေးကူညီမှုအ...

မန္တလေးတိုင်းမှ ရေဘေးသင့်အာမခံအလုပ်သ မား(၁၁၉၇)ဦးအတွက် လူမှုဖူလုံရေးကူညီမှုအ ကျိုးခံစားခွင့်ငွေကျပ်(၉၇သန်းကျော်ကို ဇန်နဝါ ရီ ၁၀ ရက်နံနက်ပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လူမှုဖူလုံရေးကူညီမှုအကျိုးခံစားခွင့်၏ (၄၀)ရာခိုင်နှုန်းဖြစ်သည့်...

ပို့ကုန်ဆိုင်ရာ ရက်တိုသင်တန်းအတွက် သင်တန်းသားခေါ်ယူထား

ကုန်သွယ်ရေးဦးစီးဌာန ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်) ပို့ကုန်ဆိုင်ရာရက်တိုသင်တန်းများ (အမှတ်စဉ်-၇) ပို့ကုန်လုပ်ငန်း စတင်လုပ်ကိုင်နည်း သင်တန်းအတွက် သင်တန်းသားများကို နိုင်ငံပိုင်သတင်းစာမှတဆင့်ခေါ်ယူထားသည်။ အဆိုပါ သင်တန်းကာလမှာ ၂၀၂၅ ခုနှစ်၊...
HomeNewsLocal NewsMyanmar – Belarus...

Myanmar – Belarus Business Forum တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များဆွေးနွေးခဲ့

ရန်ကုန်မြို့ Lotte Hotel ၌ Myanmar – Belarus Business Forum ကျင်းပခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲသို့ နစကကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော တတ်ရောက်ခဲ့ပြီး ယင်းနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဘယ်လာရုစ်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးစိုးသိန်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး အပြန်အလှန်ထူထောင်၍ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ကုန်စည်ကူးသန်းရောင်းဝယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် အထူးစီးပွားရေးဇုန်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေနှင့် နှစ်နိုင်ငံအစိုးရများအနေဖြင့် စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဗိုလ်ချုပ်ကြီးညိုစောက ဆွေးနွေးပြောကြားခဲ့သည်။

ဘယ်လာရုစ်သမ္မတနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးကလည်း ယခုခရီးစဉ်တွင် ဘယ်လာရုစ်စီးပွားရေးလုပ်ငန်းရှင်များလည်းအတူ လိုက်ပါလာကြကြောင်း၊ မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိသည်ကို တွေ့ရှိရကြောင်း၊ ယခုတွေ့ဆုံပွဲမှတစ်ဆင့် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်မှုရယူ၍ မကြာမီကာလအတွင်း လုပ်ငန်းများစတင်နိုင်မည်ဟု ယုံကြည်ကြောင်း ဆက်လက်ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ Myanmar– Belarus Business Forum တွင် ဓာတ်မြေဩဇာလုပ်ငန်း၊ နို့နှင့်နို့ထွက်ပစ္စည်း၊ ကျန်းမာရေးဝန်ဆောင်မှု၊ ဆေးဝါးထုတ်ကုန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ တိရစ္ဆာန်ဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းနှင့် စားသောက်ကုန်ဆိုင်ရာ ကဏ္ဍများကို အဓိကဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ နှစ်နိုင်ငံအကြား မြန်မာ့ထွက်ကုန်များမှ Export ဆောင်ရွက်မည့်ကိစ္စရပ်များ၊ စီးပွားရေး အခွင့်အလမ်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံတာဝန်ရှိသူများက ဓာတ်မြေဩဇာကဏ္ဍ၊ ကားထုတ်လုပ်ရေးကဏ္ဍ၊ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာရေးဆိုင်ရာကဏ္ဍနှင့် ရေထွက်ပစ္စည်းထုတ်ကုန်ဆိုင်ရာကဏ္ဍ စသည်ဖြင့် ကဏ္ဍအလိုက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟောလိဝုဒ်သရုပ်‌ဆောင်များက အဝတ်အစား အသုံးအဆောင်များကို မီးဘေးအတွက်ပေးလှူ

အမေရိကန်ပြည်ထောင်စု လော့စ်‌ဆန်းဂျလိစ်ဒေသများကို ယခုသီတင်းပတ်တွင် တောမီးဝါးမြိုဖျက်ဆီးနေခဲ့သည့်အတွက် အိမ်ခြံမြေကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဂျန်နာကူးပါးက လိုအပ်သူများကို ကူညီရန်အတွက် မိတ်ဆွေသူငယ်ချင်းများထံမှ အဝတ်အထည်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို စတင်အလှူခံခဲ့သည်။ သူ၏ တောင်းခံမှုသည် သြဇာကြီးသော အမျိုးသမီးကွန်ရက်တစ်ခုမှတဆင့် တမုဟုတ်ခြင်း ပျံ့နှံ့သွားခဲ့ပြီး ရှာရွန်စတုန်းနှင့် ဟယ်လီဘယ်ရီအပါအဝင် သရုပ်ဆောင်များသည် အင်္ကျီများ၊ ဖိနပ်များ၊ အဝတ်အစားများ၊ လက်ကိုင်အိတ်များ၊ ခါးပတ်များ၊ ညဝတ် ဝတ်စုံများနှင့် သူတို့ပိုင် အသုံးအဆောင်ပစ္စည်းများကို ထုတ်ယူ လှူဒါန်းခဲ့ကြသည်။ “ကျွန်မ ဗီရိုတစ်ခုလုံးက အထည်တွေကို ထုပ်ပိုးနေပါတယ်” ဟု မင်းသမီး ဘယ်ရီက အင်စတာဂရမ်တွင် ရေးသားခဲ့သည်။...

ဂျေဂျူးလေယာဉ်မပျ-က်ခင်လေးမိနစ်ခန့်မှတ်တမ်းဘလက်ဘောက်စ်မှာ မတွေ့

ဒီဇင်ဘာလ ၂၉ ရက်‌ေန့က ပျ-က်ကျခဲ့သော ဂျေဂျူးလေကြောင်းလိုင်း လေယာဉ်၏ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာနှင့် လေယာဉ်မှူးခန်း အသံမှတ်တမ်းတင်ကိရိယာ(ဘလက်ဘောက်စ်) များသည် တောင်ကိုရီးယားနိုင်ငံ Muan လေဆိပ်ရှိ ကွန်ကရစ်တံတိုင်းနှင့် လေယာဉ်မတို-က်မိခင် လေးမိနစ်ခန့်စာ မှတ်တမ်းတင်မှု ပြတ်တောက်ခဲ့သည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက စနေနေ့တွင် ပြောကြားလိုက်သည်။ လူ ၁၇၉ ဦး ‌ေ-သဆုံးခဲ့ပြီး တောင်ကိုရီးယားမြေတွင် ဖြစ်ခဲ့သမျှ၌ အဆိုးဝါးဆုံးဖြစ်သော လေကြောင်းမတော်တဆမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေသည့် အာဏာပိုင်များသည် ဘလက်ဘောက်စ်များ၏ မှတ်တမ်းတင်မှု ရပ်တန့်သွားခဲ့ခြင်း အကြောင်းရင်းကို စစ်ဆေးဖော်ထုတ်ရန် စီစဉ်နေကြောင်း ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ပျက်စီးမှုဖြစ်ခဲ့သည့်...

မန္တလေးတိုင်းမှ ရေဘေးသင့်အာမခံအလုပ်သ မား(၁၁၉၇)ဦးအတွက် လူမှုဖူလုံရေးကူညီမှုအ ကျိုးခံစားခွင့်ငွေကျပ်(၉၇သန်းကျော် လွှဲပြောင်းပေး

မန္တလေးတိုင်းမှ ရေဘေးသင့်အာမခံအလုပ်သ မား(၁၁၉၇)ဦးအတွက် လူမှုဖူလုံရေးကူညီမှုအ ကျိုးခံစားခွင့်ငွေကျပ်(၉၇သန်းကျော်ကို ဇန်နဝါ ရီ ၁၀ ရက်နံနက်ပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လူမှုဖူလုံရေးကူညီမှုအကျိုးခံစားခွင့်၏ (၄၀)ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်(၉၇ ဒသမ ၁၁၄)သန်းအား အလုပ်သမားဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးမြင့်နောင်မှ မန္တလေးမြို့တော်ခန်းမ၌ မန္တလေးတိုင်းဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်းတွင် အလုပ်ဌာန(၇၃၀၇)ဌာန၊ အာ မခံအလုပ်သမား(၁၂၄၁၆၄)ဦးမှတ်ပုံတင်ထားသည့်အနက် အလုပ်ဌာန(၉၅)ဌာနမှ ရေဘေးသင့် အာမခံအလုပ်သမား(၁၁၉၇)ဦးရှိကြောင်း သိရသည်။ ယင်း အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မန္တလေးအလုပ်သမားဆေးရုံကြီး၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၁၃) ခန်း၊ ဌာနကြီးဆေးခန်း(၉)ခန်း၊ စာချုပ်ဆေးခန်း (၇)ခန်းဖွင့်လှစ်၍ ၂၀၂၄...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071