Saturday, January 11, 2025

ပို့ကုန်ဆိုင်ရာ ရက်တိုသင်တန်းအတွက် သင်တန်းသားခေါ်ယူထား

ကုန်သွယ်ရေးဦးစီးဌာန ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်) ပို့ကုန်ဆိုင်ရာရက်တိုသင်တန်းများ (အမှတ်စဉ်-၇) ပို့ကုန်လုပ်ငန်း စတင်လုပ်ကိုင်နည်း သင်တန်းအတွက် သင်တန်းသားများကို နိုင်ငံပိုင်သတင်းစာမှတဆင့်ခေါ်ယူထားသည်။ အဆိုပါ သင်တန်းကာလမှာ ၂၀၂၅ ခုနှစ်၊...

စစ်ကိုင်းတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့(ရွှေကျင်)ဖွဲ့စည်း

ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေကျင်နိကာယ (ရွှေကျင်ဂိုဏ်းဆိုင်ရာ) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ထပ်မံရွေးချယ်တင်မြှောက်သည့် စစ်ကိုင်းတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ကို ၁၃၈၆ ခုနှစ် ၊ပြာသိုလ်လဆန်း (၁၂) ရက်...

ရုရှားနှင့် ဆွေးနွေးရန် ယူကရိန်း အဆင်သင့်မဖြစ်သေးဟု...

ယူကရိန်းသည် ရုရှားနှင့် စေ့စပ်ညှိနှိုင်းရန် အဆင်သင့်မဖြစ်သေးဟု ဂျိုးဘိုင်ဒင် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့က ယုံကြည်ကြောင်း သိရသည်။ "နှစ်ဖက်စလုံးက ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကိုတော့ မမျှော်လင့်ထားပါဘူး" ဟု...

ထရမ့်ပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တက်မည်

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကီရှီ အီဝါယာသည် ဇန်နဝါရီ ၂၀ ရက်တွင် ကျင်းပပြုလုပ်မည့် ဒေါ်နယ်ထရမ့်ပ်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်မည်ဖြစ်သည်ဟု အစိုးရသတင်းရင်းမြစ်တစ်ခုက သောကြာနေ့တွင်...
HomeInternationalထရမ့်ပ်နှင့် ဆွေးနွေးရန် အသင့်ရှိဟုဂရင်းလန်းဝန်ကြီးချုပ်ဆို

ထရမ့်ပ်နှင့် ဆွေးနွေးရန် အသင့်ရှိဟုဂရင်းလန်းဝန်ကြီးချုပ်ဆို

အာတိတ်ကျွန်းကို ရယူထိန်းချုပ်လိုကြောင်း ထုတ်ဖော်ပြောဆိုထားသည့် အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ပ်နှင့် ပြောဆိုဆွေးနွေးရန် သူ အသင့်ရှိကြောင်း ဂရင်းလန်းဝန်ကြီးချုပ် Mute Egede က သောကြာနေ့တွင် ပြောဆိုလိုက်ပြီး ကျွန်းဒေသ၏ လွတ်လပ်လို‌သောဆန္ဒများကို လေးစားရန် တိုက်တွန်းခဲ့သည်။

ဇန်နဝါရီ ၂၀ ရက်တွင် ရာထူးတာဝန်ထမ်းဆောင်မည့် ထရမ့်ပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်တစ်စိတ်တစ်ပိုင်းရ ဒိန်းမတ်ပိုင်နက် ဖြစ်သော ကျွန်းကို အမေရိက,က ထိန်းချုပ်နိုင်ရေးသည် မရှိမဖြစ်လိုအပ်သည်ဟု ပြောဆိုခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ သူ့အနေဖြင့် ဒိန်းမတ်နိုင်ငံကို အခွန်းစည်းကြပ်မှုများအပါအဝင် စစ်ရေး၊ စီးပွားရေးအရ ဖိအားပေးလာနိုင်ခြေကို ပယ်ချမည်မဟုတ်ဟုလည်း ဆိုထားသည်။

ကိုပင်ဟေဂင်တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သူနှင့် ထရမ့်ပ် အဆက်အသွယ်ရှိ မရှိ မေးမြန်းခဲ့မှုကို Egede က “မရှိပါဘူး၊ ဒါပေမယ့် စကားပြောဆိုကြဖို့ရာတော့ အသင့်ပါ” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen လည်း တက်ရောက်ရှင်းလင်းခဲ့ပြီး ထရမ့်ပ်နှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့ကြောင်း သို့ရာတွင် သူ ကျမ်းကျိန်ဆိုပြီးချိန်မှသာ ဖြစ်နိုင်ဖွယ်ရှိကြောင်း ကြာသပတေးနေ့တွင် ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပို့ကုန်ဆိုင်ရာ ရက်တိုသင်တန်းအတွက် သင်တန်းသားခေါ်ယူထား

ကုန်သွယ်ရေးဦးစီးဌာန ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်) ပို့ကုန်ဆိုင်ရာရက်တိုသင်တန်းများ (အမှတ်စဉ်-၇) ပို့ကုန်လုပ်ငန်း စတင်လုပ်ကိုင်နည်း သင်တန်းအတွက် သင်တန်းသားများကို နိုင်ငံပိုင်သတင်းစာမှတဆင့်ခေါ်ယူထားသည်။ အဆိုပါ သင်တန်းကာလမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်မှ (၂၈) ရက်(တနင်္လာနေ့မှ သောကြာနေ့)အထိ (၅) ရက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသင်တန်းအချိန်မှာ နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ သင်တန်းသားဦးရေ (၅၀) ဦးကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ကုန်သွယ်မှုသင်တန်းကျောင်း၊ အမှတ် (၂၂၈/၂၄၀)၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာ လမ်းထောင့်၊ ရန်ကုန်မြို့၊...

စစ်ကိုင်းတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့(ရွှေကျင်)ဖွဲ့စည်း

ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေကျင်နိကာယ (ရွှေကျင်ဂိုဏ်းဆိုင်ရာ) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ထပ်မံရွေးချယ်တင်မြှောက်သည့် စစ်ကိုင်းတိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ကို ၁၃၈၆ ခုနှစ် ၊ပြာသိုလ်လဆန်း (၁၂) ရက် ၊ ဇန်နဝါရီလ (၁၀)ရက် နေ့လယ်(၁၂)နာရီက စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်တွင် ကျင်းပခဲ့သည်။ ရွှေကျင်နိကာယ (ရွှေကျင်ဂိုဏ်းဆိုင်ရာ) သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ပြန်လည်ရွှေချယ်တင်မြှောက် ရွေးကောက်ပွဲဖွဲ့စည်းပုံများ အတည်ပြုရန်အတွက်နိုင်ငံတော် သံဃာ့မဟာနာယက မတ္တရာ ဆရာတော်ကြီးနှင့် တာဝန်ရှိ ကြီးကြပ်ရေးနာယက ဆရာတော်များ အစုံအညီကြွရောက်တော်မူကြကြောင်း သိရသည်။ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း (၆) မြို့နယ် အတွက် ဖွဲ့စည်းပုံများကို စစ်ကိုင်းမြို့...

ရုရှားနှင့် ဆွေးနွေးရန် ယူကရိန်း အဆင်သင့်မဖြစ်သေးဟု အိမ်ဖြူတော်ဆို

ယူကရိန်းသည် ရုရှားနှင့် စေ့စပ်ညှိနှိုင်းရန် အဆင်သင့်မဖြစ်သေးဟု ဂျိုးဘိုင်ဒင် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့က ယုံကြည်ကြောင်း သိရသည်။ "နှစ်ဖက်စလုံးက ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကိုတော့ မမျှော်လင့်ထားပါဘူး" ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ (NSC) ဆက်သွယ်ရေးအကြံပေး John Kirby က ယူကရိန်းနိုင်ငံတစ်ဝှမ်းရှိ အခြေအနေများကိုအခြေခံ၍ သတင်းထောက်များအတွက် ပုံမှန်အွန်လိုင်းရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ရုရှားသည် ယူကရိန်းအရေး ဆွေးနွေးရန် လမ်းဖွင့်ထားသော်လည်း မည်သည့်သဘောတူညီချက်များကိုမဆို ချိုးဖောက်ခံရခြင်းအား တားဆီးသွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဒီဇင်ဘာ ၂၉ ရက်နေ့က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071