Sunday, January 12, 2025

HMPV ဗိုင်းရပ်စ် အရေး အစိုးရိမ်မလွန်ရန်...

ထိုင်းနိုင်ငံတွင် human metapneumovirus (HMPV) ဗိုင်းရပ်စ် အစုလိုက်ကူးစက်မှုမရှိဟု ထိုင်းနိုင်ငံ ကျန်းမာရေးအာဏာပိုင်များက စနေနေ့တွင် အတည်ပြုခဲ့ပြီး အများပြည်သူအနေဖြင့် စိုးရိမ်ထိတ်လန့်မှုမဖြစ်ကြရန် တိုက်တွန်းခဲ့သည်။ ရောဂါထိန်းချုပ်ရေးဌာန(DDC)...

၂၀၂၄ ခုနှစ်တွင် ကိုရီးယားသို့ မြန်မာလုပ်သား...

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာ လအတွင်း ကိုရီးယားသမ္မတ နိုင်ငံသို့ အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီမှ တဆင့် EPS စနစ်ဖြင့်...

ပြင်ဦးလွင်မြို့အား ပညာရေးမြို့တော်၊ ကျန်းမာ ရေးမြို့တော်အဖြစ်...

ပြင်ဦးလွင်မြို့အား ပညာရေးမြို့တော်၊ ကျန်းမာ ရေးမြို့တော်အဖြစ် ဂုဏ်သတင်းကျော်ကြားအောင်ဆက်လက်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ၎င်းမှ ယနေ့ ဇန်နဝါရီ ၁၁...

အရှုံးများက အသင်းအတွက် ပိုမိုသန်မာလာစေသည်ဟု ရှမ်းယူနိုက်တက်...

အရှုံးများက အသင်းအတွက် ပိုမိုသန်မာလာစေသည်ဟု ရှမ်းယူနိုက်တက် နည်းပြချုပ် ဟီရိုကီအို က ယမန်နေ့၌ ပြောကြားသည်။ AFF SHOPEE CUP ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့်...
HomeNewsLocal NewsBRICS ဝင်တာကအားလုံးအတွက်ကောင်းဖို့ပါ--အင်ဒိုဝန်ကြီး

BRICS ဝင်တာကအားလုံးအတွက်ကောင်းဖို့ပါ–အင်ဒိုဝန်ကြီး

ဂျကာတာ၊ဇန်နဝါရီ ၁၁

အင်ဒိုနီးရှားကို BRICS ၏ တင်းပြည့်အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုလိုက်ခြင်းသည် အင်ဒိုနီးရှားနိုင်ငံအတွက်သာမက ဒေသတွင်းနှင့်တစ်ကမ္ဘာ့လုံးအတွက်ပါ ရလဒ်ကောင်းများဖြစ်လာစေလိမ့်မည်ဟုအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနိုကပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်တွင် BRICS ၏ အလှည့်ကျဥက္ကဌအဖြစ် ဘရာဇီးလ်နိုင်ငံကတာဝန်ယူဆောင်ရွက်ပြီးနောက် အင်ဒိုနီးရှားကို BRICS ၏တင်းပြည့်အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဘရာဇီးလ်နိုင်ငံခြားရေးဝန်ကြီးဌာနကကြေငြာခဲ့သည်။

“အခုလိုအဖွဲ့ဝင်ဖြစ်လာဖို့ဆိုတာ ညတွင်းချင်းချလို့ရတဲ့ဆုံးဖြတ်ချက်မဟုတ်ပါဘူး၊အင်ဒိုရဲ့ သံတမန်ရေးရာကြိုးပမ်းမှု၊ဇွဲရှိမှုနှင့်သန္နိဌာန်စိတ်ကြောင့်ပဲဖြစ်ပါတယ်” ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

BRICS အဖွဲ့ဝင်အနေဖြင့် အင်ဒိုသည် ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသတွင်း အကျိုးစီးပွားများအတွက် ပေါင်းကူးကူညီပေးရန် ရည်ရွယ်ထားပြီး ပထဝီဝင်စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေးတင်းမာမှုများကိုဖြေလျှော့ရန် ကြိုးပမ်းမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဘရာဇီးလ်၊ရုရှား၊အိန္ဒိယနှင့် တရုတ်နိုင်ငံများဖြင့် ၂၀၀၉ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့သော BRICS အဖွဲ့သို့ ၂၀၁၀ ခုနှစ်တွင် တောင်အာဖရိကဝင်ရောက်လာခဲ့ပြီး ယခုအခါ အဖွဲ့ဝင် ၁၀ နိုင်ငံရှိလာပြီဟုလည်းသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

HMPV ဗိုင်းရပ်စ် အရေး အစိုးရိမ်မလွန်ရန် ထိုင်းအာဏာပိုင်များ ပြော

ထိုင်းနိုင်ငံတွင် human metapneumovirus (HMPV) ဗိုင်းရပ်စ် အစုလိုက်ကူးစက်မှုမရှိဟု ထိုင်းနိုင်ငံ ကျန်းမာရေးအာဏာပိုင်များက စနေနေ့တွင် အတည်ပြုခဲ့ပြီး အများပြည်သူအနေဖြင့် စိုးရိမ်ထိတ်လန့်မှုမဖြစ်ကြရန် တိုက်တွန်းခဲ့သည်။ ရောဂါထိန်းချုပ်ရေးဌာန(DDC) သည် HMPV ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် တရုတ်နိုင်ငံတို့မှ သတင်းအချက်အလက်များအပေါ် လိုက်နာဆောင်ရွက်ထားကြောင်းနှင့် တရုတ်နိုင်ငံတွင် HMPV ရောဂါဖြစ်ပွားမှုသည် ပြင်းထန်အဆင့်တွင်ရှိနေသည်ဟု အတည်ပြုနိုင်ခြင်းမရှိကြောင်းလည်း DDC ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Panumas Yanawetsakul က ပြောကြားခဲ့သည်။ HMPV သည် ကာလရှည်ကြာဖြစ်ပွားနေခဲ့သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ဖြစ်ပွားခြင်းမဟုတ်ဟု...

၂၀၂၄ ခုနှစ်တွင် ကိုရီးယားသို့ မြန်မာလုပ်သား တစ်သောင်းနီးပါးစေလွှတ်ခဲ့

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာ လအတွင်း ကိုရီးယားသမ္မတ နိုင်ငံသို့ အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီမှ တဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား (၉၉၃၆) ဦး စေလွှတ်နိုင်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရသည်။ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လုပ်သားများ စေလွှတ်ပေးလျက်ရှိရာ ကုန်ထု တ်လုပ်ငန်းကဏ္ဍအတွက် အများဆုံးစေလွှတ်ထားကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအ လုပ်သမား (၁၁၀၀၀)ခန့် စေလွှတ်ရန်...

ပြင်ဦးလွင်မြို့အား ပညာရေးမြို့တော်၊ ကျန်းမာ ရေးမြို့တော်အဖြစ် ဂုဏ်သတင်းကျော်ကြားအောင်ဆက်လက်ဆောင်ရွက်ရမည်

ပြင်ဦးလွင်မြို့အား ပညာရေးမြို့တော်၊ ကျန်းမာ ရေးမြို့တော်အဖြစ် ဂုဏ်သတင်းကျော်ကြားအောင်ဆက်လက်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ၎င်းမှ ယနေ့ ဇန်နဝါရီ ၁၁ ရက်နံနက်ပိုင်းက မန္တ လေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသထုတ် ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်မြို့သည် ချယ်ရီမြို့တော်၊ ပန်းမြို့ တော်ဟု ဂုဏ်သတင်းကျော်ကြားသည့် အပန်း ဖြေမြို့တော်တစ်ခုဖြစ်ကာ အေးချမ်းသာယာသည့် မြို့တစ်မြို့ဖြစ်၍ ပညာသင်ကြားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရန် မူဝါဒချမှတ်ထားသည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071