Home News Local News ပြင်ဦးလွင်မြို့အား ပညာရေးမြို့တော်၊ ကျန်းမာ ရေးမြို့တော်အဖြစ် ဂုဏ်သတင်းကျော်ကြားအောင်ဆက်လက်ဆောင်ရွက်ရမည်

ပြင်ဦးလွင်မြို့အား ပညာရေးမြို့တော်၊ ကျန်းမာ ရေးမြို့တော်အဖြစ် ဂုဏ်သတင်းကျော်ကြားအောင်ဆက်လက်ဆောင်ရွက်ရမည်

0
136

ပြင်ဦးလွင်မြို့အား ပညာရေးမြို့တော်၊ ကျန်းမာ ရေးမြို့တော်အဖြစ် ဂုဏ်သတင်းကျော်ကြားအောင်ဆက်လက်ဆောင်ရွက်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။

၎င်းမှ ယနေ့ ဇန်နဝါရီ ၁၁ ရက်နံနက်ပိုင်းက မန္တ လေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသထုတ် ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။

ပြင်ဦးလွင်မြို့သည် ချယ်ရီမြို့တော်၊ ပန်းမြို့ တော်ဟု ဂုဏ်သတင်းကျော်ကြားသည့် အပန်း ဖြေမြို့တော်တစ်ခုဖြစ်ကာ အေးချမ်းသာယာသည့် မြို့တစ်မြို့ဖြစ်၍ ပညာသင်ကြားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရန် မူဝါဒချမှတ်ထားသည်ဟု ပြော သည်။

” ပြင်ဦးလွင်မြို့ကို ပညာရေးမြို့တော်၊ ကျန်းမာ ရေးမြို့တော်အဖြစ် ဂုဏ်သတင်းကျော်ကြားအောင် ဆက်လက်ဆောင်ရွက်သွားရပါမယ်။ မြို့ သာယာလှပတိုးတက်ရေးအတွက် လိုအပ်တာတွေကိုဆောင်ရွက်ပေးနေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် ဒေသခံများအနေဖြင့် အပန်းဖြေလာရောက်သူများအနေဖြင့် စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြင့် သာယာလှပသည့် မြို့၏အလှအပကို ခံစားလည်ပတ်နိုင်ရန် စည်းကမ်းစနစ်တကျဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကာ မြို့တွင်နေထိုင်သူများက စနစ်တကျအမှိုက်စွန့် ပစ်ပါက Clean City ဖြစ်လာမည်ဖြစ်ပြီး သစ် ပင်ပန်းမန်များစိုက်ပျိုးပါက Green City ဖြစ်လာမည်ဟု မှာကြားသည်။

ထို့အတူ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဦးဆောင်မှုပေး၍ဆောင်ရွက်သွားရမည်ဖြစ်ကာ မိမိတို့အနေဖြင့် တိုင်းပြည်ကောင်း အောင်ဆောင်ရွက်နေခြင်းဖြစ်၍ အားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုသည်ဟုလည်း နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here