၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာ လအတွင်း ကိုရီးယားသမ္မတ နိုင်ငံသို့ အစိုးရပြည်ပအလုပ် အကိုင်အေဂျင်စီမှ တဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား (၉၉၃၆) ဦး စေလွှတ်နိုင်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရသည်။
ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လုပ်သားများ စေလွှတ်ပေးလျက်ရှိရာ ကုန်ထု တ်လုပ်ငန်းကဏ္ဍအတွက် အများဆုံးစေလွှတ်ထားကြောင်း သိရသည်။
၂၀၂၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအ လုပ်သမား (၁၁၀၀၀)ခန့် စေလွှတ်ရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် တစ်သောင်းနီးပါးသာ စေလွှ တ်နိုင်ခဲ့ကြောင်း သိရသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြ င့် လုပ်သားများစေလွှတ်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်င န်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ (၁၀၆၁၁) ဦး စေလွှ တ်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ၊ နောက်ဆုံးရက်သတ္တပတ်(သို့မဟုတ်) ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ကိုရီးယားဘာသာအ ရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း အုပ်စု -၁) အောင်မြင်ပြီးသူများကို အလုပ်လျှောက်လွှာခေါ်ယူထားကြောင်းလည်း သိရသည်။