Sunday, January 12, 2025

ICC ကို ပိတ်ဆို့အရေးယူရန် အမေရိကန်...

ဂါဇာတွင် အစ္စရေးက ထိုးစစ်ဆင်‌နေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးချုပ် နေတန်ယာဟုအား ဖမ်းဝရမ်းထုတ်ခဲ့သည့် နိုင်ငံတကာရာဇ၀တ်တရားရုံး(ICC)အား လက်တုံ့ပြန်သည့်အနေဖြင့် ICC ကို ပိတ်ဆို့အရေးယူရန် အမေရိကန် အောက်လွှတ်တော်က...

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံခြား/နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ...

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှ လက်ရှိအချိန်ထိ နိုင်ငံခြား/နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၂၀၉ ဒသမ ၀၂၂)သန်းရှိခဲ့ပြီး အ...

ထုတ်ချေးထားသည့် ချေးငွေများ သတ်မှတ်ကာလအတွင်း အပြည့်အဝ...

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်သည့် စက်ကိရိယာများကို ဝယ်ယူအသုံးပြုနိုင်ရန်ထုတ်ချေးထားသည့်ချေးငွေများ သတ်မှတ်ကာလအတွင်း အပြည့်အဝပြန်လည်ကောက်ခံရရှိစေရေးဆောင်ရွက်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်ကပြောသည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေးတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို...

ဂျပန်နိုင်ငံ Professional Boxing ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်...

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ လာမည် ဖေဖော်ဝါရီလ (၂၀) ရက်တွင် ကျင်းပပြုလုပ်မည့် Professional Boxing ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံကိုယ်စားပြု ကစားသမား...
HomeNewsLocal NewsHMPV ဗိုင်းရပ်စ် အရေး...

HMPV ဗိုင်းရပ်စ် အရေး အစိုးရိမ်မလွန်ရန် ထိုင်းအာဏာပိုင်များ ပြော

ထိုင်းနိုင်ငံတွင် human metapneumovirus (HMPV) ဗိုင်းရပ်စ် အစုလိုက်ကူးစက်မှုမရှိဟု ထိုင်းနိုင်ငံ ကျန်းမာရေးအာဏာပိုင်များက စနေနေ့တွင် အတည်ပြုခဲ့ပြီး အများပြည်သူအနေဖြင့် စိုးရိမ်ထိတ်လန့်မှုမဖြစ်ကြရန် တိုက်တွန်းခဲ့သည်။

ရောဂါထိန်းချုပ်ရေးဌာန(DDC) သည် HMPV ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် တရုတ်နိုင်ငံတို့မှ သတင်းအချက်အလက်များအပေါ် လိုက်နာဆောင်ရွက်ထားကြောင်းနှင့် တရုတ်နိုင်ငံတွင် HMPV ရောဂါဖြစ်ပွားမှုသည် ပြင်းထန်အဆင့်တွင်ရှိနေသည်ဟု အတည်ပြုနိုင်ခြင်းမရှိကြောင်းလည်း DDC ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Panumas Yanawetsakul က ပြောကြားခဲ့သည်။

HMPV သည် ကာလရှည်ကြာဖြစ်ပွားနေခဲ့သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ဖြစ်ပွားခြင်းမဟုတ်ဟု သူက ပြောဆိုသည်။

ရောဂါလက္ခဏာများသည် ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းကဲ့သို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကူးစက်မှု၊ တုပ်ကွေးရောဂါတို့နှင့် ဆင်တူသည်။ အချို့သည် အဆုတ်အအေးမိခြင်း သို့မဟုတ် ပြင်းထန်သော ပန်းနာရင်ကြပ်ရောဂါကို ခံစားရနိုင်သည်။ လောလောဆယ်တွင် အဆိုပါရောဂါပိုးအတွက် ပိုးသတ်ဆေး မရှိသေးဟု ဒေါက်တာ Panumas က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ယမန်နှစ်အတွင်း HMPV ပိုးတွေ့လူနာ ၄၂ ဦးရှိခဲ့သည်ဟု DDC ဒုတိယညွှန်ကြားရေးမှူးချုပ် Direk Khampaen က ပြောသည်။ ရောဂါကူးစက်ခံရသူအများစုသည် အသက် ၅ နှစ်အောက် ကလေ-းငယ်များဖြစ်ပြီး အသက် ၅၀-၅၉ နှင့် ၃၀-၃၉ အရွယ်များတွင် ဒုတိယကူးစက်မှုအများဆုံးဖြစ်သည်ဟု ဆိုသည်။

“အစုလိုက်ကူးစက်ဖြစ်ပွားတဲ့ သတင်းတွေ မရှိသေးတာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်တာတွေ မဖြစ်သင့်ပါဘူး” ဟု သူက ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ICC ကို ပိတ်ဆို့အရေးယူရန် အမေရိကန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်

ဂါဇာတွင် အစ္စရေးက ထိုးစစ်ဆင်‌နေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးချုပ် နေတန်ယာဟုအား ဖမ်းဝရမ်းထုတ်ခဲ့သည့် နိုင်ငံတကာရာဇ၀တ်တရားရုံး(ICC)အား လက်တုံ့ပြန်သည့်အနေဖြင့် ICC ကို ပိတ်ဆို့အရေးယူရန် အမေရိကန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်သည်။ အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် အစ္စရေးနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဟောင်း ယို့ဗ်ဂဲလန့် တို့အပေါ် ဖမ်းဝရမ်းထုတ်မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) အား ပိတ်ဆို့အရေးယူမည့် ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ကွန်ဂရက်အောက်လွှတ်တော်ရှိ ဥပဒေပြုအမတ်များသည် “တရားမဝင် တရားရုံး တန်ပြန်ရေးအက်ဥပဒေ” ကို မဲပေးသူ ၂၄၃ အနက်...

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံခြား/နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၂၀၉ ဒသမ ၀၂၂)သန်းရရှိ

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှ လက်ရှိအချိန်ထိ နိုင်ငံခြား/နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၂၀၉ ဒသမ ၀၂၂)သန်းရှိခဲ့ပြီး အ လုပ်အကိုင်အခွင့်အလမ်း (၁၃,၀၉၁)ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) မှ သိရသည်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အခြေခံသည် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပြည့်စုံလုံလောက်ရန် အရေးကြီးကြောင်း၊ တို င်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍကြီး(၅)ရပ်ရှိသည့်အနက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရေး ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။ ထို့ပြင် ကာဗွန်ထုတ်လွှတ်မှုမရှိဘဲ အမြန်ဆုံးစွမ်းအင်ရရှိနိုင်သည့်...

ထုတ်ချေးထားသည့် ချေးငွေများ သတ်မှတ်ကာလအတွင်း အပြည့်အဝ ပြန်လည်ကောက်ခံရရှိစေရေး ဆောင်ရွက်ရန် ဒုတိယဝန်ကြီး ဦးမင်းထွဋ်ပြော

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်သည့် စက်ကိရိယာများကို ဝယ်ယူအသုံးပြုနိုင်ရန်ထုတ်ချေးထားသည့်ချေးငွေများ သတ်မှတ်ကာလအတွင်း အပြည့်အဝပြန်လည်ကောက်ခံရရှိစေရေးဆောင်ရွက်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်ကပြောသည်။ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေးတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ လိုအပ်သည့် စက် ကိရိယာများကို ဝယ်ယူအသုံးပြုနိုင်ရန် အတိုးနှုန်းသက်သာစွာဖြင့် နှစ်တိုသုံးနှစ်၊ နှစ်ရှည်ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း၊ စီမံကိန်းစတင်သည်မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၃၁) ရက်အထိ နေပြ ည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် (၁၄) ခု၊ မြို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071