ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုရှိ စစ်ရှောင်စခန်းများတွင် ယာယီခိုလှုံနေထိုင်ကြသည့် ဒေသခံစစ်ရှောင်များမှာ ယင်းဒေသအတွင်း နှစ်ဖက်စစ်ရေးတင်းမာလာသည့် အခြေအနေများကြော င့် လွတ်မြောက်နေရာအချို့သို့ ထပ်မံပြောင်းရွှေ့နေရသည်ဟု ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
၂၀၂၄ ခုနှစ်အတွင်း မတ်လပိုင်းက စတင်ဖြစ်ပွားခဲ့သည့် ဝို င်းမော်မြို့အနီး တိုက်ပွဲများကြောင့် ယင်းမြို့အနီးရှိ ကျေး ရွာပေါင်း (၂၀)ကျော်မှ ဒေသခံပြည်သူများမှာ နောင်ချိန်းကျေးရွာတွင် ဖွင့်လှစ်ထားသော စစ်ရှောင်စခန်းများသို့ ပြောင်းရွှေ့နေထိုင်ကြရခြင်းဖြစ်ကြောင်း ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ(၁)ရက်မှစတင်၍ တပ်မတော်နှင့် ဒေသတွင်း KIA လက်နက်ကိုင်အဖွဲ့များအကြား စစ်ရေးထပ်မံ တင်းမာလာသည့်အတွက် စစ်ရှောင်စခန်းများတွင် ခိုလှုံနေသူ များ နောက်ထပ်ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရခြင်းလည်းဖြစ် သည်။
“နောင်ချိန်းရွာမှာက စခန်း (၉)ခုလောက်ဖွင့်ထားတယ်။ တိုက်ပွဲဖြစ်နေတာမဟုတ်ဘူး။ စခန်းနားမှာ တစ်ဘက်နဲ့ တစ်ဘက်နေရာတွေယူလာကြတာကြောင့် မနေရဲဘဲပြောင်းကြတာ။ ဘယ်ကိုပြောင်းကြလဲဆိုတော့ တိုင်းရင်း သားလွတ်မြောက်နယ်မြေတွေဘက်ပေါ့”ဟု ဝိုင်းမော် ဒေသ ခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် ကချင်ပြည်နယ် တစ်ဝန်းတိုက်ပွဲများကြောင့် ဒေသခံစစ်ရှောင်များ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်မှု သိန်းနှင့်ချီရှိသည်ဟု သိရသော်လည်း ယနေ့အချိန်အထိ အရေအတွက်အတိအကျကိုမူ စာရင်းကောက်ယူနိုင်ခြင်းမရှိသေးပေ။
ထို့အတူ ကချင်ပြည်နယ်အတွင်း ဗန်းမော်မြို့ တိုက်ပွဲမှာလ ည်း ယနေ့အချိန်အထိ ပြင်းထန်နေရာ အရပ်သားပြည်သူအချို့ ထိခိုက်ေ-သဆုံးမှုများလည်း ရှိနေသည်။