MSME ကုန်ထုတ်လုပ်ငန်းများအရည်အသွေးပြည့်မီစွာထုတ်လုပ်နိုင်ရန် နည်းပညာ၊ ထုတ်လုပ်သည့်စက်ပစ္စည်းများနှင့် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များလိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းမှ ဇန်နဝါရီ ၁၁ ရက်နံနက်ပိုင်းက မန္တ လေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသထုတ် ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
နို့ထွက်ပစ္စည်းထုတ်လုပ်မှုတွင် ပြင်ဦးလွင်မြို့မှထွက်ရှိသည့် နို့ထွက်ပစ္စည်းများသည် အဆင့်အ တန်းတစ်ခုတွင်ရှိ၍ လက်ရှိထုတ်လုပ်နေသည့် ထုတ်ကုန်များအပြင် အခြား နို့ထွက်ပစ္စည်းစား သောက်ကုန်အမယ်သစ်များကို ဆက်လက်ထုတ် လုပ်ပါက ယခုထက် ပိုမိုအောင်မြင်တိုးတက်လာနိုင်မည်ဟု ပြောသည်။
ထို့ပြင် ဝိုင်ထုတ်လုပ်ရာ၌ အဆင့်မြင့်ဝိုင်ထုတ် လုပ်ခြင်းများဆောင်ရွက်ပါက ဈေးကွက်ပိုမိုရရှိနိုင်မည်ဖြစ်ကာ ပြင်ဦးလွင်မြို့မှထွက်ရှိသည့် ကော်ဖီသည်လည်း အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်တစ်ခုရရှိထားပြီးဖြစ်၍ ပြင်ဦးလွင်မြို့တွင်ရှိပြီးဖြစ်သည့် အခြေခံစိုက်ပျိုးရေးထွက် ကုန်များကိုအသုံးပြု၍ စားသောက်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာထုတ်လုပ်သွားရမည်ဟု ပြောသည်။
” ပြင်ဦးလွင်မြို့ဟာ အအေးပိုင်းဒေသဖြစ်လို့ ဂျုံသီးနှံများစိုက်ပျိုးမယ်ဆိုရင် ဖြစ်ထွန်းအောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒေသအလိုက်ထုတ်ကုန်တွေဟာ အရည်အသွေးပိုင်းကောင်းမွန်ပေမယ့် တ ချို့ထုတ်ကုန်တွေဟာ ထုပ်ပိုးမှုအပိုင်းမှာ အဆင့်မီမီဖြစ်ဖို့လိုအပ်နေဆဲဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် ပြင်ဦးလွင်မြို့တွင် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန် အခြေခံကောင်းများရှိပြီး ဖြစ်၍ မွေးမြူရေးလုပ်ငန်းများအောင်မြင်တိုး တက်အောင်ဆောင်ရွက်ပြီး အေးခဲအသားထုတ် လုပ်မှုများထုတ်လုပ်နိုင်သည့်အထိဆောင်ရွက်ရန်လိုအပ်သည်ဟုလည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။