Sunday, January 12, 2025

လာမည့် ၂၄ နာရီအတွင်းစစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့၌ မိုးအနည်းငယ်ရွာသွန်းနိုင်

လာမည့် ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့၌ မိုးအနည်းငယ်ရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ယနေ့ ဇန်နဝါရီ ၁၂ ရက်ည ၇ နာရီက လေဖိအားနည်းရပ်ဝန်းအခြေအနေအသိပေးချက်...

မသန်စွမ်းကလေ-းငယ်များကို တစ်လလျှင် (၄၂,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်မည်

မြန်မာနိုင်ငံတစ်ဝန်းရှိ အသက် (၂) နှစ်မှ (၁၈) နှစ်အတွင်း မသန်စွမ်းကလေ-းငယ်များကို တစ်လလျှင် ငွေကျပ် (၄၂၀၀၀) နှုန်းထောက်ပံ့ပေးအပ်သွားမည်ဟု Unicef Myanmar...

မှတ်ပုံတင်မျိုးစုံ အတုပြုလုပ်ရောင်းချသူများကို ဖမ်းမိ

နိုင်ငံသား စိစစ်ရေးကတ်အတု၊ အလုပ်သမားမှတ်ပုံတင်ကတ်အတု၊ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာအတုပြုလုပ်ရောင်းချသူများအား ဖမ်းမိကြောင်း နစက ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်မှာ...

ICC ကို ပိတ်ဆို့အရေးယူရန် အမေရိကန်...

ဂါဇာတွင် အစ္စရေးက ထိုးစစ်ဆင်‌နေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးချုပ် နေတန်ယာဟုအား ဖမ်းဝရမ်းထုတ်ခဲ့သည့် နိုင်ငံတကာရာဇ၀တ်တရားရုံး(ICC)အား လက်တုံ့ပြန်သည့်အနေဖြင့် ICC ကို ပိတ်ဆို့အရေးယူရန် အမေရိကန် အောက်လွှတ်တော်က...
HomeNewsLocal Newsပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံခြား/နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု...

ပဲခူးတိုင်းဒေသကြီးအတွင်း နိုင်ငံခြား/နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၂၀၉ ဒသမ ၀၂၂)သန်းရရှိ

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှ လက်ရှိအချိန်ထိ နိုင်ငံခြား/နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၂၀၉ ဒသမ ၀၂၂)သန်းရှိခဲ့ပြီး အ လုပ်အကိုင်အခွင့်အလမ်း (၁၃,၀၉၁)ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) မှ သိရသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ အခြေခံသည် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပြည့်စုံလုံလောက်ရန် အရေးကြီးကြောင်း၊ တို င်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုကဏ္ဍကြီး(၅)ရပ်ရှိသည့်အနက် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရေး ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောသည်။

ထို့ပြင် ကာဗွန်ထုတ်လွှတ်မှုမရှိဘဲ အမြန်ဆုံးစွမ်းအင်ရရှိနိုင်သည့် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ပေးသွားရမှာဖြစ်ပြီး တိုင်းဒေသကြီးအတွင်း ဆည်/တမံများလည်းရှိသဖြင့် Floating Solar Panels များလည်း ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများရှိလည်းရှိကြောင်း ၎င်းကဆိုသည်။

အလားတူ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့နိုင်ရေး အအေးခန်းစက်ရုံများ၊ စည်သွတ်ဗူးစက်ရုံများနှင့် ဓါတ်မြေဩဇာစက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းရင်းနှီးမြှုပ်နှံကော်မတီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးက COBES INDUSTRIES (BII) COMPANY LIMITED ၏ ခွဲစိတ်ခန်းသုံးနှင့် ကျန်းမာရေးဆက်စပ်ပစ္စည်း (၂၃)မျိုး တိုးမြှင့်ထုတ်လုပ်ခြင်းအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်ခြင်းနှင့် အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများမှ အစုရှယ်ယာပြောင်းလဲခြင်း၊ သွင်းကုန်ပစ္စည်း CODE ပြင်ဆင်ခြင်း အမှုတွဲများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့်ခြင်း အမေရိကန်ဒေါ် လာ (၅.၆၅၁)သန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း (၁၀၀၀) ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာမည့် ၂၄ နာရီအတွင်းစစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့၌ မိုးအနည်းငယ်ရွာသွန်းနိုင်

လာမည့် ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့၌ မိုးအနည်းငယ်ရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ယနေ့ ဇန်နဝါရီ ၁၂ ရက်ည ၇ နာရီက လေဖိအားနည်းရပ်ဝန်းအခြေအနေအသိပေးချက် (၁-ကဇ/၂၀၂၅)အဖြစ် ထုတ်ပြန်ခဲ့သည်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း သီ ရိလင်္ကာနိုင်ငံ၊ အရှေ့ဘက်ကမ်းလွန်အနီးတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ရာမှ သီရိလင်္ကာနိုင်ငံ၊ အရှေ့ဘက်ကမ်းခြေသို့ရောက်ရှိခဲ့ပြီး လာမည့်(၂၄)နာရီအတွင်း၌ လက္ကာဒိဗ့်ပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု အသိပေးခဲ့သည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်ဖြစ်သည့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အရှေ့ဘက်မှ တစ်ခါတစ်ရံ လေပြင်းများတိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့်ဖြစ်ပေါ်နိုင်သည်ဟုလည်း...

မသန်စွမ်းကလေ-းငယ်များကို တစ်လလျှင် (၄၂,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်မည်

မြန်မာနိုင်ငံတစ်ဝန်းရှိ အသက် (၂) နှစ်မှ (၁၈) နှစ်အတွင်း မသန်စွမ်းကလေ-းငယ်များကို တစ်လလျှင် ငွေကျပ် (၄၂၀၀၀) နှုန်းထောက်ပံ့ပေးအပ်သွားမည်ဟု Unicef Myanmar က အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ ထောက်ပံ့ကြေးအား နှစ်လတစ်ကြိမ် Wave Money မှတဆင့်အကျိုးခံစားခွင့်ရရှိသူထံ တိုက်ရိုက်ထောက်ပံ့ပေးမည်ဖြစ်ပြီး အတူနေမိသားစု၌ အများဆုံး (၃)ဦးအထိ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။ ထောက်ပံ့မှု အစီစဉ်တွင် ပါဝင်သည့်သူများမှာ မသန်စွမ်းမှုပြင်းထန်နှင့် အလွန်ပြင်းထန်အဆင့်ရှိကြောင်း စိစစ်အတည်ပြုချက်ရရှိထားပြီးသော အသက် (၂) နှစ်မှ (၁၈) နှစ်အရွယ်ရှိ မသန်စွမ်းကလေ-းငယ်များသာ ရရှိမည်ဖြစ်ကြောင်း သိရသည်။ ထောက်ပံ့ငွေကို...

မှတ်ပုံတင်မျိုးစုံ အတုပြုလုပ်ရောင်းချသူများကို ဖမ်းမိ

နိုင်ငံသား စိစစ်ရေးကတ်အတု၊ အလုပ်သမားမှတ်ပုံတင်ကတ်အတု၊ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာအတုပြုလုပ်ရောင်းချသူများအား ဖမ်းမိကြောင်း နစက ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်မှာ နိုင်ငံသားစိစစ်ရေးကတ်အတုပြုလုပ်ရောင်းချသူ အမျိုးသမီးတစ်ယောက်ကို ဖမ်းမိရာမှ ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။ စစ်ဆေးဖော်ထုတ်ချက်အရ နိုင်ငံသားစိစစ်ရေးကတ်အတုများကို ပို့ဆောင်ပေးသည့် အမျိုးသမီးတစ်ဦးကို ရန်ကုန်တိုင်း‌ဒေသကြီး၊ လှိုင်သာယာ( အရှေ့ပိုင်းမြို့နယ်)၊ ရန်ကုန် - ညောင်တုန်းလမ်း၌ ဇန်နဝါရီ (၈)ရက် ညပိုင်းကဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ဇန်နဝါရီ(၉)ရက် နေ့လယ်ပိုင်းတွင်လည်း ကတ်အတုများလာရောက်ပို့ဆောင်သူ အမျိုးသားတစ်ဦးကိုလည်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071