Monday, January 13, 2025

လော့စ်ဆန်းဂျလိစ်တောမီး ‌ေ-သဆုံးသူ ၁၆ ဦးရှိလာ၊...

လေပြင်းများတိုက်ခတ်လာမှုကြောင့် လော့စ်ဆန်းဂျလိစ်မြို့တစ်ဝိုက် လောင်ကျွမ်းလျက်ရှိသော တောမီးကြီးကို ထိန်းချုပ်နိုင်ရန် စနေနေ့တွင် မီးသတ်သမားများက အချိန်နှင့်တပြေးညီ အသည်းအသန်ကြိုးပမ်းခဲ့ကြပြီး တောမီးသည် ရပ်ကွက်သစ်များသို့ ဦးတည်လောင်ကျွမ်းလျက်ရှိသည်။ မြို့ကြီးတစ်ဝန်း လောင်ကျွမ်းလျက်ရှိသော...

လာမည့် ၂၄ နာရီအတွင်းစစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့၌ မိုးအနည်းငယ်ရွာသွန်းနိုင်

လာမည့် ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့၌ မိုးအနည်းငယ်ရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ယနေ့ ဇန်နဝါရီ ၁၂ ရက်ည ၇ နာရီက လေဖိအားနည်းရပ်ဝန်းအခြေအနေအသိပေးချက်...

မသန်စွမ်းကလေ-းငယ်များကို တစ်လလျှင် (၄၂,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်မည်

မြန်မာနိုင်ငံတစ်ဝန်းရှိ အသက် (၂) နှစ်မှ (၁၈) နှစ်အတွင်း မသန်စွမ်းကလေ-းငယ်များကို တစ်လလျှင် ငွေကျပ် (၄၂၀၀၀) နှုန်းထောက်ပံ့ပေးအပ်သွားမည်ဟု Unicef Myanmar...

မှတ်ပုံတင်မျိုးစုံ အတုပြုလုပ်ရောင်းချသူများကို ဖမ်းမိ

နိုင်ငံသား စိစစ်ရေးကတ်အတု၊ အလုပ်သမားမှတ်ပုံတင်ကတ်အတု၊ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာအတုပြုလုပ်ရောင်းချသူများအား ဖမ်းမိကြောင်း နစက ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်မှာ...
HomeInternationalICC ကို ပိတ်ဆို့အရေးယူရန်...

ICC ကို ပိတ်ဆို့အရေးယူရန် အမေရိကန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်

ဂါဇာတွင် အစ္စရေးက ထိုးစစ်ဆင်‌နေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးချုပ် နေတန်ယာဟုအား ဖမ်းဝရမ်းထုတ်ခဲ့သည့် နိုင်ငံတကာရာဇ၀တ်တရားရုံး(ICC)အား လက်တုံ့ပြန်သည့်အနေဖြင့် ICC ကို ပိတ်ဆို့အရေးယူရန် အမေရိကန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်သည်။

အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် အစ္စရေးနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဟောင်း ယို့ဗ်ဂဲလန့် တို့အပေါ် ဖမ်းဝရမ်းထုတ်မှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) အား ပိတ်ဆို့အရေးယူမည့် ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ကွန်ဂရက်အောက်လွှတ်တော်ရှိ ဥပဒေပြုအမတ်များသည် “တရားမဝင် တရားရုံး တန်ပြန်ရေးအက်ဥပဒေ” ကို မဲပေးသူ ၂၄၃ အနက် ထောက်ခံမဲ ၁၄၀ က အစ္စရေးကို အခိုင်အမာထောက်ခံသည့်အချက်ကိုပြသည့်အ‌နေဖြင့် ကြာသပတေးနေ့တွင် အတည်ပြုခဲ့‌ခြင်းဖြစ်သည်။

ဒီမိုကရက်အမတ် လေးဆယ့်ငါးဦးသည်လည်း ယင်းဥပဒေကြမ်းကို ထောက်ခံရာတွင် ရီပတ်ဘလီကန်အမတ်များနှင့် ပူးပေါင်းခဲ့သည်။ ရီပတ်ဘလစ်ကန်အမတ်တစ်ဦးကမျှ ကန့်ကွက်မဲမပေးခဲ့ကြချေ။

ယခုဥပဒေမူကြမ်းသည် ယခုလအစောပိုင်းက ရီပတ်ဘလစ်ကန်အများစု ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် အမေရိကန်အထက်လွှတ်တော်သို့ ဦးတည်သွားနေပြီဖြစ်သည်။

အမေရိကန် နိုင်ငံသား သို့မဟုတ် မဟာမိတ်နိုင်ငံတစ်ခု၏ နိုင်ငံသားတစ်ဦးကို စုံစမ်းစစ်ဆေးရန်၊ ဖမ်းဆီးထိန်းသိမ်းခြင်း သို့မဟုတ် တရားစွဲဆိုရန် ကြိုးပမ်းရာတွင် သက်ဆိုင်ရာ နိုင်ငံမှတရား‌ရေးဌာန၏ အခွင့်အာဏာကို အသိအမှတ်မပြုသော ICC ၏ ဆောင်ရွက်ချက်များကို ကူညီပေးသည့် နိုင်ငံခြားသားတိုင်းအား ပိတ်ဆို့အရေးယူရန် အဆိုပါ ဥ‌ပဒေတွင်အဆိုပြုထားသည်။

အမေရိကန်နှင့် အစ္စရေးနှစ်နိုင်ငံစလုံးသည် ICC ကို ထူထောင်ရာတွင် အ‌ခြေခံထားသည့် Rome Statute ကို သဘောတူလက်မှတ်ရေးထိုးထားခြင်းမရှိချေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လော့စ်ဆန်းဂျလိစ်တောမီး ‌ေ-သဆုံးသူ ၁၆ ဦးရှိလာ၊ မီးငြိမ်းရေး အပြင်းအထန်ကြိုးပမ်းနေ

လေပြင်းများတိုက်ခတ်လာမှုကြောင့် လော့စ်ဆန်းဂျလိစ်မြို့တစ်ဝိုက် လောင်ကျွမ်းလျက်ရှိသော တောမီးကြီးကို ထိန်းချုပ်နိုင်ရန် စနေနေ့တွင် မီးသတ်သမားများက အချိန်နှင့်တပြေးညီ အသည်းအသန်ကြိုးပမ်းခဲ့ကြပြီး တောမီးသည် ရပ်ကွက်သစ်များသို့ ဦးတည်လောင်ကျွမ်းလျက်ရှိသည်။ မြို့ကြီးတစ်ဝန်း လောင်ကျွမ်းလျက်ရှိသော တောမီးကြောင့် ‌ေ-သဆုံးသူ ၁၆ ဦးထက်မနည်းရှိခဲ့ပြီဟု အတည်ပြုထားကာ လူနေရပ်ကွက်များကို အပျက်အစီးပြင်ဖြစ်စေခဲ့ပြီး ထောင်နှင့်ချီသော မီးသတ်သမားများနှင့် သန်းနှင့်ချီသော ကယ်လီဖိုးနီးယားပြည်နယ်သားတို့၏ ခံနိုင်ရည်ကို စမ်းသပ်နေခဲ့သည်။ ဝေဟင်တပ်ဖွဲ့ဝင်များ၏ တိကျသေချာသော ဝေဟင်မီးငြိမ်းသတ်မှုများအပါအဝင် သူရဲကောင်းဆန်ဆန် ကြိုးပမ်းငြိမ်းသတ်မှုများလုပ်နေသော်လည်း တောမီးကြီးသည် ဇန်နဝါရီ ၁၁ ရက်တွင် ဆက်လက်ကြီးထွားနေခဲ့ပြီး အရှေ့ဘက်ရှိ အဖိုးမဖြတ်နိုင်သော လက်ရာပစ္စည်းများစုစည်းထားရာ Getty...

လာမည့် ၂၄ နာရီအတွင်းစစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့၌ မိုးအနည်းငယ်ရွာသွန်းနိုင်

လာမည့် ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့၌ မိုးအနည်းငယ်ရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ယနေ့ ဇန်နဝါရီ ၁၂ ရက်ည ၇ နာရီက လေဖိအားနည်းရပ်ဝန်းအခြေအနေအသိပေးချက် (၁-ကဇ/၂၀၂၅)အဖြစ် ထုတ်ပြန်ခဲ့သည်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း သီ ရိလင်္ကာနိုင်ငံ၊ အရှေ့ဘက်ကမ်းလွန်အနီးတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ရာမှ သီရိလင်္ကာနိုင်ငံ၊ အရှေ့ဘက်ကမ်းခြေသို့ရောက်ရှိခဲ့ပြီး လာမည့်(၂၄)နာရီအတွင်း၌ လက္ကာဒိဗ့်ပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု အသိပေးခဲ့သည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်ဖြစ်သည့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အရှေ့ဘက်မှ တစ်ခါတစ်ရံ လေပြင်းများတိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့်ဖြစ်ပေါ်နိုင်သည်ဟုလည်း...

မသန်စွမ်းကလေ-းငယ်များကို တစ်လလျှင် (၄၂,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်မည်

မြန်မာနိုင်ငံတစ်ဝန်းရှိ အသက် (၂) နှစ်မှ (၁၈) နှစ်အတွင်း မသန်စွမ်းကလေ-းငယ်များကို တစ်လလျှင် ငွေကျပ် (၄၂၀၀၀) နှုန်းထောက်ပံ့ပေးအပ်သွားမည်ဟု Unicef Myanmar က အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ ထောက်ပံ့ကြေးအား နှစ်လတစ်ကြိမ် Wave Money မှတဆင့်အကျိုးခံစားခွင့်ရရှိသူထံ တိုက်ရိုက်ထောက်ပံ့ပေးမည်ဖြစ်ပြီး အတူနေမိသားစု၌ အများဆုံး (၃)ဦးအထိ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။ ထောက်ပံ့မှု အစီစဉ်တွင် ပါဝင်သည့်သူများမှာ မသန်စွမ်းမှုပြင်းထန်နှင့် အလွန်ပြင်းထန်အဆင့်ရှိကြောင်း စိစစ်အတည်ပြုချက်ရရှိထားပြီးသော အသက် (၂) နှစ်မှ (၁၈) နှစ်အရွယ်ရှိ မသန်စွမ်းကလေ-းငယ်များသာ ရရှိမည်ဖြစ်ကြောင်း သိရသည်။ ထောက်ပံ့ငွေကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071