Monday, January 13, 2025

ဗုဒ္ဓသာသနာပြုတက္ကသိုလ်နှင့် ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းမှ သံဃာတော်(၁၁၅)ပါးအား ကျန်းမာရေးစစ်ဆေးကုသမှုများပြုလုပ်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ဗုဒ္ဓသာသနာပြုတက္ကသိုလ်နှင့် ဘုန်းတော်ကြီးကျောင်း(၄) ကျောင်းမှ သံဃာတော်များ၏ ကျန်းမာရေးစစ် ဆေးကုသမှုများကို ယနေ့ ဇန်နဝါရီ ၁၂ ရက်ကပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ တာမွေမြို့နယ်၊...

လာမည့် ၂၄ နာရီအတွင်းစစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့၌ မိုးအနည်းငယ်ရွာသွန်းနိုင်

လာမည့် ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့၌ မိုးအနည်းငယ်ရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ယနေ့ ဇန်နဝါရီ ၁၂ ရက်ည ၇ နာရီက လေဖိအားနည်းရပ်ဝန်းအခြေအနေအသိပေးချက်...

မသန်စွမ်းကလေ-းငယ်များကို တစ်လလျှင် (၄၂,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်မည်

မြန်မာနိုင်ငံတစ်ဝန်းရှိ အသက် (၂) နှစ်မှ (၁၈) နှစ်အတွင်း မသန်စွမ်းကလေ-းငယ်များကို တစ်လလျှင် ငွေကျပ် (၄၂၀၀၀) နှုန်းထောက်ပံ့ပေးအပ်သွားမည်ဟု Unicef Myanmar...

မှတ်ပုံတင်မျိုးစုံ အတုပြုလုပ်ရောင်းချသူများကို ဖမ်းမိ

နိုင်ငံသား စိစစ်ရေးကတ်အတု၊ အလုပ်သမားမှတ်ပုံတင်ကတ်အတု၊ ရပ်ကွက်၊ ရဲစခန်းထောက်ခံစာအတုပြုလုပ်ရောင်းချသူများအား ဖမ်းမိကြောင်း နစက ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်မှာ...
HomeInternationalလော့စ်ဆန်းဂျလိစ်တောမီး ‌ေ-သဆုံးသူ ၁၆...

လော့စ်ဆန်းဂျလိစ်တောမီး ‌ေ-သဆုံးသူ ၁၆ ဦးရှိလာ၊ မီးငြိမ်းရေး အပြင်းအထန်ကြိုးပမ်းနေ

လေပြင်းများတိုက်ခတ်လာမှုကြောင့် လော့စ်ဆန်းဂျလိစ်မြို့တစ်ဝိုက် လောင်ကျွမ်းလျက်ရှိသော တောမီးကြီးကို ထိန်းချုပ်နိုင်ရန် စနေနေ့တွင် မီးသတ်သမားများက အချိန်နှင့်တပြေးညီ အသည်းအသန်ကြိုးပမ်းခဲ့ကြပြီး တောမီးသည် ရပ်ကွက်သစ်များသို့ ဦးတည်လောင်ကျွမ်းလျက်ရှိသည်။

မြို့ကြီးတစ်ဝန်း လောင်ကျွမ်းလျက်ရှိသော တောမီးကြောင့် ‌ေ-သဆုံးသူ ၁၆ ဦးထက်မနည်းရှိခဲ့ပြီဟု အတည်ပြုထားကာ လူနေရပ်ကွက်များကို အပျက်အစီးပြင်ဖြစ်စေခဲ့ပြီး ထောင်နှင့်ချီသော မီးသတ်သမားများနှင့် သန်းနှင့်ချီသော ကယ်လီဖိုးနီးယားပြည်နယ်သားတို့၏ ခံနိုင်ရည်ကို စမ်းသပ်နေခဲ့သည်။

ဝေဟင်တပ်ဖွဲ့ဝင်များ၏ တိကျသေချာသော ဝေဟင်မီးငြိမ်းသတ်မှုများအပါအဝင် သူရဲကောင်းဆန်ဆန် ကြိုးပမ်းငြိမ်းသတ်မှုများလုပ်နေသော်လည်း တောမီးကြီးသည် ဇန်နဝါရီ ၁၁ ရက်တွင် ဆက်လက်ကြီးထွားနေခဲ့ပြီး အရှေ့ဘက်ရှိ အဖိုးမဖြတ်နိုင်သော လက်ရာပစ္စည်းများစုစည်းထားရာ Getty Centre အနုပညာပြတိုက်နှင့် မြောက်ဘက်ရှိ လူဦးရေထူထပ်သော San Fernando တောင်ကြားဆီသို့ ဦးတည်လောင်ကျွမ်းလျက်ရှိသည်။

လေပြင်းတိုက်ခတ်မှုများကြောင့် လာမည့်ရက်ပိုင်းအထိ မီးလောင်ကျွမ်းမှု အားကောင်းလာမည်ဟု ရာသီဥတုခန့်မှန်းသူများက သတိပေးခဲ့သည်။

ကယ်လီဖိုးနီးယားတောင်ပိုင်း၏ စိုးရိမ်ရသော မီးဘေးရာသီအခြေအနေများသည် ယနေ့တွင် ကံအကြောင်းမလှစွာဖြင့် ပြန်မြင့်တက်လာမည်ဖြစ်ကြောင်းနှင့် အနည်းဆုံး နောက်သီတင်းပတ်အစောပိုင်းအထိ ကြာမြင့်နိုင်ကြောင်း နိုင်ငံတော်မိုးလေဝသဌာနက ပြောကြားခဲ့သည်။

“ဒီအတွက်ကြောင့် မီးလောင်တဲ့နေရာက ပိုမိုကျယ်ပြန့်လာနိုင်ပြီး မီးလောင်ပြင်အသစ်တွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်” ဟု ဆိုခဲ့သည်။

မြို့ကို ဖုံးလွှမ်းနေသော ထူထဲသောမီးခိုးများမှ အဆိပ်အတောက်များ မရှုရှိုက်မိစေရန် မီးဘေးကြုံရသူများအနေဖြင့် အဆောက်အအုံများအတွင်းသာနေထိုင်ကြရန်နှင့် နှာခေါင်းစည်းများတပ်ဆင်ကြရန် သတိပေးထားသည်။

တရားဝင်ကိန်းဂဏန်းများအရ မီးလောင်မှုအတွင်း အဆောက်အအုံပေါင်း ၁၂,၀၀၀ ကျော် မီးကျွမ်းခဲ့သည်ဟု ဆိုသော်လည်း ကယ်လီဖိုးနီးယား သစ်တောနှင့်မီးဘေးကာကွယ်ရေးအရာရှိ တော့ဒ် ဟော့ကင်းစ်က ယင်းတွင် အားလုံးသည်နေအိမ်များချည်းမဟုတ်ကြောင်း၊ ဘေးဆွယ်အဖီများ၊ ယာဉ်များနှင့် တဲများကို လည်းပါဝင်ကြောင်း ဆိုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗုဒ္ဓသာသနာပြုတက္ကသိုလ်နှင့် ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းမှ သံဃာတော်(၁၁၅)ပါးအား ကျန်းမာရေးစစ်ဆေးကုသမှုများပြုလုပ်

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ဗုဒ္ဓသာသနာပြုတက္ကသိုလ်နှင့် ဘုန်းတော်ကြီးကျောင်း(၄) ကျောင်းမှ သံဃာတော်များ၏ ကျန်းမာရေးစစ် ဆေးကုသမှုများကို ယနေ့ ဇန်နဝါရီ ၁၂ ရက်ကပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်တွင်ဖွင့်လှစ်ထားသည့် ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင်တက်ရောက်နေသော နိုင်ငံပေါင်းစုံမှသံဃာတော်များ၊ ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းမှ သံဃာတော်များ(စုစုပေါင်း ၁၁၅ ပါး)ကို ကျန်းမာရေး စစ်ဆေး၍ လိုအပ်သောဆေးကုသမှုပေးခြင်း၊ ဆေးဝါးအကူအညီပေးခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ သံဃာတော်(၁၁၅)ပါးအား ကျန်းမာရေးစစ်ဆေးကုသမှုပေးခြင်းကို Tele-Medicin ပရဟိတဆရာဝန်များအဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(ရန်ကုန်)၏ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

လာမည့် ၂၄ နာရီအတွင်းစစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့၌ မိုးအနည်းငယ်ရွာသွန်းနိုင်

လာမည့် ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့်ကချင်ပြည်နယ်တို့၌ မိုးအနည်းငယ်ရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ယနေ့ ဇန်နဝါရီ ၁၂ ရက်ည ၇ နာရီက လေဖိအားနည်းရပ်ဝန်းအခြေအနေအသိပေးချက် (၁-ကဇ/၂၀၂၅)အဖြစ် ထုတ်ပြန်ခဲ့သည်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း သီ ရိလင်္ကာနိုင်ငံ၊ အရှေ့ဘက်ကမ်းလွန်အနီးတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ရာမှ သီရိလင်္ကာနိုင်ငံ၊ အရှေ့ဘက်ကမ်းခြေသို့ရောက်ရှိခဲ့ပြီး လာမည့်(၂၄)နာရီအတွင်း၌ လက္ကာဒိဗ့်ပင်လယ်ပြင်သို့ ရောက်ရှိနိုင်သည်ဟု အသိပေးခဲ့သည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာ့ပင်လယ်ပြင်ဖြစ်သည့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အရှေ့ဘက်မှ တစ်ခါတစ်ရံ လေပြင်းများတိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့်ဖြစ်ပေါ်နိုင်သည်ဟုလည်း...

မသန်စွမ်းကလေ-းငယ်များကို တစ်လလျှင် (၄၂,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်မည်

မြန်မာနိုင်ငံတစ်ဝန်းရှိ အသက် (၂) နှစ်မှ (၁၈) နှစ်အတွင်း မသန်စွမ်းကလေ-းငယ်များကို တစ်လလျှင် ငွေကျပ် (၄၂၀၀၀) နှုန်းထောက်ပံ့ပေးအပ်သွားမည်ဟု Unicef Myanmar က အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ ထောက်ပံ့ကြေးအား နှစ်လတစ်ကြိမ် Wave Money မှတဆင့်အကျိုးခံစားခွင့်ရရှိသူထံ တိုက်ရိုက်ထောက်ပံ့ပေးမည်ဖြစ်ပြီး အတူနေမိသားစု၌ အများဆုံး (၃)ဦးအထိ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။ ထောက်ပံ့မှု အစီစဉ်တွင် ပါဝင်သည့်သူများမှာ မသန်စွမ်းမှုပြင်းထန်နှင့် အလွန်ပြင်းထန်အဆင့်ရှိကြောင်း စိစစ်အတည်ပြုချက်ရရှိထားပြီးသော အသက် (၂) နှစ်မှ (၁၈) နှစ်အရွယ်ရှိ မသန်စွမ်းကလေ-းငယ်များသာ ရရှိမည်ဖြစ်ကြောင်း သိရသည်။ ထောက်ပံ့ငွေကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071