Tuesday, January 14, 2025

ကွမ်ရှီးဒေသ (၁၄)ကြိမ်မြောက် ပြည်သူ့ကွန်ဂရက်၏ အစည်းအဝေးသို့...

ကွမ်ရှီးဒေသ (၁၄) ကြိမ်မြောက် ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ်မြောက် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ဇန်နဝါရီ (၁၃)ရက်က ကွမ်ရှီးပြည်သူ့ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း...

မြန်မာဘောက်ဆင်အဖွဲ့ချုပ်က ကျင်းပသည့် PBM3 ပြိုင်ပွဲ...

မြန်မာဘောက်ဆင်အဖွဲ့ချုပ်(MBC)က ကျင်းပသည့် PBM3 ပြိုင်ပွဲကို ယခုလဇန်နဝါရီ (၂၅)ရက်နေ့၌ ရန်ကုန်မြို့ ၊ သိမ်ဖြူ မြန်မာ့ရိုးရာလက်ဝှေ့အားကစားရုံအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ ပွဲစဉ်အတွင်း...

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ် လာ ၁.၆...

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော်လွန်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းမင်း၏...

၂၀၂၅ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်...

၂၀၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် ၊ ရွှေပြည်သာအားကစားကွင်းတွင်ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် နာဂတိုင်းရင်းသားများ၏...
HomeNewsLocal Newsအမျိုးသား ကန်တော်ကြီးဥယျာဉ် နှစ်...

အမျိုးသား ကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကိုရက် ထပ်တိုး

ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀ဝ) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို ဇန်နဝါရီ (၁၉) ရက်အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ ပန်းပွဲတော်ကို၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၁၄) ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၁၂) ရက်အထိ သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ယခုအခါ လာရောက်လည်ပတ်သည်များဖြင့် စည်ကားလျက်ရှိပြီး ထပ်မံလည်ပတ်နိုင်ရန် ဇန်နဝါရီ (၁၉) ရက်အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက်ပန်းပွဲတော်ကို ဇန်နဝါရီ (၁၉) ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဆန်းသစ်သည့် မြေယာရှုခင်းပုံစံများ၊ ပြည်တွင်း ပြည်ပ ပန်းမျိုးစိတ်မျိုးစုံ၊ ဒေသပန်းမျိုးများ ပြသသည့် ဇုန်တစ်ဇုန်အပါအဝင် ဇုန်ရှစ်ဇုန်ပါဝင်၍ ရာသီပန်းမျိုးစိတ် (၂၀) မှ (၂၅) မျိုး၊ ဒေသပန်းမျိုးစိတ် (၁၅) မျိုးမှ မျိုး (၂၀) စုစုပေါင်းပန်းအရေအတွက် နှစ်သိန်းကျော် စိုက်ပျိုးပြသထားကြောင်း သိရသည်။

ထို့ပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ ဈေးရောင်းပွဲတော်၊ ဒေသထွက်ကုန်ပြခန်းများနှင့် ဆိုင်ခန်းများဖြင့် ရောင်းချပေးသည့် အစီအစဉ်များလည်းပါရှိကြောင်း သိရသည်။

အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက်ပန်းပွဲတော်၊ ပွဲကောက်ရေတံခွန်အပန်းဖြေစခန်းနှင့် အထင်ကရနေရာများသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်အပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကွမ်ရှီးဒေသ (၁၄)ကြိမ်မြောက် ပြည်သူ့ကွန်ဂရက်၏ အစည်းအဝေးသို့ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်

ကွမ်ရှီးဒေသ (၁၄) ကြိမ်မြောက် ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ်မြောက် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ဇန်နဝါရီ (၁၃)ရက်က ကွမ်ရှီးပြည်သူ့ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားသို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း မှ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ၎င်းအခမ်းအနားတွင် ကွမ်ရှီးဒေသ အုပ်ချုပ်ရေးမှူး Mr. Lan Tianli မှ ၂၀၂၄ ခုနှစ် အတွင်း စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှုနှင့် အောင်မြင်မှုများကို...

မြန်မာဘောက်ဆင်အဖွဲ့ချုပ်က ကျင်းပသည့် PBM3 ပြိုင်ပွဲ တွဲဆိုင်း (၁၀)ဆိုင်း ယှဉ်ပြိုင်ထိုးသ-တ်မည်

မြန်မာဘောက်ဆင်အဖွဲ့ချုပ်(MBC)က ကျင်းပသည့် PBM3 ပြိုင်ပွဲကို ယခုလဇန်နဝါရီ (၂၅)ရက်နေ့၌ ရန်ကုန်မြို့ ၊ သိမ်ဖြူ မြန်မာ့ရိုးရာလက်ဝှေ့အားကစားရုံအတွင်း ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ ပွဲစဉ်အတွင်း တွဲဆိုင်း (၁၀)ဆိုင်း ယှဉ်ပြိုင်ထိုးသ-တ်မည်ဖြစ်ကြောင်း MBC က အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ ယှဉ်ပြိုင်ထိုးသ-တ်မည့် တွဲဆိုင်း (၁၀)ဆိုင်းမှာ စူပါဖယ်သာဝိတ်တန်း၊ ဖယ်သာဝိတ်တန်း၊ စူပါဗန်တန်ဝိတ်တန်း၊ ဖလိုင်းဝိတ်တန်းတို့ ပါဝင်မည်ဖြစ်ပြီး ၊ စူပါဖယ်သာဝိတ်တန်း၌ နိုင်လတ်နှင့် ကျော်စွာမိုး၊ ထက်ဝင်းကျော်နှင့် ကျော်သူရ၊ မျိုးခန့်ကျော်နှင့် အောင်မြင့်ဦးတို့ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။ ဖယ်သာဝိတ်တန်း၌ ဂင့်ရှန်းမွောင် နှင့် ယိန်းဇုံ၊ ကောင်းမြတ်ထွန်းနှင့်...

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ် လာ ၁.၆ ဘီလီယံကျော်လွန်မည်ဟု စီးပွားကူးသန်း ဒုဝန်ကြီးပြော

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော်လွန်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းမင်း၏ ပြောကြားချက်အရ သိရသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ Pan Pacific ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် အိန္ဒိယ-မြန်မာ စီးပွားရေးညီလာခံ ၂၀၂၅ အခမ်းအနားတွင် ၎င်းက ထည့်သွင်း‌ပြောကြားခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးသည် ယခုဘဏ္ဍာနှစ်၏ ကိုးလတာအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရရှိထားပြီး၊ ဘဏ္ဍာနှစ်အလိုက် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုပမာဏတန်ဖိုးများအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071