Tuesday, January 14, 2025

ပူတင်နှင့် အမြန်ဆုံး တွေ့သွားမည်–ထရမ့်ပ်

လာမည့်သီတင်းပတ်တွင် သမ္မတရာထူး ကို စတင်တာဝန်ယူပြီးသည်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမြန်ဆုံးတွေ့ဆုံသွားမည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ်ပ့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ရုရှားက...

အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ကြောင်း အလုပ်သမားဒုဝန်ကြီး...

မြန်မာပြည်တွင်းရှိ အလုပ်သမားများအနေဖြင့် အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းကာ အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။ ဒုဝန်ကြီးသည် ရွှေပြည်သာမြို့နယ်၊...

လောင်းလုံးမြို့နယ်အတွင်းရှိ ဒေသခံစစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်နေဟုဆို

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ဒေသခံစစ်ရှောင်များ စားနပ် ရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်နေသည်ဟု မြေပြင်စစ်ရှောင်အရေးအထောက်အကူပြုအဖွဲ့တစ်ခုထံမှ သိရသည်။ အဆိုပါ လောင်းလုံးမြို့နယ် ဒေသခံစစ်ရှောင်များမှာ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်...

ကော့သောင်း-မြိတ် လမ်းပိုင်းတွင် နယ်မြေမတည်ငြိမ်မှုများကြောင့် ရေလမ်းခရီးကိုသာ...

ကော့သောင်း-မြိတ် ကုန်းလမ်းခရီး သွားလာရေးအခက်အခဲကြောင့် ရေလမ်းခရီးကိုသာ အားပြုနေရကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။ အဆိုပါ လမ်းပိုင်းအတွင်း နယ်မြေမတည်ငြိမ်ခြင်းကြောင့် ဒေသတွင်း ခရီးသွားများအနေဖြင့် ကော့သောင်း -မြိတ်၊...
HomeNewsLocal Newsမြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်ရေးလုပ်ငန်းစဉ်...

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်ရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲ ကျင်းပပြုလုပ်

မြို့ပြဒေသများတွင် အပူလှိုင်းဒဏ်ခံစားနေရသည့်အပေါ် ဆောလျင်စွာတုန့်ပြန်နိုင်ရေးဆိုင်ရာလုပ်ငန်းစဉ် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်း ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံ၌ ယခုလ ဇန်နဝါရီ (၇)ရက်မှ (၁၀)ရက်အထိ လေးရက်ကြာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ကိုယ်စားလှယ်အဖြစ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်မိုးသီတာဝင်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲအတွင်း မြို့ပြဒေသများအတွင်း ခံစားရသည့် အပူလှိုင်းဒဏ်ကို ဆောလျင်စွာတုန့်ပြန်ရေးလုပ်ငန်းစဉ်များ (Urban Heatwave Simplified Early Action Protocol) အပေါ် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသည်များကို အသင်းကိုယ်စားလှယ်က ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများနှင့် အမြင်ချင်း ဆွေးနွေး ဖလှယ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အာရှ- ပစိဖိတ်ဒေသတွင်းနိုင်ငံအစိုးရကိုယ်စားလှယ်များ၊ အမျိုးသားကြက်ခြေနီ/လခြမ်းနီအသင်းများ၊ UN agencies များနှင့် INGOs များ၊ နိုင်ငံတကာသတင်းမီဒီယာများ၊ သုတေသနနှင့် တက္ကသိုလ်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပူတင်နှင့် အမြန်ဆုံး တွေ့သွားမည်–ထရမ့်ပ်

လာမည့်သီတင်းပတ်တွင် သမ္မတရာထူး ကို စတင်တာဝန်ယူပြီးသည်နှင့် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမြန်ဆုံးတွေ့ဆုံသွားမည်ဟု အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ်ပ့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ရုရှားက ယူကရိန်းကို စတင်စစ်ဆင်နွှဲခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံခေါင်းဆောင်များအကြား ပထမဆုံးဖြစ်လာမည့် တွေ့ဆုံမှု၏ အချိန်ကာလကိုမူ သူက ပြောဆိုခဲ့ခြင်းမရှိပေ။ စစ်ပွဲအဆုံးသတ်ရေး အတွက် သူ၏ နည်းလမ်းနှင့်ပတ်သက်၍ မေးမြန်းရာတွင် နည်းလမ်းတစ်ခုသာရှိကြောင်းနှင့် ယင်းသည် ပူတင်အပေါ် မူတည်ကြောင်း ထရမ့်ပ်က ပြောဆိုသည်။ ပူတင်အနေဖြင့် သူသွားရာလမ်းကြောင်းသည် လုံးလုံးအဆင်ချောနေခြင်းမရှိသည့်အတွက် အရမ်းကျေနပ်နေလိမ့်မည်ဟု သူ မထင်ပါကြောင်းလည်း ဆိုခဲ့သည်။ သူတွေ့ချင်နေသည်ကို မိမိသိကြောင်းနှင့်...

အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ကြောင်း အလုပ်သမားဒုဝန်ကြီး ပြော

မြန်မာပြည်တွင်းရှိ အလုပ်သမားများအနေဖြင့် အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းကာ အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းရှိန်က ပြောသည်။ ဒုဝန်ကြီးသည် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မူဇုန်ရှိ အလုပ်ရှင်၊ မန်နေဂျာ၊ အခြေခံအလုပ်သမားအဖွဲ့အစည်းဝင်များနှင့် တွေ့ဆုံရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းရာ၌ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းနိုင်ရေး ဦးစီးဌာနများက လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ဒုဝန်ကြီးက ပြောသည်။ အလုပ်သမားများအနေဖြင့်လည်း အခြေခံ အလုပ်သမားအဖွဲ့အစည်းမှ မြို့နယ်အလုပ်သမားအဖွဲ့အစည်း၊ တိုင်းဒေသကြီးအဆင့် အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့ချုပ်၊ အလုပ်သမားရေးရာအဖွဲ့တို့ကို...

လောင်းလုံးမြို့နယ်အတွင်းရှိ ဒေသခံစစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်နေဟုဆို

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ဒေသခံစစ်ရှောင်များ စားနပ် ရိက္ခာပြတ်လပ်မှုများဖြစ်ပေါ်နေသည်ဟု မြေပြင်စစ်ရှောင်အရေးအထောက်အကူပြုအဖွဲ့တစ်ခုထံမှ သိရသည်။ အဆိုပါ လောင်းလုံးမြို့နယ် ဒေသခံစစ်ရှောင်များမှာ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပင်လယ်ကမ်းခြေရွာများဖြစ်သည့် ကျောက်နီမော်၊ ဇလွတ်၊ ကျောက်ဝပ်ပြင်၊ ညောပြင်၊ အောက်ကျောက်ဝပ်၊ ကျောက်မတ္တပ်၊ ကြက်လွှတ်၊ ထောက်နန်းစသည့် ကျေးရွာများသို့ တိမ်းရှောင်နေကြရသူများဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဒေသတွင်းနှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေသည့်နေရာများသို့ ဖြတ်၍ စားနပ်ရိက္ခာ သယ်ယူရသဖြင့် ယင်းနေရာများသို့ မသွားလာရဲကြဘဲ စားနပ်ရိက္ခာပြတ်လပ်နေကြခြင်းလည်းဖြစ်သည်။ လက်ရှိတွင် ဒေသခံ စစ်ရှောင်များမှာ မိမိအစုဖြင့် ကိုယ့်အစုနဲ့ကိုယ်နေထိုင်ကြပြီး လာရောက်ကူညီလှူဒါန်းခြင်းများကိုသာ အဓိက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071