Wednesday, January 15, 2025

ဘင်္ဂလားဒေ့ရှ်ပို့ကုန်အခက်ကြုံချိန်အိန္ဒိယကအထည်အလိပ်ကဏ္ဍမြှင့်မည်

အိန္ဒိယနိုင်ငံသည် ဘဏ္ဍာငွေပံ့ပိုးခြင်း၊ အဓိကသွင်းအားစုများအပေါ် အခွန်လျှော့ချခြင်းနှင့် ပြည်တွင်း၌ ထုတ်လုပ်ရန် မက်လုံးများပေးခြင်းဖြင့် လာမည့်နှစ်ဘတ်ဂျက်တွင် ၎င်း၏ အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်ဟု...

လှိုင်သာယာတွင် ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အသုံးပြု၍ သောက်သုံးရေစတင်ပေးဝေ

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းမှစတင်ကာ ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အသုံးပြု၍ သောက်သုံးရေစတင်ပေးဝေလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အား ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ လှိုင်သာယာ(အရှေ့ပိုင်း)မြို့ နယ်၊...

ဖားကန့် ကျောက်စိမ်းလုပ်ကွက် စွန့်ပစ်နွံကန် ပြိုကျမှုဖြစ်စ...

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအုပ်စု ၊ စပေါ့ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ကျောက်စိမ်းလုပ်ကွက် စွန့်ပစ်နွံကန်ပြို့ကျမှုဖြစ်စဉ်မှ ပျောက်ဆုံးနေသူများအား ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိရာဇန်နဝါရီ...

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန်ဆွေးနွေး

မြန်မာ-လာအို နှစ်နိုင်ငံကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရန် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကိုနှင့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Thongsavanh Phomvihane တို့ဆွေးနွေးခဲ့ကြသည်။ လာအိုနိုင်ငံ...
HomeNewsLocal Newsလာနီညာ ရာသီဥတုကြောင့် နောက်နှစ်ရက်အတွင်း...

လာနီညာ ရာသီဥတုကြောင့် နောက်နှစ်ရက်အတွင်း အ‌အေးပိုလာနိုင်

ယခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပေါ်နေသည့် လာနီညာ ရာသီဥတုအခြေအနေကြောင့် နောက်(၂)ရက်အတွင်း အအေးပိူလာနိုင်ကြောင်း မို့းလေဝသနှင့် ဇလဗေဒ ပညာရှင်တစ်ဦးဖြစ်သူ ဦးဝင်းနိုင် ပြောကြားထားသည်။

ယနေ့ ဇန်နဝါရီ(၁၄)ရက် နံနက်(၆)နာရီဝန်းကျင်အချိန်သည် အအေးဆုံအချိန်တစ်ခု ဖြစ်ခဲ့ပြီး ညနေ (၂)နာရီနှင့် (၃)နာရီဝန်းကျင်သည် အပူဆုံးနှင့်အခြောက်သွေ့ဆုံး အခြေအနေရှိသည်ဟု ဆိုထားသည်။

ထို့ကြောင့် လာမည့် နှစ်ရက်အတွင်း နံနက်အစောပိုင်းတွင် ယနေ့ထက် အပူချိန်ထပ်မံကျဆင်းကာ အအေးပိုလာနိုင်ကြောင်းနှင့် နေ့လယ်ပိုင်းအချိန်များတွင် စိုထိုင်းဆ ၅၀% အောက် ကျဆင်း၍ ခြောက်သွေ့သည့် လေထုအခြေအနေကြောင့် မီးလောင်လွယ်သည့် ပတ်ဝန်းကျင်အခြေအနေဖြစ်ပေါ်စေသည့် အတွက် မီးဘေးအန္တရာယ်ကို သတိပြုကြရန် ဦးဝင်းနိုင်က တိုက်တွန်း နှိုးဆော်ထားသည်။

ယခုလအတွင်း ဖြစ်ပေါ်နေသည့် လာနီညာအခြေအနေနှင့်ပတ်သက်၍လည်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tro pical Pacific Ocean)၏ ပင်လယ် ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာအခြေ အနေသို့ ရောက်ရှိကြောင်း အသိပေးထားသည်။

ယင်းကြောင့် နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ဇန်နဝါရီလအတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက် တည် ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

ထို့ပြင် လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ် လာနိုင်ခြင်းနှင့် မိုးရွာသွန်းမှု ပုံမှန်ထက်ပိုမိုခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘင်္ဂလားဒေ့ရှ်ပို့ကုန်အခက်ကြုံချိန်အိန္ဒိယကအထည်အလိပ်ကဏ္ဍမြှင့်မည်

အိန္ဒိယနိုင်ငံသည် ဘဏ္ဍာငွေပံ့ပိုးခြင်း၊ အဓိကသွင်းအားစုများအပေါ် အခွန်လျှော့ချခြင်းနှင့် ပြည်တွင်း၌ ထုတ်လုပ်ရန် မက်လုံးများပေးခြင်းဖြင့် လာမည့်နှစ်ဘတ်ဂျက်တွင် ၎င်း၏ အထည်အလိပ်နှင့် အထည်ချုပ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်ဟု အစိုးရသတင်းရင်းမြစ်နှစ်ခုက ပြောကြားခဲ့သည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် နိုင်ငံရေးအကျပ်အတည်းကြောင့် ကမ္ဘာတစ်ဝန်းရှိ လက်ရှိရောင်းချသူများသည် အထည်ချုပ်တင်သွင်းမှုများအတွက် အိန္ဒိယအပါအဝင် အခြားရွေးချယ်စရာနေရာများကို ရှာဖွေရန် ဖြစ်စေခဲ့သည်ဟု ပို့ကုန်လုပ်ငန်းရှင်များက ရိုက်တာကို ပြောကြားခဲ့သည်။ “အမေရိကန်ကုမ္ပဏီတွေက အခြားအစားထိုးဖြည့်ဆည်းပေးနိုင်သူတွေကို ရှာဖွေနေတာကြောင့် ပြီးခဲ့တဲ့လအနည်းငယ်မှာ ပို့ကုန်အမှာတွေ အမြန်ပြည့်မီဖို့ အိန္ဒိယပို့ကုန်သမားတွေ ကြိုးစားနေကြရပါတယ်” ဟု အိန္ဒိယအထည်ချုပ်ပို့ကုန်မြှင့်တင်ရေးကောင်စီအထွေထွေအတွင်းရေးမှူး Mithileshwar Thakur...

လှိုင်သာယာတွင် ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အသုံးပြု၍ သောက်သုံးရေစတင်ပေးဝေ

ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းမှစတင်ကာ ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အသုံးပြု၍ သောက်သုံးရေစတင်ပေးဝေလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အား ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ လှိုင်သာယာ(အရှေ့ပိုင်း)မြို့ နယ်၊ (၇)ရပ်ကွက်ရှိ တေးဥယျာဉ်မင်္ဂလာကန်တော်တွင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သောက်သုံးရေစတင်ပေးဝေခြင်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် ကန်အတွင်းမှရေများအားအနည်ချစနစ်ပြုလုပ်သည့် PE ရေတိုင်ကီကြီး(၂)လုံးနှင့် ပိုးသတ်စနစ်ပြုလုပ်သည့် PE ရေတိုင်ကီကြီး(၂)လုံးတို့ဖြင့် အဆင့်ဆင့်သန့်စင်၍ သောက်သုံး‌ရေစတင်ပေးဝေနေမှုနှင့် မင်္ဂလာကန်တော်တို့ကို ကြည့်ရူစစ်ဆေးခဲ့သည်။ အဆိုပါ တေးဥယျာဉ်မင်္ဂလာကန်တော်သည်(၂ ဒဿမ ၁)ဧက ကျယ်၀န်းပြီး ရေသိုလှောင်နိုင်မှုပမာဏမှာ(၅ ဒဿမ ၁၀)ဂါလံသန်းဖြစ်ပြီး ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အား ရပ်ကွက်အတွင်းရှိ ပြည်သူ(၃၇၁၁၇)ဦးနှင့်အနီးနားရှိရပ်...

ဖားကန့် ကျောက်စိမ်းလုပ်ကွက် စွန့်ပစ်နွံကန် ပြိုကျမှုဖြစ်စ ဉ်မှ ရုပ်အ‌ေ-လာင်း (၆)‌ေ-လာင်း ထပ်မံတွေ့ရှိ

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူကျေးရွာအုပ်စု ၊ စပေါ့ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ကျောက်စိမ်းလုပ်ကွက် စွန့်ပစ်နွံကန်ပြို့ကျမှုဖြစ်စဉ်မှ ပျောက်ဆုံးနေသူများအား ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိရာဇန်နဝါရီ (၁၄)ရက် ရုပ်အ‌ေ-လာင်း (၆)‌ေ-လာင်း ထပ်မံတွေ့ရှိခဲ့ကြောင်း မြေပြ င်ဆယ်ကယ်ရေးဆောင် ရွက်ပေးနေသူတစ်ဦးထံ သိရသည်။ ယမန်နေ့ ရှာဖွေကယ်ဆယ်မှုတွင် လူကြီးရုပ်အ‌ေ-လာင်း (၅) ‌ေ-လာင်းနှင့် ကလေးရုပ်အ‌ေ-လာင်း(၁)‌ေ-လာင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ နွံကန်ပြိုကျမှုဖြစ်စဥ်သည် ဇန်နဝါရီ(၁၃)ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနီးဝန်းကျင်ရှိ နေအိမ်ဆယ်နှင့်ချီ နွံဖုံးသွားခဲ့ကာ လူပေါင်းရာနှင့်ချီကာ ‌ေ-သဆုံးနိုင်ကြောင်း ဒေသခံများက ခန့်မှန်းထားကြသည်။ ဇန်နဝါရီ(၁၃)ရက်နေ့က ရှာဖွေကယ်ဆယ်ရေးများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071