Wednesday, January 15, 2025

ဆောင်းရာသီတွင် ဖြစ်ပွားတတ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို...

ဆောင်းရာသီတွင် ဖြစ်ပွားလေ့ရှိသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ဆောင်းရာသီကာလတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားစေတတ်သော ရာသီတုပ်ကွေးရောဂါပိုးများ၊ ကိုဗစ်...

၁၈နှစ်အောက်အိန္ဒိယကလေ-းများဆိုရှယ်မီဒီယာအကောင့်ဖွင့်လျှင်မိဘခွင့်ပြုချက်လို

အသက် ၁၈ နှစ်အောက် ကလေ-းများသည် ဆိုရှယ်မီဒီယာအကောင့်များ ဖွင့်ပါက မိဘ၏ သဘောတူခွင့်ပြုချက်လိုအပ်မည်ဖြစ်သော ဒစ်ဂျစ်တယ် ကိုယ်ရေးအချက်အလက်ကာကွယ်ရေး နည်းဥပဒေမူကြမ်းကို အိန္ဒိယဗဟိုအစိုးရက သောကြာနေ့တွင်...

အပူဆုံးအချိန် Heat Stroke ဖြစ်နိုင်မည့်...

လက်ရှိ ဆောင်းတွင်းကာလ အအေးဆုံးအချိန်နှင့် အပူဆုံးအချိန်များကို သတိထားကြရန်နှင့် အပူဆုံးအချိန်တွင် Heat Stroke ဖြစ်နိုင်မည့် အန္တရာယ်ကို အသိရှိရှိကာကွယ်ရန် လိုအပ်ကြောင်း ပြင်ပမိုးလေဝသပညာရှင်...

ထိုင်လျှက်ဖြင့်ဘဝနတ်ထံလွန်‌တော်မူခဲ့သည့် ဟင်္သာတမြို့မှ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏ သြဝါဒါစရိယ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ် ဘဒ္ဒန္တ ပညာသာရသည် ဇန်နဝါရီ ၁၃ ရက်နံနက် ၅ နာရီ...
HomeNewsLocal Newsတရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊...

တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သူ (၉) ဦးကို အမှုဖွင့် အရေးယူထားပြီး (၆) ‌ဦးအား တရားစွဲဆိုထား

ဗဟိုဘဏ်အနေဖြင့်တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် (၉) ဦးကိုအမှုဖွင့် အရေးယူထားပြီး (၆) ‌ဦးအားတည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုထားကြောင်း ဗဟိုဘဏ်မှ အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန်နှင့် ဈေးကစားမှုများ မဖြစ်စေရန်အတွက် သွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သော နိုင်ငံခြားငွေများကို Online Trading Platform မှတဆင့် ရောင်းချပေးခြင်း၊ နိုင်ငံခြားသို့ ဆေးကုသခြင်း၊ ပညာတော်သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်များဖြင့် ထွက်ခွာမည့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလွှဲကောင်တာများတွင် ရောင်းချခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး လိုင်စင်မဲ့ အရောင်းအဝယ်ပြုလုပ်နေသူများကိုလည်း ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်ထဲရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး Hundi လုပ်ငန်းလုပ်ကိုင်ကြောင်း ကျော်စောသတင်း ပေါ်ပေါက် သူများအား စစ်ဆေးမေးမြန်းခြင်းနှင့် ယင်းကျော် စောသူများ၏ ဘဏ်စာရင်းများနှင့် ဘဏ်စနစ်ကို အသုံးပြုပြီး ငွေလွှဲပြောင်းခြင်းများအားစိစစ်၍ အရေးယူနိုင်ရေးကိုလ ည်း ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိကာလတွင်လည်း အရေးယူဆောင်ရွက်လျက်ရှိရာ၌ သံသယဖြစ်ဖွယ် တရားမဝင် နိုင်ငံခြားငွေ ဝယ်ယူ၊ ရောင်း ချ၊ လဲလှယ်သည့် လူပုဂ္ဂိုလ် (၂၆) ဦးနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လူပုဂ္ဂိုလ် (၉) ဦးအား အမှုဖွင့်အရေးယူထားပြီး ဖြစ်သကဲ့သို့ (၆) ဦးအား တည်ဆဲဥပဒေများနှင့်အညီ သက်ဆိုင်ရာမြို့နယ်တရားရုံးများသို့ တရားစွဲဆိုတင်ပို့ထားပြီး ဆက် လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများမှတဆင့် တရားမဝင်နိုင်ငံခြားငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းကို ဆောင်ရွက်လျက်ရှိသည့် Facebook Group များ၊ Face book Page များ ၊ လူပုဂ္ဂိုလ်များအား လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူနိုင်ရေး စိစစ်ဖော်ထုတ်ခြင်းကို ဆော င်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ စိစစ်ဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေသည့် Facebook Group များမှာ Gold Price Ygn (ဒေါ်လာ/ရွှေကုန်သည်များဂရု) Private Group၊ နေ့စဉ် ရွှေဈေး၊ ငွေဈေး Pu blic Group ၊ USD Exchange Myanmar Public Group ၊ Daily Exchange Rates For Myanmar (USD/SGD/EU RO/AUD/BAHT) Public Group၊ Singapore-Myanmar Public Group၊ Thai TH MyanmarMM Currency Public Group ၊နိုင်ငံတကာငွေကြေးဈေးနှုန်းများ Public Group၊ ယူရိုဒေါ်လာ ရောင်းဝယ်ပို့ဆောင်သူများ ဆုံဆည်းရာ Pub lic Group၊ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း (Currency Exchange) Private Group၊ ကမ္ဘာ့ရွှေ၊ မြန်မာ့ရွှေ၊ ရေနံ၊ စတော့ရှယ်ယာ နှင့် နိုင်ငံတကာငွေကြေးဈေး Public Group ၊ ရွှေဈေး၊ ငွေဈေး၊ ဒေါ်လာဈေး ($$) Public Group ၊ ဂျ ပန်၊ မြန်မာ ငွေလွှဲ/ငွေပို့ဝန်ဆောင်မှု Public Group တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရွှေဈေး ငွေဈေးFacebook Page ၊ ရွှေဈေး Facebook Page। အခေါက်ရွှေဈေး Facebook Page। MC Exchange Facebook Page၊ Golden Myanmar Face book Page အပါအဝင်လူပုဂ္ဂိုလ်များ နှင့် Facebook Account ပိုင်ရှင်များဖြစ်သည့် ကျော်ကျော်ဦး၊ ၊ကျော်ထွန်းလင်း၊ သိန်းတိုးအောင် ၊ရင်ရင်မျိုး၊ ကောင်းမြတ်ကျော် ၊ လုံဖူး ၊ နှင်းခရေ ၊ Tat Lu (Zayar Tun) Face book Account ၊ Kyaw Thiha Facebook Account၊ Mali Kha Facebook Account တို့ဖြစ်ကြောင်း ဖော်ပြထား သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပေးထားသည့် တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြား ငွေကြေးများ ဝယ်ယူ၊ ရောင်းချ၊ လဲလှယ်ခြင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေးကြိ အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆောင်းရာသီတွင် ဖြစ်ပွားတတ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဂရုပြုနေထိုင်ရန် MOHS သတိပေး

ဆောင်းရာသီတွင် ဖြစ်ပွားလေ့ရှိသော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကူးစက်ဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ ဆောင်းရာသီကာလတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားစေတတ်သော ရာသီတုပ်ကွေးရောဂါပိုးများ၊ ကိုဗစ် - ၁၉ ရောဂါပိုး၊ Human meta pneumo virus (HMPV) ရောဂါပိုးစသည့် အဏုဇီဝရောဂါပိုးများ ကူးစက်ဖြစ်ပွားမှု မြင့်တက်လေ့ရှိပြီး ကလေ-းငယ်များ၊ အသက်အရွယ်ကြီးရင့်သူများနှင့် ကိုယ်ခံအားစနစ်ကျဆင်းနေသူများတွင် ရောဂါပိုမိုပြင်းထန်စွာ ခံစားရစေနိုင်ကြောင်း ဖော်ပြထားသည်။ အဆိုပါ ကူးစက်ရောဂါများသည် ရောဂါပိုးကူးစက်ခံစားနေရသူ၏ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့မှထွက်ရှိသည့် အစက်အမှုန်များ(Droplets) မှတဆင့် ကူးစက်ခြင်း၊ ရောဂါပိုးကူးစက်ခံစားနေရသူနှင့်...

၁၈နှစ်အောက်အိန္ဒိယကလေ-းများဆိုရှယ်မီဒီယာအကောင့်ဖွင့်လျှင်မိဘခွင့်ပြုချက်လို

အသက် ၁၈ နှစ်အောက် ကလေ-းများသည် ဆိုရှယ်မီဒီယာအကောင့်များ ဖွင့်ပါက မိဘ၏ သဘောတူခွင့်ပြုချက်လိုအပ်မည်ဖြစ်သော ဒစ်ဂျစ်တယ် ကိုယ်ရေးအချက်အလက်ကာကွယ်ရေး နည်းဥပဒေမူကြမ်းကို အိန္ဒိယဗဟိုအစိုးရက သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။ ကလေ-းငယ်၏ ကိုယ်ရေးအချက်အလက်များကို မလုပ်ဆောင်မီတွင် မိဘ၏ ခွင့်ပြုချက် ရယူရန်နှင့် ဂရုတစိုက် စောင့်ထိန်းသွားရန် သင့်လျော်သော နည်းပညာနှင့် အဖွဲ့အစည်းဆိုင်ရာ အစီအမံများကို ချမှတ်ရမည်ဟု အများက စောင့်မျှော်နေကြသည့် နည်းဥပဒေမူကြမ်းတွင် ဖော်ပြထားသည်။ သို့ရာတွင် ဥပ‌ဒေချိုးဖောက်မှုအတွက် ပြစ်ဒဏ်ကိုမူ ဥပဒေကြမ်းတွင် ဖော်ပြထားခြင်း မရှိပေ။ အီလက်ထရွန်းနစ်နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန(Meity) က အစိုးရ၏ နိုင်ငံသားထိတွေ့ဆက်ဆံမှု...

အပူဆုံးအချိန် Heat Stroke ဖြစ်နိုင်မည့် အန္တရာယ်ကို ကာကွယ်ရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင် အသိပေးထား

လက်ရှိ ဆောင်းတွင်းကာလ အအေးဆုံးအချိန်နှင့် အပူဆုံးအချိန်များကို သတိထားကြရန်နှင့် အပူဆုံးအချိန်တွင် Heat Stroke ဖြစ်နိုင်မည့် အန္တရာယ်ကို အသိရှိရှိကာကွယ်ရန် လိုအပ်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ၎င်း ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသိပေးရေးသားထား သည်။ လတ်တလောအချိန်တွင် အအေးဆုံးအချိန်နှင့် အပူဆုံးအချိန်များ သတိထားကြရန်နှင့် အအေးဆုံးအချိန်မှာ နံနက် စောစော (၂) နာရီမှ (၇) နာရီလောက်အထိ အအေးဆုံးအချိန်များဖြစ်ပြီး အပူဆုံးအချိန်မှာ နေ့လယ် (၁) နာရီမှ ညနေ (၄) နာရီကျော်သည်အထိ ဖြစ်နေတတ်ကြောင်း ၎င်းက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071