EAO များအတွင်း Coordination and Cooperation (ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း) ပိုမိုရရှိလာစေရေးအပါအဝင် အချက်(၅)ချက်ကို 7 EAO Alliance ၏ (၃/၂၀၂၅) ဦးဆောင်အဖွဲ့အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၊ မဟာမိတ်အဖွဲ့ – 7 EAO Alliance ၏ (၃/၂၀၂၅) ဦးဆောင်အဖွဲ့အစည်းအဝေးအား ယနေ့ ဇန်နဝါရီ ၁၄ ရက်က သဘာပတိ(၁)အဖြစ် ဦးဆောင်အဖွဲ့-အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်မှ ဦးဆောင်၍ကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသော နိုင် ငံရေး၊ စစ်ရေး၊ စီးပွားရေးနှင့် လူထုမှနေ့စဥ်ရင် ဆိုင်ကြုံတွေ့နေရသော လူမှုဒုက္ခမျိုးစုံအားသုံး သပ်ခဲ့ကြသည်။
ထို့ပြင် လက်ငင်းနိုင်ငံရေးအကြပ်အတည်းမှ လွန်မြောက်နိုင်ရန် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် နိုင်ငံရေးအခင်းအကျင်းနှင့်အညီ ဆောင်ရွက်နိုင်ရေးကြိုတင်ပြင်ဆင်ထားရှိရေး၊ သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများဖြစ်ပါ်လာစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ငြိမ်ချမ်းရေးလုပ်ငန်းစဥ် ဖော်ဆောင်ရေး၊ EAO များအတွင်း Coordination and Cooperation (ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း) ပိုမိုရရှိလာစေရေး၊ ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဥ်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးအား သဘာပတိ(၂)အဖြစ် ဦး ဆောင်အဖွဲ့၏ ဒု-အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းကဆောင်ရွက်ခဲ့ကာ ဦးဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီအသီးသီးတို့၏ Coordinator များ(၂၂)ဦးတက်ရောက်ခဲ့သည်။