ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဇန်နဝါရီ ၁၃ ရက်နံနက်ပိုင်းမှစတင်ကာ ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အသုံးပြု၍ သောက်သုံးရေစတင်ပေးဝေလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အား ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ လှိုင်သာယာ(အရှေ့ပိုင်း)မြို့ နယ်၊ (၇)ရပ်ကွက်ရှိ တေးဥယျာဉ်မင်္ဂလာကန်တော်တွင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သောက်သုံးရေစတင်ပေးဝေခြင်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း တက်ရောက်ခဲ့သည်။
ထိုသို့ တက်ရောက်ပြီးနောက် ကန်အတွင်းမှရေများအားအနည်ချစနစ်ပြုလုပ်သည့် PE ရေတိုင်ကီကြီး(၂)လုံးနှင့် ပိုးသတ်စနစ်ပြုလုပ်သည့် PE ရေတိုင်ကီကြီး(၂)လုံးတို့ဖြင့် အဆင့်ဆင့်သန့်စင်၍ သောက်သုံးရေစတင်ပေးဝေနေမှုနှင့် မင်္ဂလာကန်တော်တို့ကို ကြည့်ရူစစ်ဆေးခဲ့သည်။
အဆိုပါ တေးဥယျာဉ်မင်္ဂလာကန်တော်သည်(၂ ဒဿမ ၁)ဧက ကျယ်၀န်းပြီး ရေသိုလှောင်နိုင်မှုပမာဏမှာ(၅ ဒဿမ ၁၀)ဂါလံသန်းဖြစ်ပြီး ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အား ရပ်ကွက်အတွင်းရှိ ပြည်သူ(၃၇၁၁၇)ဦးနှင့်အနီးနားရှိရပ် ကွက်များမှ ပြည်သူများသောက်သုံးရေဖူလုံစွာရရှိရန်ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။