ဟနွိုင်း၊ဇန်နဝါရီ ၁၅
ရုရှားဝန်ကြီးချုပ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့၏ ရှေ့မှောက်တွင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများအကြား နျူကလီးယား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအတွက် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီကဖော်ပြခဲ့သည်။
အဆိုပါသဘောတူလက်မှတ်ရေးထိုးခြင်းကို ရုရှား၏ နိုင်ငံတော်အနုမြူစွမ်းအင်ကော်ပိုရေးရှင်းနှင့်ဗီယက်နမ်လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်ဟုသိရသည်။
ရုရှားအနုမြူကော်ပိုရေးရှင်း ညွှန်ကြားရေးမှူးချုပ် ကို လက်ခံတွေ့ဆုံစဉ် ဗီယက်နမ်ဝန်ကြီးချုပ်က ၎င်းအနေဖြင့် နိုင်ငံ၏နှစ်ပေါင်းများစွာနောက်ကျကျန်နေခဲ့သည့် နျူကလီးယားဓါတ်အားပေးစီမံကိန်းကို ပြန်လည်စတင်အကောင်အထည်ဖော်လိုပြီး တိုးတက်လာသောစက်မှုလုပ်ငန်းများနှင့် မြင့်မားလာသော လျှပ်စစ်စွမ်းအင်လိုအပ်ချက်များအတွက် ခိုင်မာစွာထောက်ပံ့ပေးလိုကြောင်းဆိုခဲ့သည်။
ရုရှား နိုင်ငံတော်အနုမြူစွမ်းအင်ကော်ပိုရေးရှင်းညွှန်ကြားရေးမှူးချုပ်ကမူ ၎င်းတို့အနေဖြင့် ဗီယက်နမ်နှင့်ပူးပေါင်းကာ နျူကလီးယားဓါတ်အားပေးစက်ရုံများတည်ဆောက်ခြင်း၊နည်းပညာလွှဲပြောင်းခြင်း၊နျူထုတ်ကုန်များကို ဗီယက်နမ်နိုင်ငံတွင်းထုတ်များအဖြစ်ပြောင်းလဲခြင်းများအတွက် ကူညီရန်အဆင်သင့်ရှိနေကြောင်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ