တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းမြို့နယ်ရှိ စူငယ်ဘာလှိုင်း ကျေးရွာအုပ်စု၊ အောင်ဘာကျေးရွာ၌ နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေဖြင့် ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေ (၆၀) ရာခိုင်နှုန်း၊ ကုမ္ပဏီမှ (၂၀) ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ (၂၀) ရာခိုင်နှုန်းတို့ဖြင့် မဟာဓာတ်အားလိုင်းပြင်ပ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းကို (၁၂၀ ဒသမ ၆၄) ကီလိုဝပ်၊ ဒီဇယ် (၂၀၀) ကေဗွီအေ စွမ်းအားထပ်မံတိုးမြှင့်တပ်ဆင်ခြင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကော့သောင်းမြို့ Victoria Cliff ဟိုတယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Ms. Ma Jia နှင့် တွေ့ဆုံပြီး မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေမှု၊ လန်ချန်း-မဲခေါင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများ၊ လန်ချန်း-မဲခေါင်စီမံကိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကံမော်ကြီးကျေးရွာနှင့် ရေငံကြီးကျေးရွာ ဆိုလာအသေးစား ဓာတ်အားပေးစနစ်စီမံကိန်းလုပ်ငန်းနှစ်ခုသည် မဲခေါင် -လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂)၊ ပြည်ထောင်စုရန်ပုံငွေ၊ သက်ဆိုင်ရာ ကုမ္ပဏီ၏ ရင်းနှီးမြှုပ် နှံမှုနှင့် ကျေးရွာပြည်သူထည့် ဝင်ငွေတို့ အချိုးကျပူးပေါင်းထည့်ဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အစိုးရ-ပြည်သူ – ပုဂ္ဂလိက သုံးပွင့်ဆိုင် လက်တွဲညီညီဆောင်ရွက်မှု စံနမူနာပြ စီမံ ကိန်းတစ်ခုဖြစ်ကြောင်း၊ စီမံကိန်းမှ ဆိုလာအသေးစား ဓာတ်အားပေးစနစ်ဖြင့် ရေပေးဝေရေးလုပ်ငန်းများကို ဆောင်ရွက်ထားရှိသည့်အတွက် ကျေးရွာ နှစ်ရွာရှိ အိမ်ခြေ (၅၄၀) ခန့်၊ လူဦးရေ (၂၇၀၀) တို့၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးများ တိုးတက်လာမည့်အပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေမည်ဖြစ်ကြောင်းပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဆက်လက်၍ မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်သည့် ကံမော်ကြီးကျေးရွာနှင့် ရေငံကြီးကျေးရွာ ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်း ပြီးမြောက်အောင်မြင်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။