ပေကျင်း၊ဇန်နဝါရီ ၁၅
တရုတ်နှင့်ဂျပန်တို့၏အာဏာရပါတီများသည် နှစ်နိုင်ငံအကြား မည်သို့သောအခြေအနေမျိုး နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဖြစ်စေ အနီးကပ်တွေ့ဆုံဆွေးနွေးမှုနှင့်ဆက်သွယ်မှုတို့ကို ဆက်လက်ထိန်းသိမ်းထားရန်သဘောတူခဲ့ကြကြောင်းသိရသည်။
နှစ်နိုင်ငံကိုယ်စားလှယ်များသည် ကိုးကြိမ်မြောက်အနေဖြင့် ပေကျင်း၌ကျင်းပသည့် တရုတ်နှင့်ဂျပန်အာဏာရပါတီများ တွေ့ဆုံဆွေးနွေး အမြင်ဖလှယ်ရေးဆိုင်ရာဆွေးနွေးပွဲသို့တက်ရောက်ကြစဉ် ယခုကဲ့သို့ သဘောတူခဲ့ကြခြင်းလည်းဖြစ်သည်။
၂၀၀၆ ခုနှစ်၌ စတင်ခဲ့သည့် အစည်းအဝေးမှစ၍ နှစ်နိုင်ငံဖလှယ်ရေး ယန္တရားသည် နှစ်ဘက်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု အသိအမှတ်ပြုခဲ့ကြသည်။
နှစ်ဘက်ကိုယ်စားလှယ်များအနေဖြင့် အာဏာရပါတီများ၏ အနာဂတ်မျှော်မှန်းချက်နှင့်တာဝန်များကိုအာရုံစိုက်ကာ ကသောင်းကနင်းဖြစ်နေသည့် ကမ္ဘာ့ရေးရာကိစ္စများအကြား ၎င်းတို့နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ၏စနစ်ကိုပြန်လည်ကျင့်သုံးကာ အရေးကြီးသော တာဝန်များ နှင့် အခန်းကဏ္ဏ များကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြသည်ဟုလည်းသိရသည်။
ယင်းနောက် နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုတိုးမြှင့်ရေး၊ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်နိုင်ရေးအတွက်လည်း လေးနက်စွာဆွေးနွေးခဲ့ကြသည်ဟုသိရသည်။
Source : ရှင်းဟွာ