မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများသယ်ဆောင်ရောင်းချနေသည့်အဖွဲ့အား မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၇ ရက်ညနေ ၄ နာရီက မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၄၁(A) လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြားတွင် မူးယစ်ဆေးဝါးအရောင်းအဝယ်ပြုလုပ်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာ စောဖြိုးအောင်၊ လင်းလင်းအောင်၊ လှိုင်ဖြိုးထွေး(ခ)ကိုထွေးနှင့် အောင်မျိုးသိန်း(ခ)တာတီးတို့အား TOYOTA CROWN ကား၊ ပလတ်စတစ်ဆပ်ပြာခွက်(၆၆၀)ခွက်ဖြင့်ထည့်ထားသော ဘိန်းဖြူ(၅ ဒသမ ၉၄)ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စောဖြိုးအောင်၏နေအိမ်မှ တစ်ပုလင်းလျှင်(၁၀၀)မီလီလီတာစီပါ PHENSEDYL (၃၀)ပုလင်းကိုလည်းသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်များအရ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်၊ နားရိုင်းရွာသစ်ကျေးရွာနေ ကိုစိုင်း(ခ)အားချိန်၏ အစီအမံဖြင့် ချမ်းအေးသာစံမြို့နယ်နေ အောင် သူ(ခ)စိန်သောင်းမှတာဝန်ခံ၍ လှိုင်ဖြိုးထွေး၊ သန့်ဇင်ထွန်း၊ လင်းလင်းအောင်နှင့် ဇော်မျိုးသိန်း တို့အားသယ်ဆောင်ခိုင်းပြီး ချမ်းအေးသာစံမြို့ နယ်နေ စောဖြိုးအောင်မှ မန္တလေးမြို့တွင် ဘိန်း ဖြူများဝယ်ယူပြီး မြန်မာ-အိန္ဒိယနယ်စပ်၊ တမူးမြို့နယ်သို့သယ်ဆောင်ရောင်းဝယ်ပြီး မြန်မာ-အိ န္ဒိယနယ်စပ်နေ ကီရန်းမှပြန်လည်ရောင်းချကာ ကလေးမြို့မှ မန္တလေးမြို့သို့ PHENSEDYL များကိုသယ်ဆောင်ရောင်းဝယ်ကြောင်းတို့ကို ဖော် ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများဖြစ်သည့် အောင်သူနှင့် သန့်ဇင်ထွန်းတို့အား ရှမ်း ပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လှိုင်မျိုးထွန်း(ခ)သီလွန်းအား မန္တလေးတိုင်း၊ ချမ်း အေးသာစံမြို့နယ်တို့တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအ ရအမှုဖွင့်ထားကြောင်း သိရသည်။