တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက သိရသည်။
အဆိုပါ ပြစ်ဒဏ်ပေးမှုကို မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ရပ်လမ်းဆုံတွင် ဆိုင်ကယ်ဦးထုပ်မပါဘဲ မောင်းနှင်လာသူများကို တားဆီး၍ ဦးထုပ်မဆောင်းသည့် ပြစ်ဒဏ်အစား ဆိုင်ကယ်စီး ဦးထုတ်အသစ်တစ်လုံးကို ချက်ခြင်းဝယ်ယူဆောင်းခိုင်းစေသည့် ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
” ဦးထုပ်ဆောင်းဖို့ အရင်တည်းက အသိပညာပေးတာမျိုးတွေကို ယာဉ်ထိန်းရဲတွေက လုပ်ပါတယ်။ အဓိကဆိုင်ကယ်မောင်းသူတွေ ဦးထုပ်မဆောင်းရင်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို အသိပညာပေးတာတွေ အခါအားလျှော်ရင် ဆွေးနွေးမှုတွေလုပ်ပါတယ်။ အခုဟာကဗျာ မြို့မှာက အရေးမစိုက်ဘဲ မောင်းနေတော့ ဒီနေ့ ရှောင်တခင် သဘောစစ်ဆေးပြီး ပြစ်ဒဏ်ပေးတဲ့သဘောပါ။ ကောင်းပါတယ်။ စည်းနဲ့ကမ်းနဲ့ဖြစ်သင့်တာလေ”ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယနေ့ စစ်ဆေးပြစ်ဒဏ်ပေးမှုအတွင်း ဦးထုပ်မဆောင်းဘဲဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား၊အမျိုးသမီး (၄၅ ) ဦးခန့် ကို ဆိုင်ကယ်ဦးထုပ်တစ်လုံး ကျပ်ငွေ(၃၀,၀၀၀)ဖြင့် ချက်ချင်းဝယ်ယူ ဆောင်းခိုင်းခဲ့ကြောင်း သိရသည်။