မြန်မာနိုင်ငံအမျိုးသား တီဘီတိုက်ဖျက်ရေး စီမံကိန်းမှ ပညာရှင်များက ကိုရီးယားနိုင်ငံမှ လာရောက်သော ပညာရှင်များနှင့် ပူးပေါင်း၍ တီဘီဆေးသစ်များ၏ ဆေးယဉ်ပါးမှုနှင့် ဆေးယဉ်ပါးတီဘီမျိုးဗီဇဓာတ်ခွဲစမ်းသပ်မှု နည်းပညာဆိုင်ရာ စာတွေ့လက်တွေ့လုပ်ဆောင်မှုများကို သင်ကြားပြသပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံအကြိုလှုပ်ရှားမှုအနေဖြင့်ညွှန်ကြားရေးမှူးချုပ်၊ ဆေးသုတေသနဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန (Myanmar CDC)နှင့် အမျိုးသားမှီငြမ်းပြုတီဘီဓာတ်ခွဲခန်းတို့မှ ပြည်သူ့ကျန်းမာရေးနှင့် ဓာတ်ခွဲဘက်ဆိုင်ရာ ဆရာဝန်များ၊ သုတေသီများ၊ ဓာတ်ခွဲကျွမ်းကျင်များ စုစုပေါင်း(၁၅)ဦးအား တီဘီဆေးသစ်များ၏ ဆေးယဉ်ပါးမှုနှင့် ဆေးယဉ်ပါးတီဘီမျိုးဗီဇဓာတ်ခွဲစမ်းသပ်မှု နည်းပညာဆိုင်ရာ စာတွေ့လက်တွေ့ လုပ်ဆောင်မှုများကို သင်ကြားပြသပေးကြောင်း သိရသည်။
ထိုသို့ သင်ကြားပေးရာ၌ ဆေးသုတေသန ဦးစီးဌာနမှ သုတေသီများ၊ မြန်မာနိုင်ငံအမျိုးသား တီဘီတိုက်ဖျက်ရေးစီမံကိန်းမှ ပညာရှင်များက ကိုရီးယားသမ္မတနိုင်ငံမှ လာရောက်သည့် Dr. Jong Seok Lee, Senior Scientist, Internatio nal Tuberculosis Research Center ၊ Prof. Jaehun Che ong, Professor/Head, Pusan National University ၊ Pr of. Eun Taek Han, Professor/Head, Pusan National University တို့နှင့် ပူးပေါင်း၍ ဇန်နဝါရီ (၁၆)ရက်နှင့် (၁၇) ရက်တို့တွင် အဆင့်မြင့်မော်လီကျူးသုတေသနဌာန၊ ဆေးသုတေသနဦးစီးဌာန၌ သင်ကြားပြသပေးခြင်းဖြစ်ကြောင်း သိရသည်။