စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် မီးခိုးမြူငွေ့ ကင်းစင်ရေး ရိုးပြတ်၊ ယူရီးယားနှင့် အီးအမ် အသုံးပြု၍ ထယ်ထိုးမြေမြှုပ်သည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“တောင်သူတွေအနေနဲ့ နွေစပါး၊ မိုးစပါး စိုက်ခင်းတွေကို ရိတ်သိမ်းပြီးရင် ကောက်ရိုး၊ ရိုးပြတ်တွေကို မီးရှို့လို့ ထွက်ရှိလာမယ့် မီးခိုးမြူငွေ့တွေ လျော့ချနိုင်ရေးနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ လျော့နည်းသက်သာစေဖို့ မြေဆီလွှာအတွင်း သဘာဝမြေဆွေးဓာတ်တွေ ပြန်လည်တိုးပွားလာပြီး စဉ်ဆက်မပျက် စိုက်ပျိုးနိုင်ရေးတို့အတွက် ယူရီးယားနဲ့အီးအမ်တွေကို ကောက်ရိုး၊ ရိုးပြတ်တွေပေါ် ပက်ဖျန်းပက်ကျဲပေးပြီးထယ်ထိုးမြေမြှုပ်ပေးရင်အကျိုးကျေးဇူးအလွန်များပါတယ်”ဟု မြေအသုံးချရေးဌာနခွဲမှ စစ်ကိုင်းတိုင်း မြေအသုံးချရေး တာဝန်ခံ ဒေါ်ခင်ထွေးဝင်းက ပြောသည်။
ဇန်နဝါရီလ (၁၇)ရက်၊ နံနက်က မုံရွာမြို့နယ် အလုံရှိ နွေစ ပါးရိုးပြတ်စိုက်ခင်းများတွင် ကောက်ရိုး၊ ရိုးပြတ်များ မီးရှို့ဖယ်ရှားခြင်းကြောင့် ထွက်ရှိလာမည့် မီးခိုးမြူငွေ့လျော့ချရေးကို ဆောင်ရွက်နိုင်ရန်၊ ပတ်ဝန်းကျင် လေထု၊ ရေထု ည စ်ညမ်းမှု ဆိုးကျိုးများကို သက်သာစေရန်၊ မြေဆီလွှာအ တွင်း တဖြည်းဖြည်းယုတ်လျော့ နေသော သဘာဝမြေဆွေးဓာတ်ကို ပြန်လည်တိုးပွားလာစေပြီး စဉ်ဆက်မပျက် စိုက် ပျိုးထုတ်လုပ်နိုင်စေရေး တည်ဆောက်နိုင်စေရန် တို့အတွက် မီးခိုးမြူငွေ့ ကင်းစင်ရေးအတွက် ရိုးပြတ်များအား ယူရီး ယားနှင့် အီးအမ်အသုံးပြု၍ မြန်မြန်ဆွေးမြေ့စေရန် ထယ်ထိုးမြေမြှုပ် အသိပညာပေးလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြ စ်သည်။
အသိပညာပေးလုပ်ငန်းခွင်သို့စစ်ကိုင်းတိုင်းဒေသကြီးစိုက် ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ဆွေနှင့်အတူ တိုင်းမြေအသုံးချရေးဌာနခွဲရှိ တာဝန်ခံနှင့် ဝန်ထမ်းများလာရောက်ခဲ့သည်။