Saturday, January 18, 2025

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ဇန်နဝါရီ ၁၉...

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးသည် ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်တွင် အသက်ဝင်မည်ဖြစ်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန...

ထရမ့်ပ်ကျမ်းသစ္စာကျိန်ပွဲကက်ပီ‌တော်အဆောက်အအုံတွင်း ကျင်းပမည်

ပြင်းထန်သော အအေးဒဏ်ကြောင့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့(ဇန်နဝါရီ ၂၀) တွင် ယူအက်စ် ကက်ပီတော်အဆောက်အအုံအတွင်းပိုင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယင်းသို့ အဆောက်အအုံအတွင်း၌...

ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်အခြမ်းတွင် ထိုင်းစစ်တပ်က အင်အားတိုး...

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်အခြမ်း မဲဆောက်မြို့အပါအဝင် (၅) နေရာ၌ ထိုင်းဘုရင့်တပ်မတော် အထူးတပ်ဖွဲ့မှဦးဆောင်၍ အင်အားတိုးကင်းလှည့်လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကြောင်း မဲဆောက်မြို့ရှိ သတင်းရင်းမြစ်များထံက သိရသည်။ နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းအတွင်းရှိနေသည့်...

တရားမဝင်ရွှေ့ပြောင်းအခြေချသူများကို ပြန်ပို့ရေး ဆောင်ရွက်မှု ကျမ်းသစ္စာဆိုပြီးနောက်တစ်နေ့...

ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီး နောက်တစ်နေ့တွင် အမေရိကန်ရှိ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမည်ဆိုသည့် သူ၏ မဲဆွယ်စည်းရုံးစဥ်က ကတိကဝတ်ကို သူ့အစိုးရအဖွဲ့က အထူးဆောင်ရွက်သွားမည်ဖြစ်ကြောင်း...
HomeNewsLocal Newsပုပ္ပားတောင် ပရဆေးဥယျာဉ်အနီး မြန်မာ့ရွှေသမင်များအား...

ပုပ္ပားတောင် ပရဆေးဥယျာဉ်အနီး မြန်မာ့ရွှေသမင်များအား လာရောက် လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာတွင် ကမ္ဘာကျော် မီးငြိမ်းတောင်ဖြစ်သည့် ပုပ္ပားတောင်ပရဆေး ဥယျာဉ်အနီး ရွှေသမင်ဘေးမဲ့တော ဥယျာဉ်တွင် ရွှေသမင်များ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။

အဆိုပါ ရွှေသမင်ဘေးမဲ့တောဥယျာဉ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ထိန်းသိမ်းကာကွယ်ခြင်းများ ဆောင်ရွက်နေသည့် နေရာဖြစ်ပြီး ရွှေသမင်များ၊ ဆတ်များ ကျင်လည်ကျက်စားနေကြောင်း သိရသည်။

ထို့ပြင် ယင်းနေရာတွင်ပင် (၁၇)ဧကခန့် ကျယ်ဝန်းသည့် စန္ဒကူးတောနှင့် ရွှေသမင်များ၊ ဆတ်များ၊ စန္ဒကူးတို့အား စိုက်ပျိုးထိန်းသိမ်းထားရှိထားကြောင်း သိရသည်။

မြန်မာ့ရွှေသမင်များထားရှိရာ စန္ဒကူးတောသို့ ပုပ္ပားကျေးရွာမှ တောင်ကလပ်သို့ သွားရာလမ်း ပုပ္ပားတောင်ဥယျာဉ်အဝင်ဝမှ စတင်ဝင်ရောက်နိုင်ပြီး ပရဆေးဥယျာဉ်အနီးတွင် တည်ရှိကြောင်း၊ ဘေးမဲ့တောဥယျာဉ်ထဲတွင် ရွှေသမင်အမ (၁၁)ကောင်၊ အထီး (၄)ကောင်နှင့် ဆတ်အထီး (၁)ကောင်နှင့် အမ (၄)ကောင်တို့ရှိပြီး ရွှေသမင်များနှင့် ဓာတ်ပုံရိုက်ကူးနိုင်ကြောင်း သိရသည်။

ထို့ပြင် ရွှေသမင်များအား ဖွဲနု၊ မယားနင်းရွက်၊ ကြောင်ထောက်ရွက် (ကြောင်ရှာပင်မျိုးနွယ်)၊ ငှက်ပျောသီးတို့ကိုလည်း အစာပြေဖြစ်စေ၊ အဝဖြစ်စေ ဘူဖေးကျွေးမွေးနိုင်ပြီး ဘူဖေးတစ်ခါကျွေးလျှင် ကျပ် (၅၀၀၀၀)နှုန်းဖြင့် ကျွေးမွေးနိုင်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ဇန်နဝါရီ ၁၉ ရက် စတင်မည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနကဆို

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးသည် ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်တွင် အသက်ဝင်မည်ဖြစ်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျက် ဘင် မိုဟာမက် အယ်လ်အန်ဆရီ က ပြောကြားသည်။ “သဘောတူညီချက်အရ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီလ ၁၉ ရက်နေ့ ဒေသစံတော်ချိန် မနက် ၈ နာရီ ၃၀ မိနစ်မှာ စတင်မှာ ဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသခံတွေ ဒါကိုသတိထားကြဖို့ အကြံပြုထားပါတယ်” ဟု X လူမှုကွန်ရက်တွင်...

ထရမ့်ပ်ကျမ်းသစ္စာကျိန်ပွဲကက်ပီ‌တော်အဆောက်အအုံတွင်း ကျင်းပမည်

ပြင်းထန်သော အအေးဒဏ်ကြောင့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့(ဇန်နဝါရီ ၂၀) တွင် ယူအက်စ် ကက်ပီတော်အဆောက်အအုံအတွင်းပိုင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယင်းသို့ အဆောက်အအုံအတွင်း၌ ကျမ်ကျိန်ခြင်းသည် အမေရိကန်သမ္မတ ကျမ်းကျိန်ပွဲအခမ်းအနားကို နှစ် ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုံတွင်းအခမ်းအနားတစ်ခုအဖြစ် ပြုလုပ်ရခြင်းဖြစ်သည်။ “ နိုင်ငံကို အာတိတ်လေအေးစီးကြောင်း ဝင်ရောက်နေတာကြောင့် လူတွေ ထိခိုက်တာမျိုး ဒဏ်ရာအနာတရဖြစ်တာမျိုး လုံးဝမဖြစ်စေလိုပါဘူး” ဟု ထရမ့်ပ်က သောကြာနေ့တွင် ၎င်း၏ Truth ဆိုရှယ်ပလက်ဖောင်းပေါ်၌ ပြောဆိုခဲ့သည်။ သို့ဖြစ်၍ ကျမ်းကျိန်မိန့်ခွန်းနှင့် အခြား ဆုတောင်းမှုများ၊...

ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်အခြမ်းတွင် ထိုင်းစစ်တပ်က အင်အားတိုး ကင်းလှည့်လှုပ်ရှားမှုပြုလုပ်လျက်ရှိ

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်အခြမ်း မဲဆောက်မြို့အပါအဝင် (၅) နေရာ၌ ထိုင်းဘုရင့်တပ်မတော် အထူးတပ်ဖွဲ့မှဦးဆောင်၍ အင်အားတိုးကင်းလှည့်လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကြောင်း မဲဆောက်မြို့ရှိ သတင်းရင်းမြစ်များထံက သိရသည်။ နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းအတွင်းရှိနေသည့် မဲဆောက်၊ ထဆောင်ယန်၊ ဖုတ်ဖ၊ အုန်းဖန်နှင့် မဲရမတ်ဒေသတို့၌ ကင်းလှည့် စစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်သည်။ ယင်းလှုပ်ရှားမှုသည် မူး-ယ-စ်ဆေ-းဝါးသယ်ဆောင်မှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊ လူကု-န်ကူးမှု၊ တရားမဝင် လုပ်သားပို့ဆောင်မှုများအား တားဆီးကာကွယ်ရန်ဖြစ်ပြီး ထိုင်းစစ်တပ်အပါအဝင် ရဲတပ်ဖွဲ့နှင့် ထိုင်းအာဏာပိုင်အဖွဲ့များပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယမန်နေ့ ဇန်နဝါရီ (၁၇)ရက်က ကျားဖြန့်ဂိုဏ်းများတားဆီးနှိမ်နင်းရေး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ လူဝင်မှုကြီးကြပ်ရေးဌာနရှိအစည်းအဝေးခန်းမ၌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071