Saturday, January 18, 2025

ရှုံးပွဲမရှိ စံချိန်ထိန်းထားနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်း

ယနေ့ ဇန်နဝါရီ (၁၈)ရက် ညနေ (၃)ရာရီအချိန်တွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၆)အတွင်း ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းအား...

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ဇန်နဝါရီ ၁၉...

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးသည် ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်တွင် အသက်ဝင်မည်ဖြစ်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန...

ထရမ့်ပ်ကျမ်းသစ္စာကျိန်ပွဲကက်ပီ‌တော်အဆောက်အအုံတွင်း ကျင်းပမည်

ပြင်းထန်သော အအေးဒဏ်ကြောင့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့(ဇန်နဝါရီ ၂၀) တွင် ယူအက်စ် ကက်ပီတော်အဆောက်အအုံအတွင်းပိုင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယင်းသို့ အဆောက်အအုံအတွင်း၌...

ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်အခြမ်းတွင် ထိုင်းစစ်တပ်က အင်အားတိုး...

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်အခြမ်း မဲဆောက်မြို့အပါအဝင် (၅) နေရာ၌ ထိုင်းဘုရင့်တပ်မတော် အထူးတပ်ဖွဲ့မှဦးဆောင်၍ အင်အားတိုးကင်းလှည့်လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကြောင်း မဲဆောက်မြို့ရှိ သတင်းရင်းမြစ်များထံက သိရသည်။ နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းအတွင်းရှိနေသည့်...
HomeNewsLocal Newsဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) ဂျပန်ယဉ်ကျေးမှုစင်တာတို့နှင့် ပူးပေါင်း၍ ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲသည် အကြိမ် (၂၀) မြောက် အဖြစ် ကျင်းပခြင်းဖြစ်ကာ ဘာသာပြန်ပညာရှင်အဆင့်ကို ရည်မှန်း၍ ဂျပန်ဘာသာကို အဆင့်မြင့်လေ့လာနေသူများအတွက် ရည်ရွယ်ကာ ကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။

ပြိုင်ပွဲကို “ကျွမ်းကျင်အဆင့်” ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲနှင့် ဂျပန်ဘာသာ အရည်အချင်း N3 အဆင့်ရှိ အခြေခံအဆင့်ဂျပန်ဘာသာလေ့လာနေသူများအတွက် “အငယ်တန်း အဆင့်” ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ဟူ၍ ခွဲခြားကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြိုင်ပွဲတွင်ဆုရရှိသူများကို ဂုဏ်ပြုလွှာနှင့်အတူ ဆုလက်ဆောင်များချီးမြှင့်ပေးအပ်သွားမည့် အပြင် သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ဂျပန်နိုင်ငံသို့ ဖိတ်ကြားခြင်းအစီအစဉ်များတွင်လည်း ပါဝင်ခွင့်ရရှိနိုင်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဇန်နဝါရီလ (၃၁)ရက်နောက်ဆုံးထား၍ ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (ကျွမ်းကျင်အဆင့်)https://forms.gleQGQuQoW5jwFgfytY7 ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (အငယ်တန်းအဆင့်)https://forms.gle/65qVKDjKGGMpdzJE8 တို့တွင် အချက်အလက်များကို ဝင်ရောက်ဖတ်ကြည့်ရှုပြီး လျှောက်ထားနိုင်သည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှုံးပွဲမရှိ စံချိန်ထိန်းထားနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်း

ယနေ့ ဇန်နဝါရီ (၁၈)ရက် ညနေ (၃)ရာရီအချိန်တွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၆)အတွင်း ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းအား (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ ရှုံးပွဲမရှိ စံချိန်ကို ထိန်းထားနိုင်ခဲ့သည်။ အဆိုပါ အသင်း(၂)သင်းသည် စုဖွဲ့မှု အားကောင်းပြီး ချ န်ပီယံဆုများကို (၅) ကြိမ်စီ ပိုင်ဆိုင်ထားသည့် အသင်းများဖြစ်သည်။ ယနေ့ပွဲစဉ်အတွင်း ရှမ်းယူနိုက်တက်ဘက်မှ နိုင်ငံခြားသား ကစားသမား (၅)ဦးထိ ပွဲထွက် ပါဝင်ကစားခဲ့ကြကာ ၊ ရန်ကုန်ယူနိုက်တက်အသင်းက ပြည်တွင်းကစားသမားများဖြင့်သာ ရင်ဆိုင်ကစားခဲ့ကြခြင်းဖြစ်သည်။ ယနေ့ ရှမ်းယူနိုက်တက်အသင်း...

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ဇန်နဝါရီ ၁၉ ရက် စတင်မည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနကဆို

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးသည် ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်တွင် အသက်ဝင်မည်ဖြစ်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျက် ဘင် မိုဟာမက် အယ်လ်အန်ဆရီ က ပြောကြားသည်။ “သဘောတူညီချက်အရ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီလ ၁၉ ရက်နေ့ ဒေသစံတော်ချိန် မနက် ၈ နာရီ ၃၀ မိနစ်မှာ စတင်မှာ ဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသခံတွေ ဒါကိုသတိထားကြဖို့ အကြံပြုထားပါတယ်” ဟု X လူမှုကွန်ရက်တွင်...

ထရမ့်ပ်ကျမ်းသစ္စာကျိန်ပွဲကက်ပီ‌တော်အဆောက်အအုံတွင်း ကျင်းပမည်

ပြင်းထန်သော အအေးဒဏ်ကြောင့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့(ဇန်နဝါရီ ၂၀) တွင် ယူအက်စ် ကက်ပီတော်အဆောက်အအုံအတွင်းပိုင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယင်းသို့ အဆောက်အအုံအတွင်း၌ ကျမ်ကျိန်ခြင်းသည် အမေရိကန်သမ္မတ ကျမ်းကျိန်ပွဲအခမ်းအနားကို နှစ် ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုံတွင်းအခမ်းအနားတစ်ခုအဖြစ် ပြုလုပ်ရခြင်းဖြစ်သည်။ “ နိုင်ငံကို အာတိတ်လေအေးစီးကြောင်း ဝင်ရောက်နေတာကြောင့် လူတွေ ထိခိုက်တာမျိုး ဒဏ်ရာအနာတရဖြစ်တာမျိုး လုံးဝမဖြစ်စေလိုပါဘူး” ဟု ထရမ့်ပ်က သောကြာနေ့တွင် ၎င်း၏ Truth ဆိုရှယ်ပလက်ဖောင်းပေါ်၌ ပြောဆိုခဲ့သည်။ သို့ဖြစ်၍ ကျမ်းကျိန်မိန့်ခွန်းနှင့် အခြား ဆုတောင်းမှုများ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071