Saturday, January 18, 2025

မြိတ်တွင် တစ်ရက်တည်း မီး(၂)ကြိမ်လောင်ကျွမ်းမှုဖြစ်ပွား

တနင်္သာရီတိုင်း ၊ မြိတ်မြို့တွင် ယနေ့ဇန်နဝါရီ (၁၈)ရက် တစ်ရက်တည်းတွင် မီးစလောင်ကျွမ်းမှု(၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ မွန်းလွဲ (၂)နာရီခွဲအချိန်တွင် မြိတ်မြို့၊ ရှမ်းချောင်းလမ်းမကြီး၊ တိုင်းရုံးလမ်းခွဲအနီးရှိ...

ရှုံးပွဲမရှိ စံချိန်ထိန်းထားနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်း

ယနေ့ ဇန်နဝါရီ (၁၈)ရက် ညနေ (၃)ရာရီအချိန်တွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၆)အတွင်း ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းအား...

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ဇန်နဝါရီ ၁၉...

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးသည် ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်တွင် အသက်ဝင်မည်ဖြစ်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန...

ထရမ့်ပ်ကျမ်းသစ္စာကျိန်ပွဲကက်ပီ‌တော်အဆောက်အအုံတွင်း ကျင်းပမည်

ပြင်းထန်သော အအေးဒဏ်ကြောင့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို တနင်္လာနေ့(ဇန်နဝါရီ ၂၀) တွင် ယူအက်စ် ကက်ပီတော်အဆောက်အအုံအတွင်းပိုင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယင်းသို့ အဆောက်အအုံအတွင်း၌...
HomeNewsLocal Newsမန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခ...

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက ထိရောက်စွာ အရေးယူမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခနှုန်းထားများကို သတ်မှတ်ပေးထားပြီး ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကာ ထိရောက်စွာ အရေးယူသွားမည်ဟု မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၂) ရက်မှ ဧပြီ (၁၇) ရက်အထိ ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူး လာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်း၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ စတင်ဆောက်လုပ်နေပြီး ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မန်းရွှေစက်တော်တွင် တည်းခိုဆောင် အခန်းပေါင်း (၆၀၀) ကျော်၊ ဈေးဆိုင်ခန်းပေါင်း (၈၀၀) ကျော်ကို စတင်ဆောက်လုပ်နေပြီး လက်ရှိတွင် နမ္မဒါတည်းခိုဆောင်အပါအဝင် ငွေသောင်ယံနှင့် မန်းချောင်း သောင်ပြင်တစ်လျောက် တည်းခိုဆောင်နှင့် ဈေးဆိုင်အခန်း ပေါင်း (၁၄၀) ကျော် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တည်းခိုဆောင် ငှားရမ်းခနှုန်းထားများကို တစ်ရက်လျှင် အထူးခန်း(VIP)တည်းခိုဆောင် (ရေချိုးခန်းနှင့် Toilet အပါ) ရေစပ်(ကမ်းစပ်) တစ်ခန်းကို ငွေ (၁၁၀၀၀၀) ကျပ်၊ ရိုးရိုးတည်းခိုဆောင် ရေစပ် (ကမ်းစပ်)တစ်ခန်းကို ငွေကျပ် (၈၀၀၀၀)၊ (၆၀၀၀၀) ကျပ်နှင့် ရိုးရိုးတည်းခိုဆောင် (ကုန်းပေါ်) တစ်ခန်း ငွေကျပ် (၄၀၀၀၀) ညှိနှိုင်းသတ်မှတ်ပေးထားကြောင်း သိရသည်။

“ဘုရားဖူးပြည်သူတွေ စိတ်အေးချမ်းသာစွာ တည်းခိုနားနေနိုင်စေဖို့အတွက် တည်းခိုဆောင်ငှားရမ်းခတွေကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်သလို ထိရောက်စွာအရေးယူသွားမှာ ဖြစ်ပါတယ်။”ဟု မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က ပြောသည်။

ဘုရားဖူးများ သွားလာရေးအဆင်ပြေစေရန် သောင်ပြင်အတွင်း၌ ယာယီ ဘေလီသံပေါင်တံတား (အထူးတံတား)တစ်စင်းကို ဆောက်လုပ်ပေးထားကာ မင်ဘူး-ရွှေစက်တော်နှင့် တောင်ပေါ်-တောင်အောက် မော်တော်ယာဉ်လိုင်းများကိုလည်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြိတ်တွင် တစ်ရက်တည်း မီး(၂)ကြိမ်လောင်ကျွမ်းမှုဖြစ်ပွား

တနင်္သာရီတိုင်း ၊ မြိတ်မြို့တွင် ယနေ့ဇန်နဝါရီ (၁၈)ရက် တစ်ရက်တည်းတွင် မီးစလောင်ကျွမ်းမှု(၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ မွန်းလွဲ (၂)နာရီခွဲအချိန်တွင် မြိတ်မြို့၊ ရှမ်းချောင်းလမ်းမကြီး၊ တိုင်းရုံးလမ်းခွဲအနီးရှိ ရာဘာစက်ရုံမီးလောင်မှုဖြစ်ပွားခဲ့ရာ ယခု ညနေ (၅)ခွဲအချိန်အထိ မီးငြိမ်းသတ်နေရဆဲဖြစ်ပြီး အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။ "မီးက များပါတယ်။ လက်ရှိအချိန်အထိ အပြီးသတ်ငြိမ်းသတ်နေရဆဲပါ။ အခြား‌ဟာကိုတော့ ဖြေပေးနိုင်တဲ့သူက ဖိုက်တာတိုး( မီးလောင်ပြင်အတွင်း ဝင်ရောက်မီးငြိမ်းသတ်နေခြင်း)နေရလို့ပါ။ ကျွန်တော်တို့ နောက်ကလည်း အင်အားဖြည့် လုပ်ပေးနေရလို့ မဖြေအားသေးတာပါ"ဟု ဖုန်းလက်ခံဖြေသူ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ မီးလောင်နေသည့် ရာဘာစက်ရုံအနီး စက်သုံးဆီဆိုင် ရှိနေခြင်းကြောင့်...

ရှုံးပွဲမရှိ စံချိန်ထိန်းထားနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်း

ယနေ့ ဇန်နဝါရီ (၁၈)ရက် ညနေ (၃)ရာရီအချိန်တွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၁၆)အတွင်း ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းအား (၁)ဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ ရှုံးပွဲမရှိ စံချိန်ကို ထိန်းထားနိုင်ခဲ့သည်။ အဆိုပါ အသင်း(၂)သင်းသည် စုဖွဲ့မှု အားကောင်းပြီး ချ န်ပီယံဆုများကို (၅) ကြိမ်စီ ပိုင်ဆိုင်ထားသည့် အသင်းများဖြစ်သည်။ ယနေ့ပွဲစဉ်အတွင်း ရှမ်းယူနိုက်တက်ဘက်မှ နိုင်ငံခြားသား ကစားသမား (၅)ဦးထိ ပွဲထွက် ပါဝင်ကစားခဲ့ကြကာ ၊ ရန်ကုန်ယူနိုက်တက်အသင်းက ပြည်တွင်းကစားသမားများဖြင့်သာ ရင်ဆိုင်ကစားခဲ့ကြခြင်းဖြစ်သည်။ ယနေ့ ရှမ်းယူနိုက်တက်အသင်း...

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ဇန်နဝါရီ ၁၉ ရက် စတင်မည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနကဆို

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးသည် ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်တွင် အသက်ဝင်မည်ဖြစ်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာဂျက် ဘင် မိုဟာမက် အယ်လ်အန်ဆရီ က ပြောကြားသည်။ “သဘောတူညီချက်အရ ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲရေးကို ဇန်နဝါရီလ ၁၉ ရက်နေ့ ဒေသစံတော်ချိန် မနက် ၈ နာရီ ၃၀ မိနစ်မှာ စတင်မှာ ဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသခံတွေ ဒါကိုသတိထားကြဖို့ အကြံပြုထားပါတယ်” ဟု X လူမှုကွန်ရက်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071