Sunday, January 19, 2025

အမေရိကတွင် TikTok ဝန်ဆောင်မှု ကွယ်ပျောက်တော့မည်

တရုတ်ပိုင်ဆိုင်သည့် အက်ပ်သည် နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သည်ဆိုကာ အမေရိကန်ပြည်ထောင်စုတွင် ပိတ်ပင်ရမည်ဖြစ်သောကြောင့် သန်း ၁၇၀ သော အမေရိကန်အသုံးပြုသူများအတွက် တနင်္ဂနွေနေ့မှစကာ ၎င်းတို့ဝန်ဆောင်မှု...

ရှမ်းပြည်နယ်မှ ရေဘေးသင့်အာမခံအလုပ်သ မား(၂၃၀)ဦးကို လူမှုဖူလုံ‌ရေးအကျိုးခံစားခွင့်...

ရှမ်းပြည်နယ်မှ ရေဘေးသင့်အာမခံအလုပ်သ မား(၂၃၀)ဦးကို လူမှုဖူလုံရေးအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်သန်း(၂၀) ကျော်အား ဇန်နဝါရီ ၂၇ ရက်နံနက်ပိုင်းက တောင်ကြီးမြို့ရှိ လူထုအခြေပြုစုပေါင်းခန်းမ၌ ပေးအပ်ခဲ့သည်။ အလုပ်သမားဝန်ကြီးဌာန...

ရန်ကုန်နှင့် နန်နင်းမြို့တို့အကြား၂၀၂၅ -၂၀၂၆ ခုနှစ်...

ရန်ကုန်မြို့နှင့် တရုတ်ပြည် နန်နင်းမြို့တို့အကြား ၂၀၂၅ - ၂၀၂၆ ခုနှစ် ချစ်ကြည်ရင်းနှီးမှုဖလှယ်ရေး နားလည်မှုစာချွန်လွှာကို ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် နန်နင်း ဒုတိယ...

မြိတ်တွင် တစ်ရက်တည်း မီး(၂)ကြိမ်လောင်ကျွမ်းမှုဖြစ်ပွား

တနင်္သာရီတိုင်း ၊ မြိတ်မြို့တွင် ယနေ့ဇန်နဝါရီ (၁၈)ရက် တစ်ရက်တည်းတွင် မီးစလောင်ကျွမ်းမှု(၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ မွန်းလွဲ (၂)နာရီခွဲအချိန်တွင် မြိတ်မြို့၊ ရှမ်းချောင်းလမ်းမကြီး၊ တိုင်းရုံးလမ်းခွဲအနီးရှိ...
HomeNewsLocal Newsထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်အခြမ်းတွင် ထိုင်းစစ်တပ်က...

ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်အခြမ်းတွင် ထိုင်းစစ်တပ်က အင်အားတိုး ကင်းလှည့်လှုပ်ရှားမှုပြုလုပ်လျက်ရှိ

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်အခြမ်း မဲဆောက်မြို့အပါအဝင် (၅) နေရာ၌ ထိုင်းဘုရင့်တပ်မတော် အထူးတပ်ဖွဲ့မှဦးဆောင်၍ အင်အားတိုးကင်းလှည့်လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိကြောင်း မဲဆောက်မြို့ရှိ သတင်းရင်းမြစ်များထံက သိရသည်။

နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းအတွင်းရှိနေသည့် မဲဆောက်၊ ထဆောင်ယန်၊ ဖုတ်ဖ၊ အုန်းဖန်နှင့် မဲရမတ်ဒေသတို့၌ ကင်းလှည့် စစ်ဆေးမှုများပြုလုပ်နေခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုသည် မူး-ယ-စ်ဆေ-းဝါးသယ်ဆောင်မှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု၊ လူကု-န်ကူးမှု၊ တရားမဝင် လုပ်သားပို့ဆောင်မှုများအား တားဆီးကာကွယ်ရန်ဖြစ်ပြီး ထိုင်းစစ်တပ်အပါအဝင် ရဲတပ်ဖွဲ့နှင့် ထိုင်းအာဏာပိုင်အဖွဲ့များပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ ဇန်နဝါရီ (၁၇)ရက်က ကျားဖြန့်ဂိုဏ်းများတားဆီးနှိမ်နင်းရေး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ လူဝင်မှုကြီးကြပ်ရေးဌာနရှိအစည်းအဝေးခန်းမ၌ ထိုင်းရဲတပ်ဖွဲ့က ကျင်းပပြုလုပ်ခဲ့ကြောင်း ထိုင်းသတင်းများဖော်ပြချက်အရ သိရသည်။

ထိုင်းအစိုးရအနေဖြင့် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်-မြဝတီဒေသလုံခြုံရေးတင်းကြပ်ထားပြီး ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံ၊ မြဝတီဘက်ရှိ ကျားဖြန့်လုပ်ငန်းများသို့ သွားရောက်လုပ်ကိုင်ခြင်း မပြုကြရန် မဲဆောက်မြို့တွင် သုံးဘာသာ (ထိုင်း-တရုတ်-အင်္ဂလိပ်) သတိပေးဆိုင်းဘုတ်များ စိုက်ထူထားကြောင်း ထိုင်းအခြေစိုက် မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ဓာတ်ပုံ-AEC News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကတွင် TikTok ဝန်ဆောင်မှု ကွယ်ပျောက်တော့မည်

တရုတ်ပိုင်ဆိုင်သည့် အက်ပ်သည် နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သည်ဆိုကာ အမေရိကန်ပြည်ထောင်စုတွင် ပိတ်ပင်ရမည်ဖြစ်သောကြောင့် သန်း ၁၇၀ သော အမေရိကန်အသုံးပြုသူများအတွက် တနင်္ဂနွေနေ့မှစကာ ၎င်းတို့ဝန်ဆောင်မှု ကွယ်ပျောက်ရတော့မည်ဟု TikTok က သောကြာနေ့တွင် ပြောဆိုခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် TikTok ဝန်ဆောင်မှုများကိုပေးခြင်းအတွက် အက်ပဲလ်၊ ဂူးဂဲလ်နှင့် အခြားကုမ္ပဏီများကိုမူ အပြစ်ပေးမည်မဟုတ်သော ဘိုင်ဒင်အစိုးရသည် အက်ပ်ကို အာမခံချက်မပေးပါက စိတ်မကောင်းစွာဖြင့် ဇန်နဝါရီ ၁၉ ရက်တွင် ကွယ်ပျောက်လိုက်ရတော့မည်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ကုမ္ပဏီက ပြောဆိုခဲ့သည်။ TikTok အနေဖြင့် ဥပဒေကြောင်းအရ လွတ်ငြိမ်းသက်သာခွင့်ရှာကာ အစိုးရအဖွဲ့ကို...

ရှမ်းပြည်နယ်မှ ရေဘေးသင့်အာမခံအလုပ်သ မား(၂၃၀)ဦးကို လူမှုဖူလုံ‌ရေးအကျိုးခံစားခွင့် ငွေကျပ်သန်း(၂၀)ကျော်ပေးအပ်

ရှမ်းပြည်နယ်မှ ရေဘေးသင့်အာမခံအလုပ်သ မား(၂၃၀)ဦးကို လူမှုဖူလုံရေးအကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်သန်း(၂၀) ကျော်အား ဇန်နဝါရီ ၂၇ ရက်နံနက်ပိုင်းက တောင်ကြီးမြို့ရှိ လူထုအခြေပြုစုပေါင်းခန်းမ၌ ပေးအပ်ခဲ့သည်။ အလုပ်သမားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဝင်းရှိန်တက်ရောက်၍ ရေဘေးသင့်အာမခံအလုပ်သ မားများအား လူမှုဖူလုံရေးကူညီမှု အကျိုးခံစား ခွင့်နှင့် အလုပ်ခွင်ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့်များကို ပေးအပ်ခဲ့သည်။ ဒု-ဝန်ကြီးဦးဝင်းရှိန်မှ ရာဂီ မုန်တိုင်းဒဏ်ကြောင့် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများပိတ်သိမ်းရခြင်း၊ လယ်ယာမြေများ၊ သီးနှံစိုက်ခင်းများပျက် စီးဆုံးရှုံးကာ အခြေခံလူတန်းစားများအပါအဝင် လုပ်ငန်းရှင်များပါ စီးပွားရေး၊ လူမှုရေးထိခိုက်ခဲ့ရ၍ ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာက ဏ္ဍမှ နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးပေးခဲ့သည်ဟု...

ရန်ကုန်နှင့် နန်နင်းမြို့တို့အကြား၂၀၂၅ -၂၀၂၆ ခုနှစ် ချစ်ကြည် ရင်းနှီးမှုဖလှယ်ရေး နားလည်မှုစာချွန်လွှာရေးထိုး

ရန်ကုန်မြို့နှင့် တရုတ်ပြည် နန်နင်းမြို့တို့အကြား ၂၀၂၅ - ၂၀၂၆ ခုနှစ် ချစ်ကြည်ရင်းနှီးမှုဖလှယ်ရေး နားလည်မှုစာချွန်လွှာကို ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် နန်နင်း ဒုတိယ မြို့တော်ဝန် Mr. Guo Wei တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသ၊ နန်နင်းမြို့တွင် ဇန်နဝါရီလ (၁၆) ရက်က ကျင်းပခဲ့သည့် Global Mayor Dialogue (GMD) သို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ်‌...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071