Sunday, January 19, 2025

အမေရိကန်တွင် TikTok သုံးမရတော့

TikTok ကိုပိုင်ဆိုင်သည့် ByteDance ကုမ္ပဏီက ၎င်းတို့၏ဝန်ဆောင်မှုများကို “ခေတ္တရပ်ဆိုင်း‌ကြောင်း” ကြေညာပြီးနောက် အမေရိကန်ရှိ TikTok အသုံးပြုသူ သန်း ၁၇၀ တို့သည်...

ခြေတုလက်တု ပြုပြင်ရန်ှနှင့် အသစ်ပြုလုပ်ရန် လိုအပ်သူ...

ပဲခူးတိုင်း၊ တောင်ငူမြို့အပါအဝင် ရေတာရှည်နှင့် ဆွာမြို့နယ်တို့ရှိ ခြေတုလက်တု ပြုပြင်ရန်နှင့် အသစ်ပြုလုပ်ရန်လိုအပ်သူ (၂၀၀)ခန့်ကို နယ်လှည့်လုပ်ဆောင်ပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းထံမှ သိရသည်။ နယ်လှည့်ဆောင်ရွက်ပေးမှုအား...

ထိုင်း – မြန်မာ နှစ်နိုင်ငံ...

လတ်တလောရေပန်းအစားဆုံးဖြစ်နေသည့် ထိုင်း - မြန်မာ နယ်စပ်က အွန်လိုင်းငွေလိ--မ်ဂိုဏ်များကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်နှိမ်နှင်းသွားရန် သဘောတူခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြလာသည်။ ဇန်နဝါရီ (၁၇) ရက်က...

(၅)ကြိမ်မြောက် သွားရောက်ခေါ်ယူခဲ့သည့် ဗန်းမော်ဒေသခံစစ်ရှောင် (၆၈)...

ဗန်းမော်မြို့တိုက်ပွဲများကြောင့် ရွေကူမြို့သို့ ရောက်ရှိခိုလှုံနေသည့် ဒေသခံစစ်ရှောင် (၆၈) ဦးကို (၅)ကြိမ်မြောက် အဖြစ်သွားရောက်ခေါ်ယူရာ ယနေ့ဇန်နဝါရီ (၁၉)ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိမည်ကြောင်း မြေပြင်ကူညီကယ်ဆယ်နေသည့်...
HomeNewsFootballဂျပန်အားကစားဝတ်စုံလုပ်ငန်း၏ Jogarbola အမှတ်တံဆိပ်နှင့်(၄)နှစ်တာလက်တွဲသွားမည့်...

ဂျပန်အားကစားဝတ်စုံလုပ်ငန်း၏ Jogarbola အမှတ်တံဆိပ်နှင့်(၄)နှစ်တာလက်တွဲသွားမည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ၏ဝတ်စုံနှင့်အသုံးအဆောင်ပစ္စည်းများအတွက် ဂျပန်အားကစားဝတ်စုံလုပ်ငန်း၏ Jogarbola အမှတ်တံဆိပ်နှင့်(၄)နှစ်တာလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လက်တွဲဆောင်ရွက်ရန် နှစ်ဖက်သဘောတူညီမှု MoU လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်၍ မြန်မာ့လက်ရွေးစင် အမျိုးသား/အမျိုးသမီးအသင်းများ၊ ဖူဆယ် အမျိုးသား/အမျိုးသမီး အသင်းများ၊ လူငယ်သက်တမ်းအလိုက် လက်ရွေးစင်အသင်းများ၊ အကယ်ဒမီများသည် Jogarbola အမှတ်တံဆိပ် အားကစားဝတ်စုံနှင့် အသုံးအဆောင်ပစ္စည်းများကို အသုံးပြုသွားကြမည်ဖြစ်သည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင်ကျင်းပလျက်ရှိသည့် AFC Women’s Futsal Asian Cup 2025 Qualifiers အုပ်စု(D)ခြေစစ်ပွဲများတွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အမျိုးသမီးအသင်းသည် Jogarbola ၏ဂျာစီဒီဇိုင်းအသစ်ကို ဝတ်ဆင်ကစားနိုင်ခြင်းမရှိသေးသော်လည်း ကနဦး ဝတ်ဆင်ရန်ထုတ်လုပ်ထားသော ဂျာစီများကိုယာယီအသုံးပြုဝတ်ဆင်၍ ယှဉ်ပြိုင်လျက်ရှိသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ထိုင်းနိုင်ငံမှ အားကစားဝတ်စုံလုပ်ငန်းတစ်ခုဖြစ်သည့် Warrix နှင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ဝတ်စုံစပွန်ဆာအဖြစ် ၆ နှစ်ကြာပံ့ပိုးကူညီပေးရန်လက်တွဲဆောင်ရွက်ခဲ့ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်တွင် TikTok သုံးမရတော့

TikTok ကိုပိုင်ဆိုင်သည့် ByteDance ကုမ္ပဏီက ၎င်းတို့၏ဝန်ဆောင်မှုများကို “ခေတ္တရပ်ဆိုင်း‌ကြောင်း” ကြေညာပြီးနောက် အမေရိကန်ရှိ TikTok အသုံးပြုသူ သန်း ၁၇၀ တို့သည် နာမည်ကြီးဗီဒီယိုမျှဝေသည့်အက်ပ်ကို သုံး၍မရတော့ချေ။ ယမန်နေ့ည ၁၁ နာရီ မတိုင်မီတွင် "ဆောရီး TikTok ကို သုံး၍ မရနိုင်‌တော့ပါ" ဟူသည့် မက်ဆေ့ချ်ဖြင့် အမေရိကန်အသုံးပြုသူများကို နှုတ်ဆက်ခဲ့ပြီးနောက် TikTok ဝက်ဘ်ဆိုက်သို့ ဝင်ရောက်၍မရတော့ခြင်းဖြစ်သည်။ ထို့အပြင် Apple နှင်က Google တို့ကလည်း သူတို့၏ App Store များမှနေ၍ အမေရိကန်နေပြည်သူများ...

ခြေတုလက်တု ပြုပြင်ရန်ှနှင့် အသစ်ပြုလုပ်ရန် လိုအပ်သူ (၂၀၀)ခန့်ကို နယ်လှည့်လုပ်ဆောင်ပေး

ပဲခူးတိုင်း၊ တောင်ငူမြို့အပါအဝင် ရေတာရှည်နှင့် ဆွာမြို့နယ်တို့ရှိ ခြေတုလက်တု ပြုပြင်ရန်နှင့် အသစ်ပြုလုပ်ရန်လိုအပ်သူ (၂၀၀)ခန့်ကို နယ်လှည့်လုပ်ဆောင်ပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းထံမှ သိရသည်။ နယ်လှည့်ဆောင်ရွက်ပေးမှုအား မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ (၁၄) ရက်မှ ဇန်နဝါရီလ (၁၆)ရက်အထိ ဆွာမြို့၊ ရေတာရှည်မြို့နယ်နှင့် တောင်ငူမြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။ ခြေတုလက်တု ဆောင်ရွက်ရာ၌ ဆွာမြို့တွင် အသေးစား ခြေတု၊ လက်တု ပြုပြင်ရန် လိုအပ်သူ(၃၅)ဦး၊ ရေတာရှည် မြို့နယ်တွင် အသေးစားခြေတု၊...

ထိုင်း – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းကာ အွန်လိုင်းငွေလိ–မ်ဂိုဏ်းများ နှိမ်နှင်းရန် သဘောတူ

လတ်တလောရေပန်းအစားဆုံးဖြစ်နေသည့် ထိုင်း - မြန်မာ နယ်စပ်က အွန်လိုင်းငွေလိ--မ်ဂိုဏ်များကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်နှိမ်နှင်းသွားရန် သဘောတူခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ်သတင်းက ဖော်ပြလာသည်။ ဇန်နဝါရီ (၁၇) ရက်က ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းဝေးသို့ မြန်မာနိုင်ငံဘက်က ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီး Prasert Jantararauangtong နှင့် တွေ့ဆုံကာ သဘောတူညီမှုရယူခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ်၏ ဖော်ပြချက်အရ သိရသည်။ ထိုင်း -...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071